မြောင်းမြမြို့ NLD ပါ တီ​ ထောက်ခံ လှည့်လည်​ပွဲတွင် လိုက်ပါခဲ့သူ အမျိုးသမီးတစ်ဦး အပြင်းအထန် အမောဖောက်






crd : The voice

unicode

ဧရာဝတီတိုင်း​ မြောင်းမြ မြို့ ၌ အောက်​တိုဘာ (၁၅)ရက်​နေ့ က ပြုလုပ်ခဲ့ သည့် NLD ပါ တီ ဝန်းရံ သူများ ၏ အင်အားပြ လှည့်လည် ပွဲ ကို လိုက်ပါခဲ့ သူ အမျိုးသမီး တစ်​ဦး အ မောဖောက် ၍သေဆုံး ခဲ့ကြောင်း ဒေသခံ များထံမှ သိရ သည် ။

မြောင်းမြ မြို့ အမှတ် (၆) ရပ် ကွက် အောင်ဇေယျ (၁) လမ်းနေ အသက် (၅၇) နှစ် အရွယ် အမျိုး သမီး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် နှလုံးရောဂါရှိ သူဖြစ် ကာ အင်အားပြပွဲ သို့ မိသားစုဝင် အချို့နှင့် အတူ နေအိမ် မှ သုံးဘီးဆိုင် ကယ်ဖြင့်ထွက်ခွာ လာစဉ် မြောင်းမြ မြို့ကျွန်းတော တံတားအနီး အ ရောက် တွင် အ မော ဖောက် လာ သဖြင့် ဆက် မလိုက်နိုင်တော့ ဘဲနေအိမ် သို့ပြန် ပို့ရာ နေ အိမ်အ ရောက် တွင်​ သေဆုံးခဲ့ခြင်းဖြစ် သည် ဟု ၎င်းတို ့က ပြော ဆို သည် ။

“အ မော ဖောက်သေဆုံး တဲ့ အတွက် ကိုဗစ် ရောဂါ ရှိ/မရှိ ခရိုင် ကျန်းမာရေး ဌာနက စစ်ဆေး တာမှာ Negative ပါ၊ မစိုးရိမ် ပါ နဲ့ လူစုလူဝေးကို ရှောင်ပြီး mask တပ်ကြပါ “ဟု မြောင်းမြခရိုင် ကိုဗစ် – ၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး​ ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းတင်ထွေး က ပြောကြားသည်။

လူထု ခေါင်း ဆောင် ဒေါ် အောင်ဆန်းစုကြည် ၏ ညွှန်ကြားချက် အတိုင်းလိုက် နာ ၍ လူစုလူ ဝေးဖြင့် လှည်လည် အင်အားပြခြင်း ကို ရပ်ဆိုင်း ပြီး နိုဝင်ဘာ (၈) ရက်နေ့ တွင် မဲပေးခြင်းဖြင့် ဝန်းရံထောက် ခံကြရန် မေတ္တာရပ် ခံကြောင်း NLD ပါတီ ၏ ဗဟို အလုပ်အမှု ဆောင်တစ် ဦးဖြစ် သည့် ဧရာဝတီ တိုင်း အလုပ် အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့် က ပြော ဆို သည် ။

NLD ပါတီ ကိုဝန်းရံ​ ထောက်ခံ ပွဲ တွင်​ လူတစ်​ထောင် ကျော်ရှိ သော ဒေသခံများ က ကား ၊ ဆိုင်ကယ် ၊ ထော်လာဂျီ နှင့် သုံးဘီး ဆိုင် ကယ် များဖြင့်​မြောင်းမြ မြို့​ပေါ်တွင် လှည့်​လည် ​ခဲ့ပြီး မြောင်းမြမြစ် အတွင်း၌  လည်း ကျေးရွာများမှ လာသော ရေယာဉ်မျိုး စုံ အစီး ၂၀၀ ကျော် ဖြင့် အင်အားပြ လှည့်လည်ခဲ့ ကြ​ကြောင်း ဒေသခံ များ အဆို အရ သိရ သည် ​။

crd : The voice

Add a Comment

Your email address will not be published. Required fields are marked *