တရုတ်တို့ရဲ ရှောင်တိမ်းဖို့   ထွက်ပေါက် အကုန်လုံးကို လိုက်လံ ပိတ်ဆို့ ထားပြီး တရစ်ချင်းစီ ဆွဲညှစ် နေသည့် ဒေါ်နယ်ထရန့်

အခွင့်အ ရေး ကို အမိ အရ ဖမ်းဆုပ် နိုင် တာကို Sezing the Opportunity လို့ ခေါ် တယ်…

ဒေါ်နယ်ထရန့် အ နေဖြင့် ကိုဗစ် ကူးခဲ့ရ သည့်နောက် ပိုင်းတွင် တရုတ်အ ပေါ် ကြိမ်းမောင်း မှုများ လျှော့ ချခဲ့သည်… အမေရိ ကန် ရွေးကောက် ပွဲ သို့ ဦး လှည့် သွားခဲ့ သည် ကို ကြည့်  ပြီး နိုင်ငံ တ ကာ ကထရန့် ကို “လေဖင်ခေါင်း ကျယ်နေ သော ခေါင်းဝါ ကြီး”ဟု မှတ် ချက် ချ သည်… တရုတ်ဘက်က တော့ ထိုသို့ မထင် ပဲ သတင်းမှောင် ချကာ စစ်ပွဲ အတွက် ကြိုပြင် ဆင်နေ သည်…

ထရန့် မလွဲမ သွေ တိုက်တော့ မည် ကို သိသည်

ဆီးရီး ယား တွင် အာဆက် နှင့် အတိုက် အခံသူ ပုန် တို့ တိုက် ပွဲဖြစ် နေစဉ် ရုရှား သည် ဆီရီးယား သမ္မတ အာဆက် ဘက် မှ ထောက် ခံသည်  အ ရှေ့ အလယ်ပိုင်း တွင် တစ် ခု တည်းသော ရုရှား တို့ ၏ မဟာ မိတ်ဖြစ် သည့် အတွက် သူပုန် များ ကို ဝင်တိုက် ပေး သည်… အ နောက်ဥ ရောပဘက် မှ ဆီးရီးယား သူပုန် များဘက် မှ စစ်လက်နက် များထောက် ပံ့ပြီး ကျောထောက်နောက် ခံပေးသော် လည်း အာဆက် ကို နန်းမချနိုင် ခဲ့…

ထရန့် သည် ဆီးရီးယား စစ်ပွဲ တင်းမာ နေချိန်တွင် လက်ပိုက်ကြည့်နေခဲ့သည်… အေးလောက်ပြီး အချိန် ၂၀၁၇ ဧပြီ၁၄ရက်တွင် ရုရှားရေတပ် တို့ အခြေစိုက်ထားသည့် ဆီးရီးယား ဆိပ်ကမ်းကို ကျော်ကာ တိုးမားဟော့ခ် ဒုံးကျည် အတွဲလိုက်ပစ်သွင်းပြီး Putinကို ခြိမ်းခြောက်ပြခဲ့ သည်…

ဟော်မုခ်ရေ လက်ကြားတွင် ရန်စွာနေသော အီရန်သည် တရုတ်တို့နှင့် 5Gကွန်ယက်ဆက်သွယ်ပြီး ရေနံစိမ်းများကို တရုတ်နိုင်ငံကို တင်ပို့နေချိန်ဖြစ် သည်…ကမ္ဘာ့ရေနံတင်သဘောင်္များ ဟော်မုခ်ရေလက်ကြားကို ဖြတ်သန်းချိန်တွင် အီရန်တော်လှန်ရေးအစောင့်အဖွဲ့များ ဆက်ကြေး တောင်းမှု၊ မရလျှင်ထို သဘောင်္ကြီးများကို အပိုင်သိမ်းပြီး အခွံကြီးသက်သက် ပြန်လွတ်တာ၊ တချို့ရေနံတင်သဘောင်္များကို မီးရှို့ဖျက်ဆီးတာတို့ လုပ် ခဲ့သည်…

၂၀၁၉ခုနှစ် စက်တင်ဘာ ၁၄ ရက် တွင် ဆော်ဒီအာရေဗျ ရှိ ရေနံသို လှောင်ရုံ များ Drone များဖြင့် တိုက်ခိုက် ခံရပြီး ဟူသီ သူပုန် များက ၎င်းတို့ လက်ချက်ကြောင့် ဟု ထုတ်ဖော်ပြော ခဲ့သော် လည်း US နှင့် ဆော်ဒီ တို့ က အီရန် လက် ချက် ဟု စွပ်စွဲ ခဲ့ သည် … ၂၀၁၉ ဒီဇင်ဘာ တွင် US ၏ သန်းရာကျော် တန် သည့် Drone ပစ် ချ ခံ ရပြီး အီရန်တော် လှန်ရေး အစောင့် အဖွဲ့ ICRGက ၎င်းတို တိုက်ခိုက် မှုကို ဝင့်ကြွား ခဲ့ သည်… ICRG အဖွဲ့ ၏ operation ကို ဦး ဆောင် နေ သူ မှာ Quds Force အဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ကြီး ကာဆမ်ဆူ လေမန်နီ ဖြစ်သည်… Drone ဖျက် ဆီး ခံ ရပြီး Trumpက အီရန် ကိုတိုက် ရန် အမိန့်ပေး ခဲ့ပြီး ထွက် ခွာခါနီးမှ အမိန့် ကို ပြန် ရုတ် သိမ်း သည် ။

ထို အစား စွာနေ သော စစ်ခေါင်းဆောင် ကို သုတ်သင် လိုက်ခြင်း က ထိရောက် မည် ကို မြင်သည်… အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာခါမေနီ ပြီး လျှင် ဒုတိယ ဩဇာ အကြီး ဆုံး မှာ Quds Forceခေါင်း ဆောင် ဗိုလ်ချုပ် ကြီး ကာဆမ်ဆူလေနီ ဖြစ်သည်… အမေရိကန် ၏ အရှေ့အလယ် ပိုင်း အရေး တွင် ဒုက္ခအ ပေးဆုံးဖြစ်သည်… ၂၀၂၀ ဇန်နဝါရီ ၃ ရက် တွင် အီရတ် နို င်ငံဘဂ္ဂဒတ် သို့ ရောက်ရှိေ န ချိန် လေဆိ ပ် မှ လာရာလမ်းတွင် အမေရိကန်၏ ငရဲပန်းဒုံးက လိပ်စာအတိအကျဖြင့် သုတ်သင်ပစ်လိုက်သည်…

ထရန့် သည် ပြဿနာ ကို ကိုင်တွယ်ရာတွင် အထိရောက်ဆုံး၊ ကုန်ကျစရိတ်သက်သာသည့်နည်းလမ်းကို ရွေးပြီး ဖြေရှင်းသည်… ခေါင်ကို ဖြိုခြင်းဖြင့်အသံ တိတ်သည့် နည်းလမ်းကို ရွေးသုံးသည်မှာ ၎င်း၏ ပေါ်လစီဖြစ်သည်…

ကိုဗစ်ကူးစက်ပြီးနော က် အပြင်း အထန် နာမကျန်းဖြစ်မှုကို ကာကွယ်ဆေးမပေါ်သေးတဲ့အချိန်မှာ Trumpဟာ သူအမြဲ tip ပေးနေတဲ့ Remdesivir ဆေး နဲ့ ကုသ ပြီး အမြန်ပြန် လည်ကောင်းမွန်လာခဲ့တယ်… အသက်၇၄နှစ်အရွယ် Trumpဟာ ကိုယ်အလေးချိန်ပေါင် ၂၄၇ရှိတဲ့ အတွက် စိုးရိမ်တဲ့ အုပ်စုကြားထဲမှာရှိပေမယ့် ၃ရက်နဲ့ စစ်ဆေးရုံမှာကုသခံပြီး အခုတော့ အိမ်ဖြူတော်မှာ နေထိုင်ပြီး သူရဲ့အလုပ်တွေကို ပြန် လုပ်နေခဲ့သည်…တစ်ဖက်လှည့်ဖြင့် advertisements လုပ်ခဲ့သည့် Veklury ဆေးဖြစ်တဲ့ Remdesivir ဟာ ခုဆိုရင် အဝယ်လိုက်လာခဲ့ ပြီး ဆေးပြတ် လပ်မှုတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေတယ်…

ဥရောပကော် မရှင် က အောက်တိုဘာ ၈ရက်နေ့မှာ Remdesivir ဆေး ၅သိန်းဝယ် ယူဖို့ ဆေးထုတ် လုပ်တဲ့ Gileadဆေးကုမ္ပဏီ နဲ့ စာချုပ်ချုပ် ဆိုခဲ့ကြောင်း သိရ သည် …

Covid-19 ကာကွယ်ဆေး စမ်းသပ် မှုနောက်ဆုံး အဆင့် ကို ရောက်နေ တဲ့ အမေရိကန်ဆေးဝါးကုမ္ပဏီေ တွကတော့ Moderna, Pfizerနဲ့ Johnson& Johnsonတို့ ပါဝ င်နေတယ်… အမေရိကန်ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန်မှာ သူကတိပေးထားတဲ့အတိုင်း ကိုဗစ်ကာကွယ်ဆေး ကို ထုတ် နိုင်မယ်လို့ အသက်နဲ့ရင်းပြီး သက်သေပြလိုက်ပြီးဖြစ်တယ်… Trumpကတော့ ပြဿနာကြားထဲမှာ ကိုယ့်အတွက်ရအောင်ဖ န်တီးပြီး (Swim with the tide)လုပ်ဆောင်ခဲ့တာကို တွေ့ ရတယ်…

၂၀၂၀ခု နှစ်ဧပြီလကတ ည်းက အီဘိုလာရောဂါကာကွယ်ေ ဆးအဖြစ်သုံးတဲ့ Remdesivirနဲ့ ကို ဗစ်ရောဂါက ပြန်လည်ကောင်းမွန်သူတွေကနေ သွေးရည် ကြည်ကိုထုတ်ယူပြီး အသုံးပြုတဲ့ ကုထုံးက တကယ်ကို ထိေ ရာက်ကြောင်း ပညာရှင်တွေ ကလည်း လက်ခံပြီးဖြစ်တယ် …

ရွေးေ ကာက်ပွဲမတိုင်မီ ကိုဗစ်ကာကွယ်ဆေးကို အချိန်မှီ ထုတ်နိုင်ဖို့ ရှိတဲ့အကြောင်း Trumpရဲ့ ပြောကြား ချက်တွေ မှန်ကန်လာပြီး၊ ခုဆိုရင် ရောဂါပိုးကူးစက် နှုန်းများပြားလာလို့ Trumpရဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးကို စိတ်ကုန် လာနေတဲ့ အမေရိကန်ပြည်သူ လူထုတွေ စိတ်ပြန်လည် လာ ကြ ပြီးဖြစ် တယ် …

China Virusလို့ ပြစ်ပြစ် နှစ်နှစ် ဝေဖန်ခဲ့ တဲ့ Trump အ တွက် တရုတ် အစိုးရ အပေါ် USလူထု တွေ မုန်းတီးနာကြည်း စိတ် တိုး လာသလို၊ တရုတ် နဲ့ လိုက်လျောညီထွေ လုပ် တတ်တဲ့ ပြိုင်ဘက် Biden ကို လည်း နှပ်ပစ် ရာရောက် ခဲ့ တယ် …

ခဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက် သလိုပဲ…

တရုတ် ကို နင်းချေ လာမည့် မဟာဗျူဟာ လမ်းကြောင်းနှ စ်ခု…။

တရုတ် တို့ အပေါ် ခေါင်းစဉ် ကောင်းရှာနေသည့် Trumpအနေဖြင့် ထိုင်ဝမ်ကျွန်းဆွယ်အရေးကို မီးထိုးပြီး တရုတ်ပြည်မကြီးမှ ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံတစ်ခုအနေဖြင့် ဆွဲထုတ်မည်ဆိုလျှင် Chinaသည် မလွဲမသွေစစ်တိုက်လိမ့်မည်…

