သာထက်ဉာဏ်ဇော် ကတော့ ဒိုက် ဆိုတဲ့ ဇာတ်ရုပ်နဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ပရိသတ်ရင်ထဲ စွဲကျန်စေခဲ့ပြီ–။

Posted on

ပရိသတ်ရင်ထဲမှာ သာထက်ဉာဏ်ဇော် ကတော့ ဒိုက် ဆိုတဲ့ ဇာတ်ရုပ်နဲ့ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲမှာ စွဲထင်ကျန်ခဲ့ပြီ-။ ဒါရိုက်တာ ဟိန်းစိုးရဲ့ အနုပညာ လက်ရာတစ်ခုဖြစ်တဲ့ “ မမှီဝဲနဲ့ကင်းအောင်နေ ” ဇာတ်လမ်းတွဲလေးကတော့ မနေ့က ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ဇာတ်သိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ပညာပေးဒရမ်မာဇာတ်ကားလေးဖြစ်တဲ့အပြင် ဘဝအသိတွေများစွာကိုလည် ပေးစွမ်းနိုင်ခဲ့တဲ့ “ မမှီဝဲနဲ့ကင်းအောင်နေ ” ဇာတ်လမ်းတွဲလေးက ပရိသတ်တွေကြားမှ ာ အောင်မြင်တာထက်ပိုတဲ့ အတိုင်းအတာတစ်ခုကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

အထူးသဖြင့် အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သာထက်ဉာဏ်ဇော်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အတိုင်းထက်အလွန်ရရှိခဲ့ပြီဖြစ်ပြီး သူ့အနေနဲ့လည်း ဇာတ်လမ်းတွဲဇာတ်သိမ်းပိုင်းမှာ ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးတင်လာတာ တွေ့ရပါတယ်။ ” မမှီဝဲနဲ့ကင်းအောင်နေ ” ကို တစ်နိုင်ငံလုံးမှ များကြီးကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေအားလုံးကို ပထမဆုံးအနေနဲ့ ကျေးဇူးများကြီးတင်ရှိပါတယ်ဗျ။ ” ဒိုက် ” ဆိုတဲ့ ဇာတ်ကောင်နေရာကို ယုံကြည်စွာရွေးချယ်ပြီး အခွင့်အရေးပေးခဲ့ကြတဲ့ ကျွန်တော်တို့ Forever Group ရဲ့ သက်ဆိုင်ရာ လူကြီးများ နှင့် ဆရာသမားများအားလုံးကို ဂါရဝပြု ေ ကျးဇူးတင်ပါတယ်ခင်ဗျာ။

မိသားစုလိုရင်းနှီးရပါသော ကျွန်တော် အရမ်းချစ်ရ‌သော Producer ဆရာ ဦးသီ နှင့် မချွင်းမချန် စေတနာအပြည့်ဖြင့် သင်ကြားပေးသော Director ဆရာ ဦးဟိန်းစိုး တို့ကို ထပ်မံ၍ ကျေးဇူးများကြီးတင်ပြီး ဂါရဝပြုပါတယ်။” “ မမှီဝဲနဲ့ကင်းအောင်နေမှာ ” ” ဒိုက် ” ဆိုတဲ့ ဇာတ်ကောင်ကို အဖက်ဖက်မှာ ပေါ်လွင်အောင် စိတ်ရောကိုယ်ပါနှစ်ပြီး အချိန်ရရင်ရသလို သင်ကြားပေး‌သော အဖေ ” ဦးဗေဒါ ” ဆိုတဲ့ သဘာဝမင်းသားကြီး ကိုထူးခန့်ကျော် နှင့် ကိုဝေလု ” ဦးထွန်းသက် ” အစ်ကိုဆိုရင် ရိုက်ကူးရေးအချိန်ရော အပြင် personal ကိစ္စတွေကအစ အကြီးတစ်ယောက်ပီသစွာ ယနေ့ထိကူညီ စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်။

ဇာတ်လမ်းတွဲထဲတွင် ပါဝင်သော အနုပညာရှင် သရုပ်ဆောင်များအားလုံးကို ဂါရဝပြု ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျား” ဆိုပြီး ကျေးဇူးတင်စကားပြောလာပါတယ်။ သာထက်ဉာဏ်ဇော်ကတော့ သူ့ရဲ့ ဇာတ် ရုပ် အပေါ် စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး ကြိုးစား သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်မှုအသီးအပွင့်တွေကို ခံစားနေရပြီပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးကလည်း သာထက်ဉာဏ်ဇော် ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source ; Thar Htet Nyan Zaw’s fb

Credit ; Cele Connections

Zawgyi

ပရိသတ္ရင္ထဲမွာ သာထက္ဉာဏ္ေဇာ္ ကေတာ့ ဒိုက္ ဆိုတဲ့ ဇာတ္႐ုပ္နဲ႔ မမွီဝဲနဲ႔ကင္းေအာင္ေန ဇာတ္လမ္းတြဲမွာ စြဲထင္က်န္ခဲ့ၿပီ-။ ဒါရိုက္တာ ဟိန္းစိုးရဲ့ အႏုပညာ လက္ရာတစ္ခုျဖစ္တဲ့ “ မမွီဝဲနဲ႔ကင္းေအာင္ေန ” ဇာတ္လမ္းတြဲေလးကေတာ့ မေန႔က ဇန္နဝါရီလ (၁၁) ရက္ေန႔မွာ ဇာတ္သိမ္းသြားခဲ့တာ ျဖစ္ပါတယ္။ ပညာေပးဒရမ္မာဇာတ္ကားေလးျဖစ္တဲ့အျပင္ ဘဝအသိေတြမ်ားစြာကိုလည္ ေပးစြမ္းနိုင္ခဲ့တဲ့ “ မမွီဝဲနဲ႔ကင္းေအာင္ေန ” ဇာတ္လမ္းတြဲေလးက ပရိသတ္ေတြၾကားမွ ာ ေအာင္ျမင္တာထက္ပိုတဲ့ အတိုင္းအတာတစ္ခုကို ေရာက္ရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။

