ပရိသတ်ကြီးရေ– ချစ်စရာကောင်းတင်မက သရုပ်ဆောင်တာ လည်းကောင်းသလို အနေအေးတဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ အမြဲအချစ်ပိုနေကြရသူလေးဖြစ်တဲ့ အကယ်ဒမီမင်းသမီးချောလေး စိုးပြည့်သဇင် ကို သိကြ ပါတယ်နော်။ စိုးပြည့်လေး ဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို လည်း ပိုင်ဆိုင်ထားပြီး ရိုးရိုးအေးအေးလေးနဲ့ နေလေ့ရှိတဲ့ သူလေးလည်းဖြစ်ပါတယ်။
စိုးပြည့်ဟာ အနုပညာလှုပ်ရှားမှုတွေကို လည်း ဆက်တိုက် ဆိုသလိုမရပ်မနား လုပ်ဆောင်နေတာဖြစ်ပြီး အနုပညာအလုပ်တွေအပြင် အချက်အပြုတ်ပိုင်းမှာရော၊ ဒီဇိုင်းပညာရပ်တွေမှာပါ ထူးချွန်ပြီး မိန်းကလေး ပီပီသသနေလေ့ရှိတဲ့ သူလေးဖြစ်ပြီး အစ်မဖြစ်သူတွေနဲ့အတူ မင်းသမီးပိုးထည်တိုက်ကိုဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်-။
စိုးပြည့်လေး ဟာ အမြဲလိုလို ဝတ်စားဆင်ယင်မှု အပိုင်းမှာလည်း ရိုးရိုးယဉ်ယဉ်လေး နဲ့ နေထိုင်တတ်သူလေးဖြစ် တာကြောင့် အခုဆိုရင်လည်းသူမရဲ့ Facebookစာမျက်နှာမှာ “မ…..လို့ တစ်လုံးထဲပဲခေါ်” ဆိုတဲ့ captionလေး နဲ့ ခရမ်းရောင် ပါတိတ်ဝမ်းဆက်လေးဝတ်ဆင်ကာ ကျက်သရေရှိရှိလှနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ် ။ ကဲ….စိုးပြည့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Credit ; Cele Weekly
Zawgyi :
Credit ; Cele Weekly