ကမ္ဘာ့ဈေးအကြီးဆုံး လက်ကိုင်အိတ် ငါးလုံး

Posted on

ချစ်တို့ရေ ဒီတစ်ခေါက် Marry ရဲ့ fashion ကနေ ချစ်တို့အတွက် ဖက်ရှင်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေး တစ်ခုလောက် ပြောပြပေးချင်ပါတယ်။ အဲဒါကတော့ ကမ္ဘာဈေးအကြီးဆုံး လက်ကိုင်အိတ်တွေ အကြောင်းပါ။ ကမ္ဘာပေါ်မှာ ဘယ်အိတ်တွေက ဘယ်လိုအရာတွေနဲ့ ဖန်တီးထားပြီး ဘယ်လိုတန်ဖိုးတွေ ရှိလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

(၁) MOUAWAD 1001 NIGHTS DIAMOND PURSE

ဒီအိတ်ကတော့ ကမ္ဘာမှာ နံပါတစ် ဈေးအကြီးဆုံး လက်ကိုင်အိတ်အဖြစ် (၂၀၁၁) လောက်ကတည်းက နေရာယူထားတာ ဖြစ်ပါတယ်။ ဒီအိတ်မျာ (၁၈) ကာရက် ရွှေတန်ချိန်၊ အဝါရောင်စိန်(၁၀၅) လုံး၊ ပန်းရောင်စိန်(၅၆) လုံးနဲ့ အရောင်မဲ့စိန်(၄၃၅၆) လုံးနဲ့ အချိန် နာရီပေါင်း (၈၈၀၀) ကြာအောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ USD (၃.၈) သန်း ဖြစ်ပါတယ်။

(၂) HERMES KELLY ROSE GOLD

ဒီအိတ်ရဲ့ Brand ကတော့ နာမည်ကြီး မင်းသမီးတွေ ကိုင်ကြတဲ့ Brand တွေထဲက တစ်ခုပါပဲ။ အိတ်ဖန်တီးမှုတွေက အမြဲတမ်း ထူးခြားဆန်းသစ်နေတာကြောင့် သူ့ရဲ့ Brand က နာမည်ကြီးနေတာပါ။ HERMES KELLY ROSE GOLD အိတ်ကတော့ ကမ္ဘာ့ဈေးအကြီးဆုံးအိတ်တွေထဲ နံပါတ်(၂) နေရာက ရပ်တည်နေပြီး စိန်အလုံးရေပေါင်း(၁၁၆၀) နဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၂) သန်း ဖြစ်ပါတယ်။

(၃) HERMES BIRKIN BAG BY GINZA TANAKA

HERMES BIRKIN BAG BY GINZA TANAKA ကတော့ ဂျပန်ဒီဇိုင်နာ Ginza Tanaka က ဖန်တီးထားတာဖြစ်ပြီး စိန်ပေါင်း(၂၀၀၀) နဲ့ ပလက်တီနမ်တို့ ပါဝင်ပါတယ်။ အပြင်ဘက်အလယ်တည့်တည့်မှာရှိတဲ့ သစ်တော်သီးပုံစံကတော့ တစ်လုံးထဲကို (၈) ကာရက် တန်ချိန်ရှိတဲ့ ကျောက်တုံးနဲ့ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၄) သန်းရှိပါတယ်။

(၄) HERMES CHAINE’D ANCRE BAG

ဒီအိတ်ကတော့ နံပါတ်(၂) အိတ် Brand နဲ့ ဆင်တူဖြစ်ပြီး ထောင်သားပုံစံချိန်းကြိုးတွေနဲ့ ဖန်တီးထားတာပါ။ စိန်ပေါင်း(၁၁၆၀) လုံး ပါဝင်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၄) သန်း ရှိပါတယ်။

(၅) LANA MARKS’ CLEOPATRA CLUTCH

ဒီအိတ်ကတော့ Northern Italy က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပန်းရောင်စိန်နဲ့ အပြာရောင်စိန်တို့ ပါဝင်ပေါင်းစပ် ဖန်တီးထားတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒီအိတ်ရဲ့ တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ (၄) သိန်း ရှိပြီး A List ရှိတဲ့ နာမည်ကြီး ဆယ်လီတွေ ပွဲတွေတက်တဲ့အခါ ကိုင်လေ့ရှိကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *