တိုက်စစ်ပိုင်း အားနည်းချက်အချို့ ကြောင့် ချန်ပီယံလမ်းကြောင်း ပေါ်က ပြေလမ်းကို အဆုံးသတ်မှာ စိုးရိမ်တယ် လို့ ဝန်ခံသွားခဲ့တဲ့ ဆိုးလ်ရှား

Posted on

ယူနိုက်တက် အသင်းသည် အာစင်နယ်နဲ့ဂိုးမရှိသရေကျ တဲ့ပွဲမှာ အခွင့်အရေးအချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေကျပြီး တစ်မှတ်သာရခဲ့ပါတယ်။ လက်ရှိ မှာ မန်စီးတီးအသင်းဟာ နိုင်ပွဲဆက်နေမှုနဲ့အတူ ယူနိုက်တက်ကို 3 မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့တိုက်စစ်ပိုင်းအားနည်းမှုတွေကြောင့် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် အဆုံးသတ်သွားမှာကို စိုးရိမ်တယ်လို့ ဆိုးရှားက ဝန်ခံသွားခဲ့တာ တွေ့ရဘာတယ်

မန်ယူဟာ မကြာသေးခင်က အမှတ်ပေးဇယားထိပ် ဆုံးကိုဦးဆောင်နိုင်ခဲ့သေးလို့ ၈ နှစ်အတွင်းမှာ ပထမဆုံးပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့မျှော်လင့်ချက်ရှိလာ ပေမယ့် နောက်ဆုံး ၂ ပွဲမှာ တစ်မှတ်သာရခဲ့လို့ အများကြီးထိခိုက်ခဲ့ရပါတယ်။ မန်ယူဟာ ဒီရာသီမှာထိပ်သီး ၆ သင်းစာရင်းဝင်ပြိုင်ဘက်တွေနဲ့တွေ့ရင်ရုန်းကန်နေရပြီး ၁ ဂိုးသာသွင်းနိုင်ခဲ့ပါ တယ်။

ဒီတစ်ဂိုးကလည်း စပါးကိုအိမ်ကွင်းမှာ 1–6 နဲ့ရှုံးတုန်းက ဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ ပင်နယ်တီသာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် မန်ယူဟာ ချန်ပီယံဖြစ်နိုင်လောက်တဲ့ ခြေစွမ်းမျိုးမရှိသေးဘူးလို့ သုံးသပ်ခံနေရပါတယ်။မန်စီးတီးဟာ တစ်ပွဲကစားဖို့ကျန်နေသေးလို့ အဲဒီပွဲကိုသာနိုင်ခဲ့ရင် 6 မှတ်သာသွားမှာဖြစ်ပါတယ်။ အာဆင် နယ်နဲ့ပွဲမှာ မန်ယူတိုက်စစ်ပိုင်းဟာ ယုံကြည်ချက်ကင်းမဲ့ခဲ့တဲ့အပြင် ဥရုဂွေး ဂိုးသွင်းဘုရင် တိုက်စစ် ကစားသမား ကာဗာနီကိုယ်တိုင် လည်း အပိုင်အခွင့်အရေး 2 ကြိမ်ကိုလွဲချော်ခဲ့ရပါတယ်။

ဆိုးလ်ရှားက” တိုက်စစ်ပိုင်းက ယုံကြည်မှုပျောက်ဆုံးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ဟာ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီး တို့နဲ့ကစားခဲ့ရာမှာ ပြိုင်ဘက်ကိုအခွင့်အရေး သိပ်မပေးရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမပေးတာဟာ ကိုယ်ကအခွင့်အရေးတွေပြန်ရဖို့အ တွက် လိုအပ်တဲ့ အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။

ဒီလို တိုက်စစ်အားနည်းမှုက ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်ကိုလည်း ထိခိုက်လာနိုင်တယ်ဆိုတာ ပြောနေစရာ တောင် မလိုပါဘူး။ အခုမှဇန်နဝါရီဘဲရှိသေးပေမယ့် တိုက်စစ်ပိုကောင်းဖို့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင် ရတော့မှာပါ။ ကစားသမားတွေဟာလည်း လေ့ကျင့်ခန်းမှာ ပိုပြီးလုပ်ဆောင်ရမယ့်အရာတွေ ရှိလာပါလိမ့် မယ်” လို့ပြောသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *