မာလကာရွက် ရဲ့ အသုံးဝင်ပြီး ကောင်းကွက်များ

မာလကာ သီးမှာ vitamin A, C, Potassium, နဲ့ fiber ဓာတ်တွေပါဝင်လို့ အာဟာရ ဓာတ်ပြည့်ဝတဲ့ အသီးအဖြစ် ညွှန်းဆိုကြပါတယ်။ ဒါပေမဲ့ မာလကာရွက်မှာလည်း ကောင်းမွန် ထူးခြားတဲ့ ဓာတ်တွေ ပါဝင်နေတယ် ဆိုတာကို သတိထားမိပါသလား။ အောက်ဖော်ပြပါ (၁၇) ချက်ကတော့ မာလကာရွက်ရဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။

မာလကာ ရွက်

၁။ ကိုယ်အလေးချိန် လျော့စေပါတယ်။ လက်ဖက်ခြောက်လို ခတ်သောက်လို့ရတဲ့ မာလကာရွက် ရေနွေးကြမ်းက အစာ ခဏခဏ စားချင်စိတ်ကို ထိန်းပေးလို့ ကိုယ်အလေးချိန် လျှော့ချချင်တဲ့ သူတွေအတွက် အထူး သင့်လျော်ပါတယ်။

၂။ မာလကာရွက် ခတ်ထားတဲ့ ရေနွေးကြမ်းကို ပုံမှန် သောက်သုံးပေးခြင်းဖြင့် ဆီးချိုဝေဒနာကို သက်သာစေပါတယ်။

၃။ အဲဒီမာလကာရွက် ရေနွေးကြမ်းက ကိုလက်စထရော (cholesterol) ကျစေဖို့ အထောက်အကူ ပြုပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေကိုပဲ ဖယ်ထုတ်တာဖြစ်ပြီး အကျိုးပြုတဲ့ ကိုလက်စထရော ကိုတော့ ချန်ထားပါတယ်။

၄။ မာလကာရွက် ရေနွေးကြမ်းက ဝမ်းပျက် ဝမ်းလျှောနဲ့ ဝမ်းကိုက် ရောဂါတွေကိုလည်း သက်သာစေပါတယ်။ ဘာလို့လဲ ဆိုတော့ မာလကာ ရွက်က မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်လို့ ဖြစ်ပါတယ်။

၅။ ထိုနည်းတူစွာ ၎င်းရေနွေးကြမ်းက အစာအိမ်အောင့်ခြင်းနဲ့ အစာ အဆိပ်သင့်ခြင်း တို့ကိုလည်း သက်သာစေပါတယ်။

၆။ မာလကာရွက်ကို စားခြင်းဖြင့် လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို ပျောက်ကင်း စေနိုင်ပါတယ်။

၇။ မာလကာရွက်ကို ဝါးစားပေးရင် ခံတွင်းနာခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်းတွေကိုလည်း သက်သာ စေပါတယ်။

၈။ မာလကာရွက် ရေနွေးကြမ်းက သာမန် အဖျားရောဂါတွေကို ကုသနိုင်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ မာလကာရွက် ကိုးရွက်ခန့်ကို ရေငါးခွက်စာထဲမှာ ထည့်ပြုတ်ပြီး သောက်ပါက အအေးမိ ကူးစက်ခြင်းကို သက်သာစေပါတယ်။

၉။ မာလကာရွက် ရေနွေးကြမ်းက ယောကျာ်းအားကိုလည်း တိုးစေပါတယ်။

၁၀။ ထိခိုက်ရှနာပွန်းပဲ့ ဒဏ်ရာတွေ အပေါ်မှာလည်း မာလကာရွက်ကို ချေပြီးအုံရင် ပျောက်ကင်း စေပါတယ်။

၁၁။ ပိုးကြောင့်ဖြစ်တဲ့ နားရောဂါများကိုလည်း အအေးခံထားတဲ့ မာလကာရွက် ရေနွေးကြမ်းကို နားထဲ အစက်ချ ပေးလျှင် သက်သာစေပါတယ်။

၁၂။ ဓာတ်မတည့်လို့ ဖြစ်တဲ့ အရေပြား ယားနာတွေကိုလည်း မာလကာရွက် ချေပြီး အုံရင်များစွာ သက်သာစေပါတယ်။

၁၃။ ချေထားတဲ့ မာလကာရွက် ကလည်း ပိုးကောင် ကိုက်ထားတဲ့ အဖုအပိမ့်တွေ၊ အနာတွေကို သက်သာစေပါတယ်။

၁၄။ ဒါ့အပြင် မာလကာရွက်ကို ညက်အောင်ထောင်းပြီး ဝက်ခြံဖုတွေ အပေါ်မှာ အုံပေးရင် ဝက်ခြံကို ကုသ ပေးနိုင်ပါတယ်။

၁၅။ မျက်နှာမှာ အမည်းစက်တွေ ဖြစ်နေရင် မာလကာရွက်ကို ရေအနည်းငယ် ရောကာ ညက်အောင် ထောင်းပြီး ရလာတဲ့ အရည်နဲ့ မျက်နှာကို ချေးချွတ် နိုင်ပါတယ်။

၁၆။ အထက်ပါ အရည်ကိုလည်း မျက်နှာ ပေါင်းတင်ပေးရင် အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် တားဆီး ပေးနိုင်ပါတယ်။

၁၇။ ရေထဲ ထည့်ပြုတ်ထားတဲ့ မာလကာရွက်တွေကို အအေးခံပြီး ဦးရေပြားမှာ ပွတ်ချေနှိပ်နယ် ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *