ဂျပန်နိုင်ငံတွင် ယူကေ မှလာသော ကိုဗစ်-၁၉ မျိုးဗီဇကွဲ တွေ့ရှိ

Posted on

ဂျပန်နိုင်ငံမှ ယခင်က စစ်ဆေးတွေ့ရှိခြင်း မရှိသေးတဲ့ ယူကေနိုင်ငံမှ ကိုရိုနာဗိုင်းရပ် မျိုးဗီဇကွဲ (၃) မျိုးကို တိုကျို သွားနှင့် ဆေးဝါးကုသမှုဆိုင်ရာ တက္ကသိုလ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူနာများထံမှာ တွေ့ရှိခဲ့ရကြောင်း ယင်းဆေးရုံရှိ သုတေသနအဖွဲ့အစည်းထံမှ သိရှိရပါတယ်။

အဆိုပါ ကူးစက်ခံရသူ (၃) ဦးစလုံးဟာ ပြည်ပသို့ ခရီးသွားလာထားခြင်း မရှိတဲ့အတွက် ဗိုင်းရပ်ပိုးဗီဇသစ် (၃) မျိုးစလုံးဟာ ဂျပန်နိုင်ငံအတွင်း ပျံ့နှံ့နေပြီး ဖြစ်နိုင်ချေများစွာ ရှိနေပါတယ်။ အဆိုပါ လူနာ (၃) ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလကုန်ပိုင်းအထိ ကာလအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ (၃) ဦးထဲမှ (၂) ဦးမှာ ကိုဗစ်-၁၉ လက္ခဏာများကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံအတွင်း ယခုလို ကိုရိုနာဗိုင်းရပ်ပိုး ဗီဇအသစ်များ တွေ့ရှိခြင်းမရှိပေမယ့် ပြည်ပဆိုက်ရောက်လာတဲ့ ခရီးသည်များထားရှိရာ ကွာရန်တင်းစင်တာတွေမှာတော့ ယူကေမျိုးဗီဇ ကိုရိုနာဗိုင်းရပ်ပိုး စစ်ဆေးတွေ့ရှိဖူးပါတယ်။ ဒါ့အပြင် ဇန်နဝါရီလအစောပိုင်းကလည်း ဘရာဇီးနိုင်ငံကလာတဲ့ ခရီးသည် (၄) ဦးထံမှ ကိုဗစ်-၁၉ မျိုးဗီဇကွဲများ တွေ့ရှိဖူးခဲ့သလို တောင်အာဖရိက မျိုးဗီဇကွဲတစ်ခုကိုလည်း ဒီဇင်ဘာ လကုန်ပိုင်းမှာ စစ်ဆေးတွေ့ရှိဖူးပါတယ်။

ဂျပန်နိုင်ငံမှာ ယခုနှစ်စပိုင်းကတည်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေခဲ့တာ ဖြစ်ပြီး ယခုသီတင်းပတ်များအတွင်း နေ့စဉ်ကူးစက်လူနာသစ် တစ်ထောင်ကျော် ရှိနေခဲ့ပါတယ်။ ဒီအတွက် စီရင်စု (၁၁) စုမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ယင်းထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တည်မြဲနေမှြာဖ်စကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *