ထိုင်း ဘုရင်ကြီး ဟာ ဂျာမဏီမြေ ပေါ်မှာ နေရင်း နဲ့ တိုင်းပြည်ကို မင်းမလုပ်သင့် ဘူး လို့ ဂျာမန် အစိုးရ က ပြောပြီ

ထိုင်းပြည် သူ ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ လမ်းပေါ်ကိုထွက်ပြီးဆန္ဒပြလာကြတယ်။ သူတို့ရဲ့မ ကျေနပ်ချက် ဟာထိုင်းဘုရင် Maha Vajiralongkorn အပေါ် အာရုံထားနေကြတယ်။ဘုရင်ကြီးဟာ ဂျာမဏီမှာ နေထိုင်ပြီးအချိန်ဖြုန်းနေတယ်၊ ဂျာမန် အစိုးရဟာ စိတ်ပူစပြုလာနေပါပြီ လို့ ဂျာမန် DW သတင်းကရေးပါတယ်။

ထိုင်းဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် Prayuth Chan-ocha ကို နှုတ်ထွက်ခိုင်းနေကြတယ်။ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်စစ်အာဏာသိမ်းမှုက စပြီးတက်လာတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတ ယ်။  ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်ပြီး နိုင်ငံရဲ့အာဏာကြီးမားလွန်းတဲ့ ဘုရင်စနစ်ကို ပြန်လည်ပြင်ဆင်ဖို့ကိုပါ တောင်းဆိုနေကြပါတယ်။“သူတို့ရဲ့မကျေနပ်ချက်တွေ ကိုအရင်းအတိုင်းဖော်ထုတ်ချင်နေကြတာပါ။ အရင်းခံအကြောင်းတရားတွေကိုရှာကြတဲ့ အခါ သူတို့ဟာ အုပ်ချုပ်သူအစိုးရရဲ့ဖွဲ့စည်းပုံကို သွားတွေ့ခဲ့ကြတယ် အဲ့ဒိအထဲမှာ နန်းတော်ကြီးကလည်းတခုအနေနဲ့ပါလာတယ်” လို့  GIGA Institute for Asian Studies ကနိုင်ငံရေးသိပ္ပံပညာရှင် Janjira Sombatpoonsiri က DW သတင်းဌာနကိုပြောပြပါတ ယ် ။

ထိုင်း နိုင်ငံ မှာ ထိုင်းတော်ဝင်မိသားစုဆိုတာဟာ အထိမခံတဲ့ခေါင်းစဉ်ဖြစ်ပြီး ပြည်သူလူထုအပေါ်မှာ လွှမ်းမိုးမှုအလွန်အားကောင်းပါတယ် ။ လက်ရှိ ဘုရင် Maha Vajiralongkorn ဟာ ၂၀၁၆ မှာနန်းတက်လာပြီးသူနန်းတက်လာပြီးကတည်းကစလို့ နိုင်ငံရဲ့အရေးအရာတွေနဲ့အဖွဲ့အစည်းေ တွကို တိုက်ရိုက်ထိန်းချုပ်ဖို့လုပ်ခဲ့ပါတယ် အာမီတပ်ဖွဲ့၂ခုကို သူ့ရဲ့(နန်းတော်) လက်အောက်ကို သွတ်သွင်းဖို့အမိန့်ပေးခဲ့ပြီး ထီးနန်းရဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့လုပ်ခဲ့တယ်။

ဆန္ဒပြပြည်သူတွေရဲ့ မကျေနပ်မှုထဲမှာ နောက်ထပ်တခုကတော့ သူဟာ သူ့ရဲ့အချိန်တွေေ တ်ာတော်များများကို ထိုင်းနိုင်ငံမှာမကုန်ဆုံးစေပဲ ဂျာမဏီနိုင်ငံမှာနေထိုင်ဖို့ စီမံဆုံးဖြတ်ခဲ့လို့ဆိုတာပါပဲ။၂၀၀၇ ခုနှစ်ထဲကစလို့ထိုင်းဘုရ င်ဟာ ဂျာမန်တောင်ပိုင်းက Bavaria မှာ အကြာကြီးနေခဲ့ပါတယ် ရေကန်ကြီးရဲ့ဘေးနားက Tutzing မြို့မှာသူ့ရဲ့ စံအိမ်ရှိပါတယ်။

သို့ေ ပမယ့်သူဟာ အဲ့ဒိမှာမနေဘဲ Garmisch-Partenkirchen မြို့က Sonnenbichl Hotel မှာ တည်းခိုနေပါတယ်။ အသက်၁၅နှစ်ရြှိ ပီဖြစ်တဲ့သူ့ရဲ့ သားဖြစ်သူတောင် Bavaria မှာကျောင်းတက်နေပါတယ်။အဲ့သည်လိုနေနေတာကို ဂျာမန်သတင်းဌာနတွေက စောင်ြးေ မာင်းရေးသားကြပါတယ်။ ချောင်းမြောင်းရိုက်ကူးထားတဲ့ဓါတ်ပုံတွေဟာလည်း သတင်းစာတွေနဲ့အွန်လိုင်းတွေပေါ်မှာပလူပျံနေပါတယ်။ ထိုင်းဆန္ဒပြသူတွေက သူထိုင်းနိုင်ငံမှာမရှိတာရယ် ဂျာမဏီမှာငွေတွေသုံးဖြုန်းနေတာရယ်ကို ကောင်းကောင်းဝေဖန်နေကြပါတယ်ဂျာမန် မှာနေပြီးဘာတွေလုပ်နေသလဲ။

Junya Yimprasert (ခွန်ညာ ယင်ပရာဆတ်)ဟာထိုင်းနိုင်ငံကနေ၂၀၁၀မှာထွက်လာပြီး အခုလက်ရှိဥရောပမှာနေထိုင်နေပါတယ်။ သူဟာထိုင်း ဘုရင်စနစ်ရဲ့ ဂုဏ်ရှိန်မှေးမှိန်လာနေတာတွေအပေါ် သူမြင်သမျှတွေကို ကမ္ဘာကို ဖော်ထုတ်တင်ပြနိုင်ဖို့လုပ်နေသူပါ။ သူက ထိုင်းဘုရင် ဟာ ထိုင်းနိုင်ငံရဲ့ အထွတ်အထိပ်အဖြစ်ရှိနေတာမှာ တရားဝင်ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာတွေ အလုပ်တွေကို နိုင်ငံရပ်ခြားကနေလုပ် ဖို့ မသင့်တော်ဘူး လို့ DW သတင်းဌာနကိုပြောပြပါတယ်။

” ထိုင်းပြည်သူေ တွဟာ စိတ်ဆိုးလာနေကြပါတယ်၊ သူဟာဂျာမဏီ ကို တိုးရစ်စ်တစ်ယောက်လို သွားလည်ပါတ်နေတာမဟုတ်ပဲ ထိုင်းနိုင်ငံရဲ့ နိုင် ငံရေးကို ဖျက်ဆီးပြလို့မဆုံးဘူးဖြစ်နေတာမို့ပါပဲ” သူက ဒီမှာလည်းနေမယ် ကျွန်မတို့တိုင်းပြည်ကိုလည်း ဆက်လွှမ်းမိုးအုပ်စီးထားဦးမ ယ်ဆိုတာမျိုးလုပ်နေတယ် လို့ပြောသွားပါတယ်။

Junya Yimprasert ရဲ့ အဖွဲ့အစည်းဟာ Act4Demလို့ခေါ်ပါတယ် ဂျာမဏီက အမြတ်အစွန်းမယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PixelHELPER နဲ့ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာဖို့နြဲ့ ပည်သူတွေပိုပြီးအမြင်ကျယ်သတိပြုမိလာစေဖို့ ဆန္ဒပြပွဲတွေကို ဂျာမဏီ မှာ ပြုလုပ်နေကြသူတွေဖြစ်ပါတယ်။ထိုင်းဘုရင်ကို ဝေဖန်တိုက်ခိုက်တဲ့ ကြွေးကျော်သံတွေဖော်ထုတ်ပေးတယ်၊ ဘုရင်ကိုလက်ခံထား တဲ့ အဆောက်အအုံတွေ မှန်သမျှကိုပါ အပါအဝင်ဝေဖန်လှုံ့ဆော်တယ်။

ဂျာမန်ပါလီမန်နဲ့ Sonnenbichl Hotel လည်းမလွတ်ပါဘူး ။Yimprasert ဟာအခုဆိုရင် ဂျာမန်အဓိပတိ မာကယ်နဲ့ လွှတ်တော်ဥက္ကဌ Wolfgang Schäuble တို့ဆီကိုစာတစ်စောင်ရေးသားပေးပို့ခဲ့ ပါတယ်။ ထိုင်းဘုရင် ဂျာမန်မှာနေထိုင်နေတာကို အရေးယူ ပေးဖို့ပါပဲ။ တရားဝင်နေနေတာလား ထိုင်းဆန္ဒပြသူတွေတင်စိတ်ပူနေတာ မဟုတ်ပါဘူး ။

ဂျာမန်လွှတ်ေ တ်ာအမတ် Friethjof Schmidt ( Green Party ကပါ) က ထိုင်းဘုရင်ဟာ ကိုယ်ပိုင်ပုဂ္ဂလိကအစီအစဉ်နဲ့ သာမန်လူတွေလို ဗီဇာရထားတာဖြစ်ပါတယ်။ သို့သော်ထိုင်းနိုင်ငံသံရုံးရဲ့အစီအမံအရ သံတမန်အထူးအခွင့်အရေး တော့ရထားပါတယ် လို့ပြောပါတယ်။ဂျာမန်မှာရှိေ နတုန်း ဘုရင်ဟာ နှမဖြစ်သူရဲ့ နိုင်ငံရေးပါတီကိုပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်းမှာ ပိတ်ပင်တားမြစ်ခဲ့တယ်။ ဒီနိုင်ငံမှာရှိနေတုန်း ထိုင်းက အရာရှိတွေ ဂုဏ်သရေရှိလူကြီးတွေ ဧည့်သည်တွေ လှုပ်ရှားသူတွေ လာကြတာကိုဘုရင်ဟာ လက်ခံတွေ့တယ်။နိုင်ငံရေးနဲ့ပတ်သက်တာေ တွလို့ပဲထင်ပါတယ်။

” ထိုင်းနိုင်ငံဆိုင်ရာသံရုံးကို ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီး ဂျာမန်အစိုးရကအကြောင်းကြားသတိပေးထားခဲ့ရတာတွေလည်းအရင်ကတည်းကရှိပါတယ် ”” ဒါ့အပြင် ထိုင်းဘုရင်ဟာ သူ့ရဲ့ဗီဇာစည်းမျဉ်းအတိုင်းလိုက်နာရမယ့်စည်းကမ်းတွေကို ချိုးဖော က်တာတွေလည်းရှိတယ်။ ကျွန်တော့်အမြင်အရ ပြောရရင် ဂျာမန်အစိုးရဟာ သူတို့ကို ဥပဒေလိုက်နာဖို့ကြပ်မတ်သင့်တယ်” လို့ ပြောသွားပါတယ်။

ဂျာမန်လွှတ်တော်မှာ အမတ် Schmidt ရဲ့မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကဖြေကြားရာမှာတော့ ” ဂျာမန်မြေပေါ်ကနေ ထိုင်းနိုင်ငံရေးကိစ္စတွေ လုပ်လို့မရဘူး သူတို့ရဲ့နိုင်ငံအရေးတွေကို ဒီမြေပေါ်ကနေလုပ်ဖို့ လာတဲ့ ဧည့်သည်တွေကို ဂျာမဏီဟာ အမြဲတမ်း ဆန့်ကျင်ရပါလိမ့်မယ် ” လို့ဖြေကြားပါတယ်။ဂျမန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ တစ်ယောက်ကတော့ ” ဒီလို အခြေအနေတွေကို ထိုင်းသံအမတ်နဲ့ အကြိမ်ပေါင်းများစွာပြောဆိုဆွေးနွေးပြီးပါပြီ။ သူတို့ဖက်က ပြောပါတယ်။ဘုရင်ကြီးဂျာမဏီမှာသူ့ ကိုယ်ပိုင်အကြောင်းနဲ့ ရောက်နေတုန်းမှာ ထိုင်းနိုင်ငံရဲ့အစိုးရအလုပ်တွေအားလုံးကို ဝန်ကြီးချုပ်ကပဲ အားလုံးလုပ်ဆောင်ပါတယ်လို့ အာမ ခံပြောကြားခဲ့ပါတယ် ” လို့ပြောပါတယ်။

ကိုရိုနာကပ်ရောဂါကာလအတွင်း ဂျာမဏီမှာ ၆လလောက်နေပြီးတဲ့နောက် ဘုရင်ဟာ ထိုင်းကိုပြန်လာပါတယ်။ ရက်သတ္တပါတ်အနည်းငယ်လောက်နေ မယ်ဆိုတဲ့စိတ်ကူးနဲ့ပါ။သူ့အပြန်ခရီးကို ကြိုဆိုကြတာက ဆန္ဒပြပွဲနဲ့ဖြစ်ပါတယ်။ အရင်က ဆန္ဒပြပွဲတွေလိုမဟုတ်တဲ့ ဘုရင်စနစ်ကိုပါြေ ပာင်းလဲပေးရေးတောင်းဆိုကြတဲ့ ဆန္ဒပြပွဲတွေနဲ့ဖြစ်နေပါတယ်။ခေတ်ရေစီးကြောင်းပြောင်းလဲစပြုနေပြါ ပီ ။

Add a Comment

Your email address will not be published. Required fields are marked *