ထိုင်ဝမ် သမ္မတဆိုင် အင်ဝမ်ကလည်း နိုင်ငံကို တရုတ်ပြည်မကြီးမှ ခွဲထွက်ချင်နေပြီး ဒီမိုကရေစီနိုင်ငံတစ်ရပ်ဖြင့် သွားရောက်လိုသည့် ဆန္ဒရှိခဲ့သည်… ကုလသမဂ္ဂအဖွဲ့ဝ င်နိုင်ငံအဖြစ် ထိုင်ဝမ်ကို ဆွဲတင်လိုက်မည်ဆိုလျှင်ပွတ်လောရိုက်ပြီး  သခွတ်ပင်က မီးတကျည်ကျည် ဖြစ်လာေ ပလိမ့်မည်…

ထိုင်ဝမ်အေ နဖြင့် တရုတ်တိုက်လေ ယာဉ်များ နယ်နိမိတ်ကို ကျော်လွန် ပြီး ထိုင်ဝမ်လေေ ကြာင်းပိုင်နက်အတွင်းသို့ ချည်းကပ်လာမှုကို အကြိမ်ကြိမ် သတိပေး မောင်းထုတ်ခဲ့ပြီလည်း ဖြစ်သည်… ထိုင်ဝမ်အနေဖြင့် ဖြူတစ်ေ ကာင်လို ကျင့်သုံးလာမှ သာ ခြင်္သေ့၏ အစား မခံရမှာကို သတိထားသုံးသပ်နေပြီး ကာကွယ်ရေးစွမ်းရည် ကို တိုးမြှင့် ထားသည်…

အောက် တိုဘာလ၁၀ရက်နေ့တွင် ကျရောက်သည့် ထိုင်ဝမ်အမျိုးသားနေ့အတွ က် တရုတ်အစိုးရသည် နိုင်ငံ တကာကို သတိပေးဆော်ဩနေသည်… ဘေ ဂျင်းနှင့် သံတမန်ဆက်ဆံရေးရှိထားသော  နိုင်ငံအားလုံးသည်တရုတ်တစ်နိုင်ငံ တည်း မူဝါဒ (One China Policy)ကို လက်ခံပါ မည် ဆိုသည့်အချက်ကို ခိုင်မာလိုက်နာသင့်သည်ဟု ပြောဆိုထားသည်…

မီးစတစ်ခု လွင့်စဉ်လာနိုင်သည်…

ယခုအချိန် တွင် Trumpသည် ကြားခံနိုင်ငံတစ်ခု ကို ရှာနေချိန်ဖြစ်သည်…နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နှင့် ကာကွယ်ရေးဝန်ကြီး Mark Esperတို့ကလည်း ခြေလှမ်း သွက်သွက်ဖြင့် စနည်းနာနေကြသည်…

အောက်တိုဘာလ၅ ရက်နေ့က Mike Pompeo ၏ ဂျပန်ခရီးစ ဉ်တွင် Quad Alliesအဖွဲ့ ဝင်နိုင်ငံများနှင့် အင်ဒို–ပစိဖိတ်မူဝါဒကို ဆွေးနွေးပြီးတရုတ်တို့ ၏ သမုဒ္ဒရာနှစ်စင်းအိပ် မက်ကို မူလီကြပ်သည်…

Ladakh ဒေသရှိ မဟာဗျူ ဟာမြောက် Pangong Tso ရေကန်ကြီး တစ်လျှောက်ရှိ တောင်ဘက် ပိုင်းတွင် တရုတ်နဲ့အိန္ဒိယတပ်တို့ ထိပ်တိုက်တွေ့နေသည်.. အိန္ဒိယ စစ်သားများက ထိုဒေသတစ်လျှောက်တွင် အခို င်အမာတပ်စွဲပြီး စစ်ရေး အခြေစိုက်စခန်းများ တိုးချဲ့လျှက်ရှိသည်…

ဇွန်လမှာ ကတည်းက ဂယ်လ်ဝမ်တောင်ကြားဒေသတွင် နှ စ်ဖက်လက်နက်ကိုင်တပ်များ တင်းပုတ်၊ ဆူးပါသော တုတ်များဖြင့် သတ်ပုတ်ကြပြီး အိန္ဒိယ ဘက်မှ ၂၀ကျော်သေဆုံးခဲ့ပြီး တရုတ်တို့ဘက်ကလည အရေ အတွက်မသိ သေဆုံးခဲ့ရပြီး ဖြစ်တယ်…

