ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆာပြေ စားကြတဲ့ အစားအသောက် လေး မျိုး

Posted on

ဗိုက်ဆာနေပြီး Snack လို အသင့်စားမုန့်တွေ ရှောင်ချင်ရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒီအစားအသောက်တွေကို အဆာပြေစားလို့ ရပါတယ်။ အခုပြောမယ့် အစားအသောက်တွေက အဆာပြေရုံတင်မဟုတ်ဘဲ အာဟာရဓါတ်တွေ ပြည့်ဝလို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်ခန္ဓာဖြစ်အောင် ဝိတ်ထိန်းနေသူတွေအတွက် အထူးပဲ သင့်လျော်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

(၁) ပေါက်ပေါက်

Popcorn တွေဟာ ကောက်နှံကနေ ထုတ်ထားတာ ဖြစ်လို့ အမျှင်နဲ့ပရိုတိန်းဓါတ် ကြွယ်ဝပါတယ်။ Popcorn ၄ ခွက်မှာ အမျှင်နဲ့ ပရိုတိန်းဓါတ် ၃ ဂရမ်ခန့် ထောက်ပံ့ပေးပါတယ်။ အဆီနည်းပြီး ကယ်လိုရီ သိပ်မရှိသလို ဗိုက်ပြည့်လွယ်တာကြောင့် ပြောင်းဖူးပေါက်ပေါက်ကလည်း အဆာပြေစားသင့်တဲ့ အစားအသောက်ထဲမှာ ပါပါတယ်။

(၂) သစ်သီးများ

ပန်းသီး ၊ လိမ္မော်နဲ့ ပန်းသစ်တော်သီးတွေဟာ သဘာဝသကြားဓါတ်ပါပြီး အမျှင်ဓါတ်တွေပါရှိသလို စွမ်းအင်လည်းပြည့်တဲ့ သစ်သီးတွေ ဖြစ်ပါတယ်။ ထမ်ငးမစားခင် မိနစ် ၂၀ ကြိုစားထားမယ်ဆိုရင် အစားအသောက် အလွန်အကျွံစားသောက်မှုကို သိသိသာသာ လျှော့ချနိုင်မှာပါ။ ရေဓါတ်ပြည့်ဝတဲ့ အရည်ရွှမ်းသစ်သီးဝလံတွေ ဖြစ်တာကြောင့် စားချင်သောက်ချင်စိတ်မလွန်ကဲအောင် ထိန်းပေးနိုင်ပါတယ်။

(၃) ဥအမျိုးမျိုး

ကြက်ဥ ၊ ဘဲဥနဲ့ ငုံးဥလို ဥအမျိုးမျိုးကတော့ အပေါ်မှာ ပြောခဲ့တဲ့ အသီးအနှံတွေနဲ့ ယှဉ်ရင် ကယ်လိုရီ မြင့်ပေမယ့် ပရိုတိန်းပါဝင်မှု မြင့်မားပြီး Diet တစ်ခုလို စားသုံးပေးသင့်တဲ့ အစားအစာ ဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ် ၉ မျိုး ပါဝင်တာကြောင့် အစားတောက်လျှောက်စားချင်စိတ်ကို ထိန်းပေးနိုင်သလို ကြွက်သားဖွံ့ဖြိုးမှုလည်း အားပေးပါတယ်။

(၄) ဒိန်ချဉ်

ဒိန်ချဉ်နဲ့ Smoothies တွေကလည်း အဆာပြေ အစားအစာတွေအဖြစ် စားပေးနိုင်တဲ့ အစားအစာထဲမှာ ပါပါတယ်။ အာဟာရဓါတ်မြင့်မားပြီး အမျှင်ဓါတ်မြင့်မားသလို စွမ်းအင်လည်းမြင့်မားပါတယ်။ အရသာပိုကောင်းစေဖို့ ဒိန်ချဉ် နဲ့ Smoothies တွေမှာ ဘယ်ရီသီးတွေ ထည့်ပြီး စားသုံးပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *