အဆိုတော် ရဲလေး တစ်ယောက် ရည်းစား (၃)ယောက် တစ်ပြိုင်တည်းထားတော့မယ်တဲ့ –

Posted on

အနု ပညာလောကနဲ့ အချိန်အတော်ကြောအောင် အဆက်ပြတ်နေခဲ့ပြီး ခုနောက်ပိုင်း သီချင်းတွေ ပြန်လုပ်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိလာတဲ့ အဆိုတော် ရဲလေးကတော့ သူ့ရဲ့သီချင်းတွေနဲ့ နှင်းဆီအငြိမ့် ကိုပဲ အချိန်ပေးရင်း အနုပညာအလုပ်တွေ ကို လုပ်ဆောင်နေခဲ့တာပါ ။ လတ်တလောမှာတော့ ရုပ်ရှင်ပြန်လည်ရိုက် ကူးတော့မယ်လို့ သိရပါတယ် ။

လက်ရှိမှာတော့ ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးမယ့် သုံးပွင့်ထပ်တေး ဆိုတဲ့ ဇာတ်လမ်းမှာ ယဉ်လတ် ၊ သဲ နန္ဒာစိုး ၊ ဘီလီလမင်းအေး တို့နဲ့အတူ သရုပ်ဆောင်လောကထဲ ပြန်လည် ဝင်ရောက်လာတော့မှာပဲဖြစ်ပါတယ် ။ ဒီတစ်ခါရိုက်ကူးမယ့် ဇာတ်လမ်းကတော့ ရည်းစား သုံးယောက်တစ်ပြိုင်တည်းထားတဲ့ သူငယ်ချင်းတွေအကြောင်းကို သေချာစေ့စေ့ စပ်စပ်လေ့လာပြီး ရေးထားတဲ့ဇာတ်လမ်း ဖြစ်ကြောင်း BoBoFilmProduction က ကိုဆန်းဝင်းဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ တာဖြစ်ပါတယ် ။

ရဲလေး ရဲ့ သရုပ်ဆောင် မှုတွေကို လွမ်းနေကြတဲ့ ချစ်ပရိသတ်ကြီးအတွက်တော့ ခေါင်းဆောင်မင်းသားနေရာကနေ ရည်းစား သုံးယောက်ထားတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရှေ့ကို ရဲလေးတစ်ယောက် ပြန်လည်ရောက်ရှိ လာတော့မှာဖြစ်ပါတယ် ။ ကဲ ပရိသတ်ကြီး ဒီကားလေးကို အရမ်းကြည့် ချင်နေကြပြီလား – စောင့်မျှော်အားပေးကြပါဦးနော် ။

Source  ; San Win Oo
Credit   ; Cele Gabar

Zawgyi ;




Source  ; San Win Oo
Credit   ; Cele Gabar

Leave a Reply

Your email address will not be published. Required fields are marked *