မင်းသားချော နေတိုး ဆိုတာ ငယ်စဉ်ကလေးဘဝ ရခိုင်ပြည်နယ် မာန်အောင်မြို့ မှာနေထိုင်စဉ်ကတည်းကိုက အနုပညာကို စွဲစွဲ လန်းလန်း ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။မင်းသား နေတိုး က သီချင်းဗီစီဒီတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ရင်း တဖြည်းဖြည်းနာမည်ကြီးလာခဲ့ရာက ထိပ်တန်းမင်းသား ဆိုတဲ့နေရာကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေတိုးဟာ အသက်လေးဆယ် နီးပါးအရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနေဆဲ ဖြစ်ပါတယ်။
“ မိုးညအိမ်မက်မြူ ”၊ “ နက္ခတ်မှားတဲ့တိုက်ပွဲ ”၊ “ တာတေကြီ း” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုကြီး (၃) ဆုရရှိထားတဲ့ နေတိုးက ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာလည်း Myanmar’s Pride Awards 2019 Winner of Best in Film ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီကနေ့မှာတော့ နေတိုးက မကြာခင် ကျင်းပတော့မယ့် Myanmar’s Pride Awards 2020 နဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။
“ တတိယအကြိမ်မြောက် Myanmar’s Pride Awards 2020 ကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူ ပါတယ်။ Myanmar’s Pride Awards ရဲ့ ထူးခြားချက်ကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ထူးချွန်သူ မြန်မာပြည်ဖွားတွေကို ဖော်ထုတ် ဂုဏ်ပြုနေတဲ့ ဆုပေးအပ်ရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာ နယ်ပယ်( ၆ ) ခုက ” ရွှေမြန်မာတို့ရဲ့ အကောင်းဆုံး ဂုဏ်ယူဖွယ်ရာ ” ထူးချွန်သူတွေကို ဂုဏ်ပြုကြမှာဖြစ်လို့ အချိန်မဆိုင်းပဲ ကိုယ်နှစ်သက်ပြီးလေးစား အားကျရတဲ့ သူတွေကို ဆန္ဒမဲပေးပြီး အားပေးဖို့ တိုက်တွန်းလိုက်ပါတယ် ။” ဆို ပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ပြောလာပါတယ်။
နေတိုးကတော့ Myanmar’s Pride Awards 2019 ဆုကို ရရှိခဲ့ပြီး ဒီနှစ်မှာလည်း နယ်ပယ်အသီးသီးက ထူးချွန်သူတွေ ကို ဆုချီးမြှင့်ပေးအပ်မယ့် Myanmar’s Pride Awards 2020 အတွက် ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source ; Nay Toe’s fb
Credit ; Cele Connections
Zawgyi ;
မင္းသားေခ်ာ ေနတိုး ဆိုတာ ငယ္စဥ္ကေလးဘဝ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕ မွာေနထိုင္စဥ္ကတည္းကိုက အႏုပညာကို စြဲစြဲ လန္းလန္း ဝါသနာပါခဲ့သူတစ္ေယာက္ျဖစ္ပါတယ္ ။မင္းသား ေနတိုး က သီခ်င္းဗီစီဒီေတြမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ရင္း တျဖည္းျဖည္းနာမည္ႀကီးလာခဲ့ရာက ထိပ္တန္းမင္းသား ဆိုတဲ့ေနရာကို ေရာက္ရွိလာခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေနတိုးဟာ အသက္ေလးဆယ္ နီးပါးအရြယ္ေရာက္ရွိေနၿပီျဖစ္ေပမယ့္ အိမ္ေထာင္ေရးကို မစဥ္းစားေသးပဲ ပရိသတ္ေတြအတြက္ မရိုးနိုင္တဲ့ အႏုပညာလႈပ္ရွားမႈေတြကို ခ်ျပေနဆဲ ျဖစ္ပါတယ္။
“ မိုးညအိမ္မက္ျမဴ ”၊ “ နကၡတ္မွားတဲ့တိုက္ပြဲ ”၊ “ တာေတႀကီ း” စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အကယ္ဒမီဆုႀကီး (၃) ဆုရရွိထားတဲ့ ေနတိုးက ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္မွာလည္း Myanmar’s Pride Awards 2019 Winner of Best in Film ဆုကို ရရွိခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒီကေန႔မွာေတာ့ ေနတိုးက မၾကာခင္ က်င္းပေတာ့မယ့္ Myanmar’s Pride Awards 2020 နဲ႔ ပက္သတ္ၿပီး အခုလိုပဲ ေျပာလာပါတယ္။
“ တတိယအႀကိမ္ေျမာက္ Myanmar’s Pride Awards 2020 ကို ကိုယ္စားျပဳခြင့္ရတဲ့အတြက္ ဝမ္းသာဂုဏ္ယူ ပါတယ္။ Myanmar’s Pride Awards ရဲ့ ထူးျခားခ်က္ကေတာ့ နိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းနိုင္တဲ့ ထူးခၽြန္သူ ျမန္မာျပည္ဖြားေတြကို ေဖာ္ထုတ္ ဂုဏ္ျပဳေနတဲ့ ဆုေပးအပ္ေရး အစီအစဥ္တစ္ခုျဖစ္ပါတယ္။ ဒီႏွစ္မွာ နယ္ပယ္( ၆ ) ခုက ” ေရႊျမန္မာတို႔ရဲ့ အေကာင္းဆုံး ဂုဏ္ယူဖြယ္ရာ ” ထူးခၽြန္သူေတြကို ဂုဏ္ျပဳၾကမွာျဖစ္လို႔ အခ်ိန္မဆိုင္းပဲ ကိုယ္ႏွစ္သက္ၿပီးေလးစား အားက်ရတဲ့ သူေတြကို ဆႏၵမဲေပးၿပီး အားေပးဖို႔ တိုက္တြန္းလိုက္ပါတယ္ ။” ဆို ၿပီး သူ႔ရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာကေန ေျပာလာပါတယ္။
ေနတိုးကေတာ့ Myanmar’s Pride Awards 2019 ဆုကို ရရွိခဲ့ၿပီး ဒီႏွစ္မွာလည္း နယ္ပယ္အသီးသီးက ထူးခၽြန္သူေတြ ကို ဆုခ်ီးျမႇင့္ေပးအပ္မယ့္ Myanmar’s Pride Awards 2020 အတြက္ ရင္ခုန္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source ; Nay Toe’s fb
Credit ; Cele Connections