နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ ကြေညာ ချက် ထုတ်ပြန်







Crd  RFA

unicode

ရွေးကောက်ပွဲ ကာလ အတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ေ ကြညာ ချ က် ထုတ်ပြန် အမိန့်ပေးလိုက်ပါ တယ်။ မဲဆွယ်ကာ လအတွင်းမှာ အကြမ်းဖက် တာ၊ ခြိမ်းခြောက်နှောင့် ယှက်တာတွေနဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဆူပူအောင်လှုံ့ဆော်နေသူတွေကို တွေ့နေရတယ်လို့ ဒီက နေ့ ထုတ်ြ ပန် တဲ့ သမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောထား ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ရွေးကောက်ပွဲ ဥပဒေတွေနဲ့အညီ မဲဆွယ်စည်းရုံးဖို့လည်း သမ္မ တ က တိုက်တွ န်းထားပါတယ်။ ရွေးေ ကာက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး က ကြေညာချက်ထုတ်ပြန်ပြောဆိုချိန်နဲ့ တချိန်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေ သေ တွစာရင်း ကို

ထုတ်ပြန်ကြေညာ လို က်ပါတယ်။ ရခိုင်ပြ ည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက် ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးေ ကာ က် ပွဲကော်မရှင်ကကြေညာလိုက်တာပါ။ ရွေးကောက်ပွဲ ကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီက ပ်ရောဂ ါအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မဲရုံစောင့်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို တခါသုံး ဆေးစစ်ကိရိယာတွေနဲ့ စစ်ပေးနေပြီး အသ က် (၆၀) အထက် လူကြီးတွေကို နေအိမ် မှာ ကနေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုပ်သံကတ ဆင့် ပြောထားပါတယ်။ လက်ရှိအချိန်ဟာ ကပ်ရောဂါကာလဖြစ်တာမို့ လူစုရုံးပြီး မဲဆွယ်တာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန က တားမြစ်ထားပေမယ့်လည်း နိုင်ငံရေးပါတီတွေလူစုလူဝေးနဲ့ အပြိုင်အဆိုင် မဲဆွယ်ေ နြ ကပါတယ်။

ရွေးကောက် ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကြား ခိုက်ရန်ဖြစ်ပွားတာတွေလည်း ပိုပိုများလာပြီး အောက် တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့နယ်မှာ NLD ပါတီဝင် တွေနဲ့ ကြံခိုင်ေ ရးပါတီဝင်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ ပြီး NLD ပါတီဝင် ၁၅ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သက်ဆိုင်ရာပါတီတာဝန်ရှိသူတွေက RFA ကို ပြောထား ပါ တယ်။

ရခိုင်ပြည် နယ် တောင်ကုတ်မြို့နယ်မှာလည်း ရွေးကောက်ပွဲဝ င်မယ့် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်လူတချို့က ဖမ်းသွားတာ ဒီနေ ့ထိ မိသားစုဝင်တွေနဲ့ အဆက်အသွ ယ်မရေ သး သလို ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာလည်း တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေး ပါဘူး ။

Crd  RFA

Add a Comment

Your email address will not be published. Required fields are marked *