MRTV-4 ကနေ ထုတ်လွှင့်ပြသလျက် ရှိတဲ့ ” မမှီဝဲနဲ့ ကင်းအောင်နေ ” ဇာတ်လမ် းတွဲလေးကတော့ ဇာတ်သိမ်းပိုင် းထိ ပြီးသွားခဲ့ပါပြီပရိသတ်ကြီးရေ — ။ ဒီဇာတ်လမ်းတွဲလေးမှာ ဆောင်း ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်ခဲ့တဲ့ ဝေလာရီ ကတော့ ဇာတ်သိမ်းပိုင်းလေးက အဆင်ပြေပါရဲ့လား လို့ ပရိသတ်တွေကို သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မေးခဲ့ပါတယ် ။
ဝေလာ့ ကို ယုံယုံကြည်ကြည်နဲ့ ဒီလို main character တစ်ခုကို ဖန်တီးဖို့ အခွင့်အရေး ပေးပါသော ချစ်ရတဲ့ ဝေလာ့ရဲ့ ဒုတိယ မိသားစု Forever Group နဲ့ ဒီဇာတ်လမ်းတွဲလေးမှာ ယုံယုံကြည်ကြည် နဲ့ ဆောင်း ဆိုတဲ့ character ကို ပုံဖော်ခွင့်ပေးခဲ့တဲ့ ဆရာ ဦးသီနဲ့ Myanmar Magic Media Production ၊ ဇာတ် စ လယ် ဆုံး တစ်ခန်းမှ မကျန်လေအောင် သွန်သင်ဆုံးမ သင်ပြပြီး မြေတောင်မြောက်ပေးတဲ့ သမီးတို့ ရဲ့ ဆရာ ဒါရိုက်တာ ဆရာ ဦးဟိန်းစိုး နဲ့ အတူ တာဝန်ရှိသူတွေအားလုံးကိုလည်း သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကနေတဆင့် ကျေးဇူးတင်စကားဆိုကာ ရေး သားထားပါသေးတယ် ။
အတူတူတွဲသရုပ်ဆောင်စဉ် ကာလတစ်လျှောက်လုံးမှာ ကိုယ့်ညီမလေးလို ချစ်ခင် ပေးကြတဲ့ စီနီယာ အစ်ကို ကိုသာထက် နဲ့ ကိုကောင်းစစ်သွေး ၊ အနုပညာ ချစ်သူငယ်ချင်းအစ်ကို အစ်မများ နဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ ဇာတ်လမ်းတွဲ ကာလတစ်လျှောက် တစ်ပိုင်းမှ မလွတ်ရလေအောင် Theme Song ပါမကျန် အားပေးကြတဲ့ ကျေးဇူးရှင် ချစ် ပရိသတ်များကို လည်းကျေးဇူးတင်စကား ဆိုထားပါသေးတယ် ။ ဒါ့အပြင် သူမရဲ့ ဆောင်း ဆိုတဲ့ character လေးကို ပရိသတ် ရင်ထဲ အမြဲသတိရနေပေးပါနော် လို့လည်း ေ ဝလာရီက တောင်းဆိုခဲ့ ပါသေးတယ် ။
Credit ; Yaung Chi
Zawgyi ;
MRTV-4 ကေန ထုတ္လႊင့္ျပသလ်က္ ရွိတဲ့ ” မမွီဝဲနဲ႔ ကင္းေအာင္ေန ” ဇာတ္လမ္ းတြဲေလးကေတာ့ ဇာတ္သိမ္းပိုင္ းထိ ၿပီးသြားခဲ့ပါၿပီပရိသတ္ႀကီးေရ — ။ ဒီဇာတ္လမ္းတြဲေလးမွာ ေဆာင္း ဆိုတဲ့ ကာရိုက္တာေလးနဲ႔ ပါဝင္ခဲ့တဲ့ ေဝလာရီ ကေတာ့ ဇာတ္သိမ္းပိုင္းေလးက အဆင္ေျပပါရဲ့လား လို႔ ပရိသတ္ေတြကို သူမရဲ့လူမႈကြန္ရက္ စာမ်က္ႏွာကေန ေမးခဲ့ပါတယ္ ။
ေဝလာ့ ကို ယုံယုံၾကည္ၾကည္နဲ႔ ဒီလို main character တစ္ခုကို ဖန္တီးဖို႔ အခြင့္အေရး ေပးပါေသာ ခ်စ္ရတဲ့ ေဝလာ့ရဲ့ ဒုတိယ မိသားစု Forever Group နဲ႔ ဒီဇာတ္လမ္းတြဲေလးမွာ ယုံယုံၾကည္ၾကည္ နဲ႔ ေဆာင္း ဆိုတဲ့ character ကို ပုံေဖာ္ခြင့္ေပးခဲ့တဲ့ ဆရာ ဦးသီနဲ႔ Myanmar Magic Media Production ၊ ဇာတ္ စ လယ္ ဆုံး တစ္ခန္းမွ မက်န္ေလေအာင္ သြန္သင္ဆုံးမ သင္ျပၿပီး ေျမေတာင္ေျမာက္ေပးတဲ့ သမီးတို႔ ရဲ့ ဆရာ ဒါရိုက္တာ ဆရာ ဦးဟိန္းစိုး နဲ႔ အတူ တာဝန္ရွိသူေတြအားလုံးကိုလည္း သူမရဲ့ ေဖ့ဘုတ္စ္စာမ်က္ႏွာကေနတဆင့္ ေက်းဇူးတင္စကားဆိုကာ ေရး သားထားပါေသးတယ္ ။
အတူတူတြဲသ႐ုပ္ေဆာင္စဥ္ ကာလတစ္ေလၽွာက္လုံးမွာ ကိုယ့္ညီမေလးလို ခ်စ္ခင္ ေပးၾကတဲ့ စီနီယာ အစ္ကို ကိုသာထက္ နဲ႔ ကိုေကာင္းစစ္ေသြး ၊ အႏုပညာ ခ်စ္သူငယ္ခ်င္းအစ္ကို အစ္မမ်ား နဲ႔ ေက်းဇူးတင္ထိုက္သူ အားလုံးကို ေက်းဇူးအထူးတင္ရွိေၾကာင္းနဲ႔ ဇာတ္လမ္းတြဲ ကာလတစ္ေလၽွာက္ တစ္ပိုင္းမွ မလြတ္ရေလေအာင္ Theme Song ပါမက်န္ အားေပးၾကတဲ့ ေက်းဇူးရွင္ ခ်စ္ ပရိသတ္မ်ားကို လည္းေက်းဇူးတင္စကား ဆိုထားပါေသးတယ္ ။ ဒါ့အျပင္ သူမရဲ့ ေဆာင္း ဆိုတဲ့ character ေလးကို ပရိသတ္ ရင္ထဲ အျမဲသတိရေနေပးပါေနာ္ လို႔လည္း ေ ဝလာရီက ေတာင္းဆိုခဲ့ ပါေသးတယ္ ။
Credit ; Yaung Chi