အထူးသျဖင့္ အဓိကသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ သာထက္ဉာဏ္ေဇာ္ကေတာ့ ပရိသတ္ေတြရဲ့ အားေပးမႈကို အတိုင္းထက္အလြန္ရရွိခဲ့ၿပီျဖစ္ၿပီး သူ႔အေနနဲ႔လည္း ဇာတ္လမ္းတြဲဇာတ္သိမ္းပိုင္းမွာ ေက်းဇူးတင္ထိုက္သူေတြ အားလုံးကို ေက်းဇူးတင္လာတာ ေတြ႕ရပါတယ္။ ” မမွီဝဲနဲ႔ကင္းေအာင္ေန ” ကို တစ္နိုင္ငံလုံးမွ မ်ားႀကီးၾကည့္ရႈအားေပးၾကတဲ့ ခ်စ္ပရိသတ္ေတြအားလုံးကို ပထမဆုံးအေနနဲ႔ ေက်းဇူးမ်ားႀကီးတင္ရွိပါတယ္ဗ်။ ” ဒိုက္ ” ဆိုတဲ့ ဇာတ္ေကာင္ေနရာကို ယုံၾကည္စြာေရြးခ်ယ္ၿပီး အခြင့္အေရးေပးခဲ့ၾကတဲ့ ကၽြန္ေတာ္တို႔ Forever Group ရဲ့ သက္ဆိုင္ရာ လူႀကီးမ်ား ႏွင့္ ဆရာသမားမ်ားအားလုံးကို ဂါရဝျပဳ ေ က်းဇူးတင္ပါတယ္ခင္ဗ်ာ။

မိသားစုလိုရင္းႏွီးရပါေသာ ကၽြန္ေတာ္ အရမ္းခ်စ္ရ‌ေသာ Producer ဆရာ ဦးသီ ႏွင့္ မခၽြင္းမခ်န္ ေစတနာအျပည့္ျဖင့္ သင္ၾကားေပးေသာ Director ဆရာ ဦးဟိန္းစိုး တို႔ကို ထပ္မံ၍ ေက်းဇူးမ်ားႀကီးတင္ၿပီး ဂါရဝျပဳပါတယ္။” “ မမွီဝဲနဲ႔ကင္းေအာင္ေနမွာ ” ” ဒိုက္ ” ဆိုတဲ့ ဇာတ္ေကာင္ကို အဖက္ဖက္မွာ ေပၚလြင္ေအာင္ စိတ္ေရာကိုယ္ပါႏွစ္ၿပီး အခ်ိန္ရရင္ရသလို သင္ၾကားေပး‌ေသာ အေဖ ” ဦးေဗဒါ ” ဆိုတဲ့ သဘာဝမင္းသားႀကီး ကိုထူးခန႔္ေက်ာ္ ႏွင့္ ကိုေဝလု ” ဦးထြန္းသက္ ” အစ္ကိုဆိုရင္ ရိုက္ကူးေရးအခ်ိန္ေရာ အျပင္ personal ကိစၥေတြကအစ အႀကီးတစ္ေယာက္ပီသစြာ ယေန႔ထိကူညီ ေစာင့္ေရွာက္ေပးတဲ့အတြက္ ေက်းဇူးမ်ားႀကီးတင္ပါတယ္။

ဇာတ္လမ္းတြဲထဲတြင္ ပါဝင္ေသာ အႏုပညာရွင္ သ႐ုပ္ေဆာင္မ်ားအားလုံးကို ဂါရဝျပဳ ေက်းဇူးမ်ားႀကီးတင္ပါတယ္ခင္ဗ်ား” ဆိုၿပီး ေက်းဇူးတင္စကားေျပာလာပါတယ္။ သာထက္ဉာဏ္ေဇာ္ကေတာ့ သူ႔ရဲ့ ဇာတ္ ႐ုပ္ အေပၚ စိတ္ေရာကိုယ္ပါနစ္ၿပီး အေကာင္းဆုံး ႀကိဳးစား သ႐ုပ္ေဆာင္နိုင္ခဲ့တာေၾကာင့္ ေအာင္ျမင္မႈအသီးအပြင့္ေတြကို ခံစားေနရၿပီပဲ ျဖစ္ပါတယ္ ။ ပရိသတ္ႀကီးကလည္း သာထက္ဉာဏ္ေဇာ္ ရဲ့ ေနာက္ထပ္ အႏုပညာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္အားေပးၾကပါဦးလို႔ တိုက္တြန္းလိုက္ပါတယ္ေနာ္။

Source ; Thar Htet Nyan Zaw’s fb

Credit ; Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *