ခင်ရတနာစိုးကတော့ The Voice Myanmar Season-3ရဲ့ First winner တစ်ယောက်ဖြစ်ပြီး နီနီခင်ဇော် Teamမှာ ပါဝင်ခဲ့တာပါ။ Winnerမဖြစ်ခဲ့ပေမယ့် ပရိသတ်တွေရဲ့အသည်း ကိုခြွေနိုင်ခဲ့ပြီး မြန်မာ့ဂီတကို တကယ့်ကိုကျွမ်းကျင်ပိုင်နိုင်တာကြောင့် ပြိုင်ပွဲ ပြီးသွားပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကိုဆက်လက်ရရှိနေသူဖြစ်ပါတယ်။
ဆက်တိုက် ဆိုသလို အနုပညာလှုပ်ရှားမှုတွေမပြုလုပ်ခင် Live saleတွေပြုလုပ်လျက်ရှိတာပါ။ ဒီနေ့မှာတော့ ” ဟိုး ငယ်ငယ်လေးကထဲက မေမေ့ကိုသီချင်းဆိုရင်းပိုက်ဆံရှာပြီး ကန်တော့ခဲ့ပေမယ့် အခုချိန်ထိ အဖတ်တင်တာရယ်လို့ဘာမှ မဝယ်ပေးဖူးသေးဘူး ။ဒီည Live sale လုပ်ရင်းနဲ့ လုပ်အားခလေးစုပြီး မေမေပူဆာနေတဲ့ ခရမ်းဆွဲစိန်နားကပ် ကိုဝယ်ပေးခဲ့တယ် ။
သမီးအတွက် ဒီအချိန်မှာလိုအပ်တာက ကိုယ်ပိုင်သီချင်းနဲ့ ကိုယ်ပိုင်ကားလေးပါ ဒါပေမယ့် အမေ့ရဲ့ဆန္ဒနဲ့ယှဉ်ရင်တော့ ဒါတွေကအရေးမပါပါဘူး ။အရမ်းချစ်တယ်အမေ – သမီးအတွက် အလုပ်အကိုင်အဆင်ပြေဖို့အမြဲဆုတောင်းပေးနေနော် – ပြီးတော့ပွစိပွစိလဲလျော့ပေးဦး– ” ဆိုတဲ့စာလေးနဲ့ မိခင်ဖြစ်သူကို တန်ဖိုးကြီး ခရမ်းဆွဲစိန်နားကပ်လေး ဝယ်ပေးခဲ့ကြောင်း ပြောပြခဲ့တာပါ ။ မိဘအပေါ် သိတတ်လိမ္မာလွန်းတဲ့သူလေး တစ်ယောက်ပါပဲနော်။ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source ; KhinYadanar Soe
Credit ; Cele Khit Thit
Zawgyi ;
Credit ; Cele Khit Thit