မွန်ဘုရင်မကြီး ရှင်စောပု ကိုးကွယ်ခဲ့တဲ့ အောင်သိဒ္ဓိဘုရားများထံ ကို သူမ အမြတ်တနိုးထားတဲ့ လက်ထပ်လက်စွပ် နှစ်ကွင်း လှူဒါန်းခဲ့တဲ့ အိမ့်ချစ်

Posted on

အဆိုတော် ဦးချစ်ကောင်းရဲ့ အနုပညာအမွေတွေကို အလုံးစုံရရှိ ပိုင်ဆိုင်ထားတဲ့ အိမ့်ချစ်ကတော့ ဂီတလောက ရဲ့ နတ်ဘုရားမလေးတစ်ပါးလို့ တောင် တင်စားရလောက်အောင် သူမရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အဆိုတော် အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်အတွင်းကပဲ လက်ထပ်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အလုပ်တွေကိုယ်စီကြောင့် ခင်ပွန်းဖြစ်သူ Ko Eric နဲ့ တစ်ယောက် တစ်နိုင်ငံစီခြားပြီး နေထိုင်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အိမ့်ချစ်ရဲ့ မင်္ဂလာသတင်းအတွက် ဝမ်းသာနေကြပြီး အိမ့်ချစ်ကလည်း သူမကို မြတ်နိုးတန်ဖိုးထားတဲ့ ယောကျာ်းကောင်းနဲ့ တွေ့ဆုံလက်ထပ်ခဲ့ရတာကြောင့် ပျော်ရွှင်စွာနဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အိမ့်ချစ်က သူမတို ့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အမြတ်တနိုး တန်ဖိုးထားရတဲ့ စေ့စပ်လက်စွပ်လေးနှစ်ကွင်း ကို လှူဒါန်းခဲ့ကြောင်း “မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သော အောင်သိဒ္ဓိဘုရားများကို( ၇ ) ကြိမ်မြောက်အိမ် သို့ပင့်ဆောင်ပူဇော်ပြီး ကိုEric နဲ့ အိမ့်ချစ်တို့ရဲ့ စေ့စပ်လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့ပါသည်- နတ်လူသာဓုခေါ်စေသော် ” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင် ဖို့ မျှဝေပေးလာခဲ့ပါတယ်။

အိမ့်ချစ်ကတော့ သူမတို့ ဇနီးမောင်နှံရဲ့ တန်ဖိုးထားမြတ်နိုးရတဲ့ ေ စ့စပ်လက်စွပ်လေးကို ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဆီမှာ လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော် ။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင် တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source ; Eint Chit’s fb

Credit ; Cele Connection

Zawgyi ;

အဆိုေတာ္ ဦးခ်စ္ေကာင္းရဲ့ အႏုပညာအေမြေတြကို အလုံးစုံရရွိ ပိုင္ဆိုင္ထားတဲ့ အိမ့္ခ်စ္ကေတာ့ ဂီတေလာက ရဲ့ နတ္ဘုရားမေလးတစ္ပါးလို႔ ေတာင္ တင္စားရေလာက္ေအာင္ သူမရဲ့ သီခ်င္းေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားနိုင္ခဲ့တာ ျဖစ္ပါတယ္ ။ အဆိုေတာ္ အိမ့္ခ်စ္ကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၀) ခုႏွစ္အတြင္းကပဲ လက္ထပ္ခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ အလုပ္ေတြကိုယ္စီေၾကာင့္ ခင္ပြန္းျဖစ္သူ Ko Eric နဲ႔ တစ္ေယာက္ တစ္နိုင္ငံစီျခားၿပီး ေနထိုင္ေနရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အိမ့္ခ်စ္ရဲ့ မဂၤလာသတင္းအတြက္ ဝမ္းသာေနၾကၿပီး အိမ့္ခ်စ္ကလည္း သူမကို ျမတ္နိုးတန္ဖိုးထားတဲ့ ေယာက်ာ္းေကာင္းနဲ႔ ေတြ႕ဆုံလက္ထပ္ခဲ့ရတာေၾကာင့္ ေပ်ာ္ရႊင္စြာနဲ႔ ၾကင္စဦးအိမ္ေထာင္သည္ဘဝကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ အိမ့္ခ်စ္က သူမတို ့ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ့ အျမတ္တနိုး တန္ဖိုးထားရတဲ့ ေစ့စပ္လက္စြပ္ေလးႏွစ္ကြင္း ကို လႉဒါန္းခဲ့ေၾကာင္း “မြန္ဘုရင္မႀကီးရွင္ေစာပုကိုးကြယ္ခဲ့ေသာ ေအာင္သိဒၶိဘုရားမ်ားကို( ၇ ) ႀကိမ္ေျမာက္အိမ္ သို႔ပင့္ေဆာင္ပူေဇာ္ၿပီး ကိုEric နဲ႔ အိမ့္ခ်စ္တို႔ရဲ့ ေစ့စပ္လက္စြပ္ႏွစ္ကြင္းကို လႉဒါန္းခဲ့ပါသည္- နတ္လူသာဓုေခၚေစေသာ္ ” ဆိုၿပီး သူမရဲ့ ကုသိုလ္ေလးကို ပရိသတ္ေတြ သာဓုေခၚဆိုနိုင္ ဖို႔ မၽွေဝေပးလာခဲ့ပါတယ္။

အိမ့္ခ်စ္ကေတာ့ သူမတို႔ ဇနီးေမာင္ႏွံရဲ့ တန္ဖိုးထားျမတ္နိုးရတဲ့ ေ စ့စပ္လက္စြပ္ေလးကို ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ား ဆီမွာ လႉဒါန္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အိမ့္ခ်စ္ရဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္ ။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္ တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source ; Eint Chit’s fb

Credit ; Cele Connection

Leave a Reply

Your email address will not be published. Required fields are marked *