ပင်ပန်းနွမ်းနယ်ပြီး အားမရှိသလို ခံစားနေရရင်တော့ ဒါတွေစားပါ

စိတ်ရောကိုယ်ပါ ပင်ပန်းနေတယ်ဆိုရင် သက်သာလာအောင် ဒီအစားအစာ (၅) မျိုးကို သေချာလေး စားပေးနော်။ ပင်ပန်းတာတွေ ယူပစ်သလို ပျောက်ကင်းမှာပါ။

တစ်ခါတစ်လေမှာ စိတ်ရောကိုယ်ပါ ပင်ပန်းပြီး အားမရှိသလို ခံစားနေရတဲ့ အချိန်တွေ ရှိတယ်နော်။ အဲဒီလို ဖြစ်နေချိန်ဆိုရင် စိတ်မကြည်တော့ဘဲ ခြေတွေလက်တွေမသယ်နိုင်ဘဲ တစ်ကိုယ်လုံးအားမရှိသလို ဖြစ်နေရင်တော့ စိတ်ရောကိုယ်ပါ အားတက်လာအောင် စားပေးသင့်တာလေးတွေ ရှိပါတယ်။ စိတ်ရောကိုယ်ပါ ပြန်လည်လန်းဆန်းလာစေမယ့် အစားအစာတွေပေါ့။

အားမရှိသလို ခံစားနေရရင် ရေများများသောက်ပေးပါ

စိတ်ရောကိုယ်ပါ ပင်ပန်းပြီး အားမရှိဘူးလို့ ခံစားနေရရင်တော့ အရင်ဆုံး ရေဓါတ်ဖြည့်လိုက်ပါ။ ခန္ဓာကိုယ်က ရေဓါတ်လုံလုံလောက်လောက် မရရင်လည်း အားမရှိသလို ခံစားရတာကြောင့်ပါ။ ရေများများသောက်ပေးလိုက်ပါ။ ဒါက အမြန်အဆင်ပြေစေမယ့် နည်းလမ်းပါ။ ရေသောက်ပြီးရင်တော့ အားပြန်ပြည့်လာစေမယ့် တခြားအစားအစာတွေ ဆက်စားလို့ ရပြီပေါ့။
Oats

Oats မှာ ခန္ဓာကိုယ်ကနေ အားအင်ထုတ်ဖို့ လိုအပ်တဲ့ ကာဗိုလ်ဟိုက်ဒရိတ်တွေ များများ ပါဝင်ပါတယ်။ ဒီတော့ စားလိုက်မယ်ဆိုရင် ခန္ဓာကိုယ် အားဖြစ်စေမယ့် စွမ်းအင်တွေ ရမှာနော်။ နောက်ပြီး ပြည့်ပြည့်စွက်စွက် စားလိုက်ရသလို ခံစားရတဲ့အတွက် စိတ်ခံစားချက်လည်း ကောင်းလာစေမှာပါ။

ကြက်ဥ

ခန္ဓာကိုယ်ရော စိတ်ရောပင်ပန်းနေပြီဆိုရင်တော့ အားပြည့်သွားအောင် အစားအစာတွေက ကူညီပေးနိုင်တယ်လေ။ စားပေးရမယ့် အစားအစာထဲမှာ ကြက်ဥ ပါပါတယ်။ ကြက်ဥကို အကာရော အနှစ်ရော တစ်လုံးလောက် စားလိုက်ပါ။ ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းက ခန္ဓာကိုယ် ပင်ပန်းတာကို သက်သာစေတဲ့အပြင် စိတ်ခံစားချက်လည်း ပိုပြီးကောင်းလာစေပါတယ်။ ကြက်ဥပြုတ်ကတော့ အလွယ်ဆုံး နည်းလမ်းမလို့ စားရအဆင်ပြေမှာပါ။
ဟင်းနုနွယ်

စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီဆိုရင်တော့ ဟင်းနုနွယ်ရွက် တစ်ခွက်လောက် ကြော်စားလိုက်ပါ။ ဟင်းနုနွယ်မှာ မဂ္ဂနီဆီယမ် ပါဝင်တာက ခန္ဓာကိုယ်ကို အားအင်ပေးတဲ့အပြင် ကောင်းကောင်းလည်း အိပ်ပျော်စေပါတယ်။ ဒီတော့ အားနည်းတာတွေ မဖြစ်စေတော့ဘူးပေါ့။
လိမ္မော်သီး

လိမ္မော်သီးကလည်း စိတ်ရော ကိုယ်ပါပင်ပန်းတာကို သက်သာစေနိုင်တဲ့ အစားအစာပါပဲ။ ဗီတာမင်စီပါဝင်တာက ခန္ဓာကိုယ် ပင်ပန်းတာကို တားဆီးပေးတဲ့အပြင် စိတ်ဖိစီးမှု သက်သာအောင်လည်း လုပ်ပေးနိုင်ပါတယ်။ တစ်လုံးလောက် စားလိုက်တယ်ဆိုရင်ကို စိတ်ကြည်လင်လာနိုင်ပါတယ်။ မချိုမချဉ်သီးလေး ရွေးစားပါ။

စိတ်ရောကိုယ်ပါ ပင်ပန်းနေတယ်ဆိုရင် သက်သာလာအောင် ဒီအစားအစာ (၅) မျိုးကို သေချာလေး စားပေးနော်။ ပင်ပန်းတာတွေ ယူပစ်သလို ပျောက်ကင်းမှာပါ။

Add a Comment

Your email address will not be published. Required fields are marked *