မီးမီးခဲ အ တြက္ ခင္ပြန္းျဖစ္ သူ ကို BRICE ေရး တဲ့ ဝမ္းနည္း ဖြယ္ရာ စာ တစ္ေစာင္

ေတာက္ပ တဲ့ ဂီတ ၾကယ္ ပြင့္ တစ္ ပြင့္ျဖစ္ တဲ့ အဆိုေတာ္ မီးမီးခဲကေတာ့ အခ်ိန္မတန္ေသးပဲ ေစာစီးစြာ ေႂကြလြင့္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ပရိသတ္ ေတြ အတြက္ သီခ်င္းေတြနဲ႔ ခံစားမႈရသေပါင္းစုံကို ေပးစြမ္းနိုင္ခဲ့တဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ ကြယ္လြန္သြားတဲ့အေပၚ ပရိသတ္ေတြ ကလည္း စိတ္မေကာင္း ဝမ္းနည္းၾကသလို မီးမီးခဲရဲ့ မိသားစု၊ မိတ္ေဆြ၊ အသိုင္းအဝိုင္းကလည္း ပူေဆြးေနၾကတာပဲ ျဖစ္ပါတယ္။ မီးမီး ခဲ ရဲ့ ခင္ပြန္းျဖစ္သူ ကို Brice ကလည္း မီးမီးခဲရဲ့ ေနာက္ဆုံးခရီးအတြက္ ဝမ္းနည္းစရာ စာတစ္ေစာင္ကို အခုလိုပဲ မၽွေဝေပးလာတာပဲ ျဖစ္ ပါတယ္။

(၂၀၂၀) ေအာက္တိုဘာ လ (၁၆) ရက္ေန႔မွာ ကၽြန္ေတာ္တို႔မိသားစုရဲ့ ယုံၾကည္အားထားရာျဖစ္တဲ့ မီးမီးခဲကေတာ့ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ၿပီျဖစ္တဲ့အတြက္ စိတ္မေကာင္းႀကီးစြာ ျဖစ္ရပါတယ္။ မီးမီးခဲနဲ႔အတူတူ သူမအရမ္းခ်စ္တဲ့ ကေလးသုံးေယာက္နဲ႔ ေပ်ာ္စရာေကာင္း တဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္ခြင့္ေပးခဲ့တဲ့ ဘုရားသခင္ ကိုလည္း ေက်းဇူးတင္ပါတယ္။ မီးမီးခဲနဲ႔ လက္ထပ္ခဲ့တဲ့ (၅) ႏွစ္ေက်ာ္တာ ကာလမွာ မီးမီးခဲ ရဲ႕ အခ်စ္ေတြ၊ ဂ႐ုစိုက္မႈေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ႔ ေန႔စဥ္ေန႔တိုင္းမွာ ေပ်ာ္ရႊင္ၾကည္ႏူးခဲ့ရပါတယ္။ မီးမီးခဲက သူမရဲ့ ရင္သားကင္ဆာေဝဒနာ ကို လြန္ခဲ့တဲ့ (၃)ႏွစ္ကတည္းက ေနာက္ဆုံးထြက္သက္အခ်ိန္ထိ ခုခံ တိုက္ခိုက္ခဲ့ပါတယ္။ သူမ သိပ္ၾကာၾကာ မေနနိုင္ေတာ့ဘူးဆို တာ သိလိုက္ခ်ိန္မွာေတာ့ ကၽြန္ေတာ္တို႔ အေကာင္းဆုံးနဲ႔ ေအးေအးေဆးေဆးျဖစ္ေအာင္ပဲ ေနထိုင္ခဲ့ၾကတယ္။ မီးမီးခဲ တစ္ေယာက္ မရွိေတာ့ ေပမယ့္ သူမရဲ့ သီခ်င္းေတြ နဲ႔ သူမရဲ့ အေၾကာင္းေတြကေတာ့ က်န္ရစ္ေနဦးမွာပါ။”

“ကၽြန္ေတာ္ တို႔ မိသားစုအတြက္ ခက္ခဲ ပင္ပန္းေနတဲ့အခ်ိန္ေတြမွာ အားေပးကူညီေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးအမ်ားႀကီးတင္ ပါတယ္။ ၾသစေတးလ်နဲ႔ ျမန္မာျပည္က မိသားစုဝင္ေတြလည္း မီးမီးခဲအတြက္ ဆုေတာင္းေပးခဲ့ၾကတာ ကၽြန္ေတာ္တို႔ အားလုံး သိရွိ ခံစားမိပါတယ္။ ၿပီးေတာ့ မီးမီးခဲရဲ့ အႏုပညာသက္တမ္း ႏွစ္ (၂၀) လုံးလုံး အားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ပါတယ္။ မီးမီးခဲ ရဲ႕ ဝမ္းနည္း စရာသတင္းကို ေသခ်ာျပည့္ျပည့္စုံစုံမေျပာျပနိုင္ေသးလို႔ ကၽြန္ေတာ့္ကို နားလည္ေပးၾကမယ္လို႔ ေမၽွာ္လင့္ပါ တယ္ ။ ငါမင္းကို အျမဲတမ္းခ်စ္ေနမယ္ EH ေရ..” ဆိုၿပီး မီးမီးခဲရဲ့ ေဖ့စ္ဘုတ္ေပ့ခ်္ကေနတဆင့္ ေျပာထားပါတယ္။

မီးမီးခဲ က ေတာ့ ကြယ္လြန္ သြားခ်ိန္မွာ အသက္ (၃၇) ႏွစ္ အရြယ္သာရွိေသး ၿပီး သမီးႀကီး ျဖဴျဖဴစင္စင္လင္း၊ သမီးလတ္ Narnia နဲ႔ သား ငယ္ Napolion တို႔ က်န္ရစ္ခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲတစ္ေယာက္ ေအးခ်မ္းတဲ့အရပ္မွာ ေကာင္းမြန္စြာ အနားယူနိုင္ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ ပါ တယ္ ။

crd

unicode

တောက်ပ တဲ့ ဂီတ ကြယ် ပွင့် တစ် ပွင့်ဖြစ် တဲ့ အဆိုတော် မီးမီးခဲကတော့ အချိန်မတန်သေးပဲ စောစီးစွာ ကြွေလွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ် တွေ အတွက် သီချင်းတွေနဲ့ ခံစားမှုရသပေါင်းစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ အဆိုတော်ကောင်းတစ်ယောက် ကွယ်လွန်သွားတဲ့အပေါ် ပရိသတ်တွေ ကလည်း စိတ်မကောင်း ဝမ်းနည်းကြသလို မီးမီးခဲရဲ့ မိသားစု၊ မိတ်ဆွေ၊ အသိုင်းအဝိုင်းကလည်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။ မီးမီး ခဲ ရဲ့ ခင်ပွန်းဖြစ်သူ ကို Brice ကလည်း မီးမီးခဲရဲ့ နောက်ဆုံးခရီးအတွက် ဝမ်းနည်းစရာ စာတစ်စောင်ကို အခုလိုပဲ မျှဝေပေးလာတာပဲ ဖြစ် ပါတယ်။

(၂၀၂၀) အောက်တိုဘာ လ (၁၆) ရက်နေ့မှာ ကျွန်တော်တို့မိသားစုရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ မီးမီးခဲကတော့ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်တဲ့အတွက် စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ မီးမီးခဲနဲ့အတူတူ သူမအရမ်းချစ်တဲ့ ကလေးသုံးယောက်နဲ့ ပျော်စရာကောင်း တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့်ပေးခဲ့တဲ့ ဘုရားသခင် ကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲနဲ့ လက်ထပ်ခဲ့တဲ့ (၅) နှစ်ကျော်တာ ကာလမှာ မီးမီးခဲ ရဲ့ အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ နေ့စဉ်နေ့တိုင်းမှာ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ်။ မီးမီးခဲက သူမရဲ့ ရင်သားကင်ဆာဝေဒနာ ကို လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက နောက်ဆုံးထွက်သက်အချိန်ထိ ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ သူမ သိပ်ကြာကြာ မနေနိုင်တော့ဘူးဆို တာ သိလိုက်ချိန်မှာတော့ ကျွန်တော်တို့ အကောင်းဆုံးနဲ့ အေးအေးဆေးဆေးဖြစ်အောင်ပဲ နေထိုင်ခဲ့ကြတယ်။ မီးမီးခဲ တစ်ယောက် မရှိတော့ ပေမယ့် သူမရဲ့ သီချင်းတွေ နဲ့ သူမရဲ့ အကြောင်းတွေကတော့ ကျန်ရစ်နေဦးမှာပါ။”

“ကျွန်တော် တို့ မိသားစုအတွက် ခက်ခဲ ပင်ပန်းနေတဲ့အချိန်တွေမှာ အားပေးကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင် ပါတယ်။ သြစတေးလျနဲ့ မြန်မာပြည်က မိသားစုဝင်တွေလည်း မီးမီးခဲအတွက် ဆုတောင်းပေးခဲ့ကြတာ ကျွန်တော်တို့ အားလုံး သိရှိ ခံစားမိပါတယ်။ ပြီးတော့ မီးမီးခဲရဲ့ အနုပညာသက်တမ်း နှစ် (၂၀) လုံးလုံး အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မီးမီးခဲ ရဲ့ ဝမ်းနည်း စရာသတင်းကို သေချာပြည့်ပြည့်စုံစုံမပြောပြနိုင်သေးလို့ ကျွန်တော့်ကို နားလည်ပေးကြမယ်လို့ မျှော်လင့်ပါ တယ် ။ ငါမင်းကို အမြဲတမ်းချစ်နေမယ် EH ရေ..” ဆိုပြီး မီးမီးခဲရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် ပြောထားပါတယ်။

မီးမီးခဲ က တော့ ကွယ်လွန် သွားချိန်မှာ အသက် (၃၇) နှစ် အရွယ်သာရှိသေးပေးပြီး သမီးကြီး ဖြူဖြူစင်စင်လင်း၊ သမီးလတ် Narnia နဲ့ သား ငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် အေးချမ်းတဲ့အရပ်မှာ ကောင်းမွန်စွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက် ပါ တယ် ။

crd

Add a Comment

Your email address will not be published. Required fields are marked *