စက်တင်ဘာလ မှာ ရုရှားနိုင် ငံမော်စကိုမြို့မှာ နှစ်ဖက်နို င်ငံခြားရေးဝန်ကြီးတွေေ တွ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို တည်ဆောက်ဖို့ သဘောတူညီခဲ့ကြတယ်…နျူကလီယားလက်နက်ပို င်ဆိုင်တဲ့ နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တ ရုတ်တို့အကြား ဆယ်စုနှစ်ချီ အမြဲတမ်းတကျက် ကျက်ြ ဖစ်နေတဲ့အထားဟာ ခုဆိုရင် စစ်မီးပွားဖို့ အမျိုးသားရေးဝါဒီသမားဖြစ်တဲ့ Modi အနေနဲ့ နှောင့်နှေးနေဟန်မရှိဘူး …

စစ် အင်အား အနေနဲ့ ၃နဲ့ ၄၊ လူဦးရေအားဖြင့် မတိမ်းမယိမ်းရှိပြန် တရုတ် ဟာ ကိုဗစ်စပြန့်တဲ့ေ ဒသဖြစ်ပြန် အခုဆိုရင် အိန္ဒိယမှာ  ကိုဗစ်ကူးစက် သူ ၆သန်းခွဲနဲ့ သေဆုံးသူတစ်သိန်းကျော် လာ တဲ့ အနေအထား အတွက် မိုဒီဒေါသ ထွက်မယ် ဆိုရင် ထွက်လောက်တယ်…

အိန္ဒိယ ဘက်က နေ စစ်မျက်နှာနှစ်ဖက် ဖွင့်တိုက် ဖို့ အသင့်ပြင် ထား ဟန် တူ သည်…ကုန်းတွင်းပိုင်း လာဒက်ရှ် ဒေသ(Ladakh) မှာသာမက အိန္ဒိယ သမုဒ္ဒရာပိုင်း မှာ ပြင်ဆင် ထားတယ်… အိန္ဒိယလေတပ် စစ်ဦးစီးချုပ်  ဗိုလ်ချုပ် ကြီးR.K.S Bhadauria က “စစ်မျက် နှာနှစ်ဖက်ဖွင့် တိုက်ပွဲ အပါအဝင် ဘယ်သမာရိုးကျစစ်ပွဲကိုမဆို ဆင်နွဲဖို့ အိန္ဒိယလေတပ်အေ နနဲ့ အသင့်ရှိနေကြောင်း၊ လက်တေ လာခြိမ်းခြောက်မှု နဲ့ အန္တရာယ် ရှိနေတဲ့ အနေအထား ကို တုန့်ပြန် ဖို့ အိန္ဒိယ လေတပ် ကို တိုက်ခိုက်ရေး စွမ်းရည် အဆင့်နဲ့ အသင့် ရှိနေေ ရး အမြဲတမ်းအလေးထား လုပ်ဆောင်ေ နကြောင်း” ပြောကြားထားတ ယ် …

နိုဝင်ဘာလ ၁၇ ရက်ေ န့တွင် ရုရှားနိုင်ငံ၌ကျင်းပမ ည့် XII BRICSထိပ်သီး အစည်းအဝေးတွင် အိ န္ဒိယဝန်ကြီးချုပ်နာရိန် ဒရာမိုဒီနှင့် တရုတ် သမ္မတရှီကျင့်ဖျင် တို့ တက်ရောက်ေ ဆွးနွေးမည်ဖြစ်သည်… ရုရှား၊ အိန္ဒိယ ၊ တရုတ်၊ ဘရာဇီးလ်နှင့်ေ တာင်အာဖရိက ၅ နိုင်ငံပါဝင်ေ သာ BRICSတွင် အိန္ဒိယ နှင့် တရုတ်ခေါင်းဆောင် တို့ Ladak hဒေသစစ်ရေးတင်း မာမှုကို အဓိကထားဖြေရှင်းရဖွယ် ရှိသည်…အိန္ဒိယ ဘက်က ရှေ့ကိုတိုးနေပြီး တရုတ် ဘက် က US ပါဝင် လာမည့်အရေး ကို စိုးလန့်နေ ဟန် ရှိ သည်…

အိန္ဒိယ သည် တရုတ် ၏ BCIM လမ်းကြောင်း ကို ဖျက်ပစ် သကဲ့သို့ တရုတ် ၏ မဟာဗျူဟာ စီမံကိန်းဖြစ် သည့် BRI ကို တန်ပြန် နိုင်ရန် ၂၀၁၈ အောက်တို ဘာ၂၂ရက် ကတည်း က မြန်မာ အစိုးရနှင့် ဒေါ်လာ ၄၈၄ သန်းတန် ဘက်စုံ သုံး ကုလားတန်မြစ်ဝှမ်း စီမံကိန်း ကို လက်မှတ်ရေး ထိုးလုပ်ဆောင်ခဲ့သည်…၂၀၁၈ ဒီဇင်ဘာ  ၁၂ရက်တွင် အိန္ဒိ ယသမ္မတနာဗက် ကိုဗစ်နှင့် မြန်မာသမ္မတ ဦးဝင်းမြင့်တို့ G  to G MoUထိုး ခဲ့ သည် …

တရုတ် ၏ အိန္ဒိယ သမုဒ္ဒရာ ထွက်ေ ပါက်ဖြစ်သည့် ကျောက်ဖြူ စီမံကိန်းနှင့် အိန္ဒိယ ၏ ကုလား တန်မြစ်ဝှမ်းစီမံကိ န်းသည် အပြိုင်ဖြ စ်နေ ပြီး တရုတ် တို့ အတွက် မျက်စိစပါးမွှေးစူးလာစေခဲ့သည်… တရုတ်စီမံ ကိန်းကို မုန်တီးရွံရှာနေသော မြန်မာပြည်သူလူ ထုအတွက် အိန္ဒိယစီမံကိန်း သည် အပေးအယူ လုပ်ရ သည်မှာ သင့်တော်မျှ တနေ သည် …

အချောင်ရနေ သာ တရုတ် တို့အတွက် အရပ်သား အစိုးရ နှင့် အပေး အယူ လုပ် ရမည့် အစား ၎င်း၏ရ င်ခွင် ပိုက် မြောက်ပိုင်း မဟာမိတ်အဖွဲ့ မှ AA ကို လိုင်ဇာ မှ ရခိုင် သို့ ဆွဲချလာ ကာ အိန္ဒိယ ၏ စီမံကိန်း ကို ရပ်တန့်ေ အာင် စစ် ကစားခိုင်း ခဲ့ သည် …

ICJနှင့် ချုံငြိနေ သော မြန်မာ စစ်တပ်ဘက် မှ လည်း ၎င်းတို့ အတွက် ဗီတိုအာဏာ သုံးပြီး ဖြေရှင်းပေးေ သာ တရုတ် အစိုးရ အတွက်သာမက အာဏာ လက်မလွတ်ရရေးအ တွက် ရခိုင်ဒေ သကို စစ်တ လင်းဖြစ်အောင် ကစားရင်ြးေ ခလွန်၊ လက်လွ န်ဖြစ်လာပြီး နှစ်ဖက်တပ်များ ရပ်ဖို့ လမ်းမမြင်…

ဂျပန် ၊  အိ န္ဒိယနှင့် တောင်ကိုရီးယား လုပ်ငန်းစုများလည်း အလုံးအရ င်းဖြင့် ဝင်ရောက်ရင်းနှီးမြုပ်နှံလာသည့်အ တွက် မြန်မာအစိုးရအနေဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ဖြစ်သည်…

NYDC လို့ ခေါ်တဲ့ ရန်ကုန်မြို့သစ်စီမံကိ န်းဖွံ့ဖြိုးရေးကုမ္ပဏီက ရန်ကုန်မြ စ်အနောက်ဘက်ကမ်းမှာြ မို့ပြတည်ဆောက်မှုစီ မံကိန်းကို ယခင်က  တရုတ်အစိုးရပိုင် CCCCကုမ္ပဏီတစ်ခုတည်းနဲ့ ပူးပေါင်းလုပ်ေ ဆာင်ထားပြီး ဖြစ်ပေမယ့် စက်တင် ဘာလမှာ နိုင်ငံတကာရင်းနှီးမြုပ်နှံသူတွေကို ပွင့်လင်းမြင်သာမှုရှိအောင် လို့ တင်ဒါခေါ် လေလံပစ်ဖို့ ဂျာမနီကုမ္ပဏီ Roland Bergerကို ငှါးရမ်းလိုက်ပြီးဖြစ်တယ်…

NYDC ဟာ မြေဧကပေါင်း ၂၀၀၀၀ကျယ် ဝန်းတဲ့ ရန်ကုန်စက်မှုဇုံစီမံကိန်းကိုအကောင်အထ ည်ဖော်နေတယ်…အမေရိ ကန်ရဲ့ နာမည်ပျက်စာရင်းသွ င်းခံရတဲ့ CCCCကုမ္ပဏီဟာ မလေး ရှားမှာဖောက်လုပ်တဲ့ တရုတ်ရဲ့ BRI စီမံကိန်းရထားလ မ်းကို တာဝန် ယူ လုပ်ကိုင်နေတယ် …

တရုတ်  ရဲ့အောက်ဖဲကို  လှန်နေတဲ့ မြန်မာအစိုးရအပေါ်   တရုတ်ဘက်က အောင့်သက် သက်နဲ့ြ ကည့်နေရပြီြး ဖစ်တယ်…ေ ဘာင်အတွင်းကနေ လုပ်ဆောင်နေတာ ကို လက်တုံ့ ပြန်ချင်ပေမယ့် အမေရိကန်ရဲ့ စောင့်ကြည့်ေ နတာကြောင့် အရင် ကလို ထင်ရာမစိုင်းရဲဘူး…

အိန္ဒိယဘ က်ကလည်း  ဒါကိုအကဲခတ်ပြီး အရှေ့မျှော်ဝါဒ(Look East) ကနေ Act  Eastကို ခြေမြန်လက်ြ မန် ရွေ့လာတယ်… အောက်တိုဘာ၅ရက်ေ န့မှာပဲအိန္ဒိယနိုင်ငံခြားအတွ င်းဝန် Harsh Shringla နဲ့ အိ န္ဒိယစစ်ဦးစီးချုပ်(ြ ကည်း) MM Naravane တို့ မြန်မာ နိုင်ငံကို လာရောက် ခဲ့ကြသည်… စစ်တွေဆိပ်ကမ်း တိုးချဲ့ ဖို့ အိန္ဒိယအစိုးရဘက်က မြန်မြန်အပြီးသတ်နိုင်ဖို့ လော်ဆော်နေတယ်…

စစ်တွေ ဆိပ်ကမ်းဟာ ကုလားတန်မြစ်ဝှမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်နေပြီးမီဇိုရမ်မှတစ်ဆင့် စ စ်တွေကို ကုန်စည်ပို့ဆောင်ရေးအတွက် ချိတ်ဆက်အသုံးပြုမည်ဖြစ်သည်… ကိုဗစ်ရော ဂါကုသဆေး Remdesivir ထိုးဆေးအလုံး ၃၀၀၀ ကျော်အား နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား လွှဲပြောင်းပေးအပ်ခဲ့သည်…

တရုတ်တို့ ၏ ထွက်ပေါက် မှန်သမျှကို လိုက်လံပိတ်ဆို့နေပြီးတရစ်ချင်း ဆွဲညှစ်နေသည့် Donald Trump ၏ မျ က်စိထဲတွင် ငြောင့်မစူးမိဖို့ …ငါးမရလျှင် ရေချိုးပြ န်တတ်သည့် Trump၏ တစ်ဇွ တ်ထိုးလုပ်တက်သည့် စရိုက်အရ အကဲဆက်သည့် အနေအထားတွင် ဆူလေမန်နီလို လက်စွပ်တစ်ကွ င်းအစား ချည်မန်းကြိုးသာ ကျန်နိုင်သည်…

Written  by:
A.M.H (Irony)  လေးစားစွာ ခရက်ဒစ် ပေးပါသည်။

ref:Knight news

Add a Comment

Your email address will not be published. Required fields are marked *