စိုးရိမ်လွန်းတဲ့ ချစ်သူ မောင် ရဲ့ စကားတစ်ခွန်းကြောင့် ဝမ်းသာရမလို ဝမ်းနည်း ရမလိုဖြစ်ခဲ့ရတဲ့ ရီရီပွင့်ဖြူ

နန္ဒာလှိုင်ရဲ့မောင် သရုပ်ဆောင် မောင်ကတော့ ဗီဒီယို ဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပါပဲ ။ မောင့် လိုပဲ ရီရီပွင့်ဖြူကလည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ နှစ်အတော်ကြာအောင် ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ် ။ လက်ရှိမှာတော့ မောင်နဲ့ ရီရီပွင့်ဖြူ တို့နှစ်ယောက်စလုံးက အနုပညာလောကကနေ လုံးဝအနားယူလိုက်ပြီး Vlog လေးတွေရိုက်ရင်းနဲ့ပဲ ပရိသတ်တွေနဲ့ ထိတွေ့နေကြတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း မောင် နဲ့ ရီရီပွင့်ဖြူ တို့ ရုပ်ရှင်တွေမရိုက်ဖြစ်ကြတော့ေ ပမယ့် သူတို့ရဲ့ သွားလာ လှုပ်ရှားမှုလေးတွေကြည့်ရင်း အရင်အတိုင်း ဆက်လက်ပြီး အားပေးနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ လည်း ပရိသတ်တွေအတွက် Vlog ဗီဒီယို အသစ်လေးတွေ တင်ဆက်ပေးနေတဲ့ မောင် နဲ့ ရီရီပွင့်ဖြူတို့က ဗီဒီယိုတွေမတင်ခင်မှာ သူတို့ရဲ့ နောက်ကွယ်က အမှတ်တရလေးတွေကို ချပြပေးနေတာပဲ ဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း ရီရီပွင့်ဖြူ က ချစ်သူထက်တောင် သက်မဲ့အရာတစ်ခုကို ပိုအရေ းပေးတဲ့ မောင့်ကြောင့် ရယ်ရခက်၊ ငိုရခက်ဖြစ်ခဲ့ရပြီး “ ချစ်တက်လိုက်ပုံများ။ ” လို့ ပြောယူရတဲ့အထိ ဖြစ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

သရုပ်ဆောင်မောင် နဲ့ ရီရီပွင့်ဖြူ တို့ကတော့ ချစ်သူသက်တမ်းတွေကြာလာတာနဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူသမီးရည်းစားဆိုတာထက် သူငယ်ချင်းလိုမျိုး မောင်နှမ လိုမျိုး ပိုပြီး ရင်းနှီးလာခဲ့တာ ဖြစ်ပါတယ် ။ ပရိသတ်ကြီးလည်း မောင့်ရဲ့အပြောကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source ; SEIN PHYO & YI’s fb
Credit ;  Cele Connections

Zawgyi ;




Source ; SEIN PHYO & YI’s fb


Add a Comment

Your email address will not be published. Required fields are marked *