ရေ ငုတ် သ င်္ဘောအသစ် ကို ထုတ်ပြ လိုက် တဲ့ ဂျပန် နဲ့  ပိုမိုတင်းမာ လာတော့ မည့် တရုတ်နှ င့် ကျွန်းစု အရေး
unicode
အငြင်းပွား ရေပြင်တွေ မှာ ဘေဂျင်း ဘက် က စစ်အင်အားတွေ တိုးချဲ့လာတာကြောင့် တရုတ်နဲ့ဒေသတွင်းနိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်လျက် ရှိနေပါတယ်။
အဲ ဒီ အ ထဲ မှာ ဂျပန် နိုင်ငံ လည်း ပါဝင်လျက်ရှိနေတာဖြစ်ပါတယ်။ အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်က ဒိုင်အိုယုလို့ခေါ်ပြီး ဂျပန်က ဆန်ကာကူ လို့ခေါ်တဲ့ ကျွန်းစုတွေနဲ့ပတ်သတ်ပြီး တရုတ်နဲ့ ဂျပန်အကြား အငြင်းပွားနေကြတာပါ။
အဆိုပါ ကျွန်းကို ဂျပန်ဘက်က ထိမ်းချုပ်ထားတာဖြစ်ပေမယ့် သူတို့ပိုင်ဆိုင်တယ်လို့ပြောနေတဲ့ တရုတ်ကလည်း မကြာခနဆိုသလို စစ်သင်္ဘော တွေ စေလွှတ်လျက်ရှိပါတယ်။
တရုတ် တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တုန့်ပြန်တဲ့အနေနဲ့ စစ်အင်အားတွေ တိုးချဲ့လာတဲ့ ဂျပန်တွေအတွက် အခုပြသလိုက်တဲ့ ရေငုတ်သ င်္ဘော ဟာ နောက်ဆုံးစစ်လက်နက်တစ်မျိုးလို့ဆိုရမှာဖြစ်ပါတယ်။
Kobe မြို့ က သင်္ဘောကျင်းမှာ ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြသခဲ့တဲ့ အဆိုပါရေငုတ်သင်္ဘောဟာ တန်ချိန်၃ဝဝဝအလေးချိန်ရှိပါတယ်။ ရေငုတ် သ င်္ဘော ရဲ့အမည်ကို Taigeiလို့ပေးထားပြီး Mitsubishi Heavy Industries Ltdကုမ္ပဏီက တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၀ အမျိုးသား ကာကွယ်ရေး အစီအစဉ်လမ်းညွှန်ချက်တွေအရ ဂျန်ပန်ရေတပ်မတော်ဟာ သူတို့ရဲ့ရေငုတ်သင်္ဘောအရေအတွက်ကို ၁၆စင်း ကနေ ၂၂စင်းအထိ တိုးမြှင့်တည်ဆောက်သွားမှာဖြစ်ပါတယ်။
Taigei ရေငုတ် သင်္ဘောဟာ အဆိုပါစီမံချက်ရဲ့ တစ်စိပ်တစ်ပိုင်းအနေနဲ့ ပေါ်ထွတ်လာခဲ့တာလို့ ဆိုရမှာပါ။ Taigeiဟာ သင်္ဘောသား ၇၀ ကို တင်ဆောင် နိုင်ပြီး Lithium- ionအမျိုးအစား ဘက်ထရီကို အသုံးပြုထားတာကြောင့် ယခင်ကမော်ဒယ်တွေထက် ရေအောက်မှာ ပိုပြီးကြာရှည် စွာ ငုံ့လျိုးနိုင်မှာဖြစ်ပါတယ်။
အဆို ပါ ရေငုတ်သင်္ဘောဟာ အရှည်၈၄မီတာရှိပြီး အကျယ်၉.၁မီတာရှိပါတယ်။ ဂျပန်ကာကွယ်ရေးဌာနဟာ အဆိုပါရေငုတ်သင်္ဘောကို ယန်း ၇၆ ဘီလီယံ (ဒေါ်လာရ၂၀)အကုန်ကျခံပြီး တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။
ကိုးကား : World Defence Review
Crd : နိုင်ငံတကာ ရေးရာ သတင်း / ဆောင်းပါးများ
Add a Comment
Your email address will not be published. Required fields are marked *