လွှတ်တော် ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံ

Posted on

တတိယ အကြိမ် လွှတ်တော်များသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအား COVID-19 ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ပြည်သူ့ လွှတ်တော်၌ ယနေ့ နေ့လယ် ၁:၀၀ နာရီတွင် စတင် ဆောင်ရွက်ခဲ့ရာ နေ့လယ် ၂:၃၀ နာရီခန့်တွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှ ရွေးကောက်ခံ လွှတ်တော်တော် ကိုယ်စား အားလုံးအား ထုံးနှံပေးပြီး ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ရုံးမှ သိရသည်။

အဆိုပါ လွှတ်တော် နှစ်ရပ်မှ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကိုမှု ဖေဖော်ဝါရီ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီ၌ ပြည်သူ့လွှတ်တော်တွင် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး မည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ၀၂၀ ပြည့်နှစ်အတွင်း နှာခေါင်းစည်း ၂၂၀ ဘီလီယံကျော် ပြည်ပသို့ တရုတ် တင်ပို့ခဲ့ ကြောင်း သိရှိရသည်။

ပေကျင်း ဇန်နဝါရီ ၂၉ -တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း နှာခေါင်းစည်း ၂၂၀ ဘီလီယံကျော်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုအတွင်း နှာခေါင်းစည်းဝယ်လိုအားမြင့်တက်ခဲ့ပြီး ယခုတင်ပို့သည့် ပမာဏသည် တရုတ်နိုင်ငံပြင်ရှိ လူတစ်ဦးလျှင် နှာခေါင်းစည်းအခု ၄၀ ခန့်နှင့် ညီမျှနေသည်။ တရုတ်၏ ပြည်ပပို့ကုန်များအနက် နှာခေါင်းစည်းများကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာကို ရှာဖွေပေးနိုင်ခဲ့သည်။

နှာခေါင်းစည်းများအပြင် တရုတ်သည် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း ၂ ဒသမ ၃ ဘီလီယံ၊ COVID-19 ရှိမရှိသည့် စစ်ဆေးသည့်ကိရိယာ တစ်ဘီလီယံတို့ကို ပြည်ပသို့တင်ပို့နိုင်ခဲ့ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုတွင် အရေးပါသည့်နေရာမှ ထည့်ဝင်သယ်ပိုးနိုင်ခဲ့ကြောင်း စီးပွားကူးသန်း ဒုတိယဝန်ကြီး ချန်ကဲမင်က သတင်းထောက်များအား ပြောဆိုခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *