နိုင်ငံ အရေးပေါ်အခြေအနေ ကြေငြာထားသော်လည်း YBS ယာဉ်လိုင်းများအား ပုံမှန်အတိုင်းပြေးဆွဲမည်

Posted on

နိုင်ငံအရေးပေါ်အခြေအနေကြေငြာထားရှိရာYBS ယာဉ်လိုင်းများပြေးဆွဲမူ ရပ်ဆိုင်းမည်မဟုတ်ဘဲ ပုံမှန်အတိုင်းပြေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ ဖေဖော်ဝါရီလ ၁ ရက်တွင် သိရသည်။တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံအရေးပေါ်အခြေအနေကြေငြာခဲ့ပြီး နိုင်ငံအရေးပေါ်ကာလ (၁) နှစ်ပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားရှိသည်။

” နိုင်ငံအရေးပေါ်အခြေအနေကြေငြာထားပေမယ့် YBS ယာဉ်လိုင်းပြေးဆွဲတာရပ်ဆိုင်းမှာမဟုတ်ပါဘူး။အများပြည်သူသယ်ယူပို့ဆောင်ရေး Public Transporation ဖြစ်တဲ့အတွက် ယာဉ်လိုင်းပြေးဆွဲတာရပ်လို့မရပါဘူး။ ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာပါ။ “ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးမှ မြန်မာတိုင်းသို့ ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားသည်။

ယနေ့ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံအရေးပေါ်ကာလအဖြစ်ကြေငြာထားရှိသော်လည်း ရန်ကုန်မြို့တွင် ယာဉ်သွားလာမှူ များပြားခဲ့ပြီး ယာဉ်ကြောကြပ်တည်းသည်အထိဖြစ်ပေါ်ခဲ့ရာ YBS ယာဉ်လိုင်းများပုံမှန်ပြေးဆွဲနေကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်တင် YBS ယာဉ်လိုင်းပြေးဆွဲမှူ မှာ ဇန်နဝါရီလ ၃၁ ရက်တွင် YBS စီးနင်းသူ YBS ယာဉ် (၁၀၅) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃၁၆၆) စီးဖြင့် ခရီးသည်(၅၉၆,၄၄၈) ဦးကိုသယ်ယူပို့ဆောင်ပြေးဆွဲပေးခဲ့ပီး ကိုဗစ်မဖြစ်ခင်ပုံမှန်ကာလတွင် YBS စီးနင်းသူတစ်ရက်လျှင် ၂.၅ သန်း ရှိနေကြောင်းYRTA ၏ ထုတ်ပြန်သည့်စာရင်းအရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *