နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်မှု (၂၃) ဘီလီယံထက် များနိုင် ၊ တရုတ်မှ တရားမဝင် ငွေလွှဲ (၁၆) ဘီလီယံကျော်ရှိကြောင်း သမ္မတရုံး ထုတ်ပြန်




crd :7daynews
ref : Celebrity club

unicode

နှင်းဆီ ပါတီ လို့ လူသိများ တဲ့ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ပိုင် ဆိုင် မှု ဟာ ၂၃ ဘီလီယံ ထက် မျာ းနိုင်ပြီး တရုတ် နိုင်ငံ က တဆင့် တရားမ ဝင် လွှဲငွေ တင် (၁၆) ဘီလီယံကျော် ရှိတယ် လို့ သမ္မတ ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ် ။

နေပြည်တော် က သမ္မတ အိမ်တော် မှာ ဒီကနေ့ မွန်းလွဲပိုင်း က အထူး သတင်းစ ာရှင်း လင်းပွဲတစ် ရပ် ကျင်းပခဲ့ပြီး နှင်းဆီပါတီ ဥက္ကဋ္ဌ နဲ့ ပက် သက် တဲ့ အကြောင်း တစ်ခု တည်း သာ ရှင်းလင်းခဲ့ တာ လည်းဖြစ်ပါ တယ်။အဲဒီ တရားမဝင်ငွေကြေးတွေ ဟာ ယူနိုက်တက် အမရာဘဏ် နဲ့ ဧရာဝတီ ဘဏ် တို့ မှာဖွင့် ထား တဲ့ ငွေစာ ရင်း အ ကောင့်တွေ ဆီကို ၂၀၁၅ ခုနှစ် အတွင်း လွှဲပြောင် းရောက် ရှိ လာ တယ်လို့ဦးဇော်ဌေး က ဆိုပါတယ် ။ ဒါ့အပြင် အဲဒီဘဏ် နှစ်ခု ကနေ ၂၀၁၅ ခုနှစ်က နေ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ ဘဏ် တိုး ၁၄ ဘီလီယံကျော် ရရှိခဲ့ သလို နှင်းဆီပါတီ အတွက် လည်း ၁၃ ဘီလီယံေ ကျာ် သုံးစွဲခဲ့ တယ်လို့ သိရ ပါတယ်။နှ င်းဆီပါ တီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ သူပိုင်ဘဏ်အ ကောင့် (၂၅)ခု ရှိ သလို သူနဲ့သက် ဆိုင်တဲ့ အကောင့် (၃၄) ခု စုစုပေါင်း ဘဏ်အ ကောင့် (၅၉) ခုရှိနေတာ လည်းဖြစ် ပါ တယ် ။

သက်ဆိုင် ရာ က လုပ်ငန်း လိုင်စင် ထုတ်ပေးမထားပေ မယ့် ချေးငွေထုတ်ချေး တာ၊ ဘဏ်တိုးရ တာတွေ၊ ရင်းနှီးမြှပ်နှံ တာတွေကလည်း ကျပ် ၁၅ ဘီလီယံေ ကျာ်ရရှိခဲ့ တယ် လို့ဦးဇော်ဌေး က ပြောပါတယ်။ဒါ့ အပြင် သူပိုင် ကားအစီး ၃၅ စီး နဲ့ ကျပ်ဘီလီယံ နဲ့ ချီတဲ့ မြေ၊ အိမ်၊ဟို တယ်၊ စားသောက် ဆိုင်စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သမ္မတရုံးက Power Point နဲ့ ပြသခဲ့ပါသေးတယ်။၂၀၁၄ ငွေကြေးခဝါချမှုတိုက်ဖျက်ေ ရးဥပဒေပုဒ်မ ၄၃ အရထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီးပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းဖြစ်ရင် ငွေဒဏ်ကျပ်သန်း ၅ဝဝနဲ့ပိုင်ရှင်ကိုထောင်ဒဏ် ၇ နှစ်ချမှတ် နိုင်တ ယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ နှင်းဆီပါတီဥက္ကဋ္ဌဦးကျော်မြင့်ကို ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ တရားစွဲဆို ထားပြီး မန္တလေးအိုးဘိုထောင်မှာထားရှိတာဖြစ်ပါတယ်။

crd :7daynews
ref : Celebrity club

Add a Comment

Your email address will not be published. Required fields are marked *