ကိုဗ စ်ကို ပေါ့ ဆ မိ လို့ လူနာ တင် ကားပေါ်မှာ တင် အသက် ဆုံး ခဲ့ရ တဲ့ သူ သူငယ် ချင်း အေ ကြာင်း ပြောပြ လာ တဲ့ ဒေါက်တာ ခင် ခင်ကြီး







ဒေါက်တာခင်ခင်ကြီး

unicode

ကိုဗစ်နဲ့ ပတ်သက် လို့ ဒီရက် ပိုင်း စိ တ်တွေမ လန်းဘူး စိတ်ထဲဝမ်းနည်းမိတာက ပြီးခဲ့တဲ့အပတ်က မူလတန်းကတည်းကငယ်သူငယ်ချင်း ဆယ်တန်း အောင်ပြီး ကျောင်းတွေပိတ်တုန်းလဲ သင်တန်းမျိုးစုံအတူတူတက်ခဲ့တဲ့သူငယ်ချင်း ကိုဗစ်ကြောင့် သေဆုံ းရတယ် ဘာလို့လဲ

အိမ်မှာ သူ့အဖေကစဖျားတယ် ချောင်းဆိုးတယ် ညီမလုပ်သူက ဆေးရုံပို ့မယ်လို့ပြောတယ် သူကဆေးရုံမှာလဲ လူတွေမနိုင်ဘူး ကျပ်ညှပ်နေတာ ပဲ ရောဂါကသိပ်မဆိုးပါဘူးဆိုပြီး ပေါ့တွက်မိတယ် အိမ်မှာပဲထားတယ် နောက်ရက်သူပါ ဖျားလာတယ် ချောင်းဆို းလာတယ်

နောက် တခြားသူတွေက သိသွားတော့ မဖြစ်ဘူး ဆေးရုံပို့မှဆိုပြီး လုပ်ကြတယ် ဆေးရုံကားပေါ်မှာ သူနောက်ဆုံးပြောသွားတာက ငါကိုဗစ်ဖြစ်ပြီထင်တယ်ဆိုတဲ့ စကားပဲ အင်းစိန်ဆေးရုံမရောက်ခင် ကားပေါ်မှာပဲ အသက်ဆုံးပါတယ် တကယ့်ကို နှ မျောစရာဖြစ်ပါတ ယ် သေပြီးမှ ဓာတ်ခွဲ နမူနာယူပြီး စစ်ရတာ positive ထွ က်ပါတယ်

သူ့ အ ဖေကကျတော့ အင်းစိန်ဆေးရုံမှာ ပြည့်နေလို့ မြောက်ဥက္ကလာပဆေးရုံကို ပို့ပါတယ် သူ့သမီးအငယ်နဲ့အတူပါ ရောက်ရောက်ချင်း အတော့်ကို ဆိုးပါတယ် အသက်ကလဲ ၇၇ နဂိုရောဂါအခံတွေကလဲရှိတော့ အ တော့်ကို ကုသခဲ့ရပါတယ် ဓာတ်ခွဲနမူနာယူတော့လဲ သူလဲ positive ဖြစ်ပါတယ် ခုတော့ ကု သမှုတွေရပြီး အစားအသောက်တွေဝင်ပြီး အားနေတရားထိုင်နေနိုင်ပါပြီ ဘယ်လောက်ဝမ်းသာစရာကောင်းပါသလဲ

သားအဖ ၃ ယောက်မှာ သမီးအငယ်လေးကတော့ ပိုးမတွေ့ negative ပါ သူကတော့ ရောဂါပြင်းပြင်းထန်ထန် မခံစားရပါ။ ပြောချင် တာက ကိုဗစ်ဟာ မိသားစုတွေကို သေခြင်းတရားနဲ့ ရင်ဆိုင်ခိုင်းပြီး သေခွဲခွဲပါတာ် အဖေလုပ်သူ ကတော့ သူ့သမီးကြီးသေတာ မသိသေးပါ စိတ်မကောင်းဖြစ်ပြီး ပိုဆိုးမှာစိုးလို့ဖြစ်ပါတယ် လက်ရှိလဲဆေးရုံမှာ မဆင်းရသေးပါဘူး။

ကိုဗစ်ကြောင့် တကယ့်ကို ကြောက်စရာလန့်စရာအဖြစ်ကို ရောက်ရှိစေနိုင် တာမို့ ဂရုစိုက်ကြပါ။ ဒါဟာအဖြစ်မှန်ကို မခြွင်းမချန် အများအ ကျိုးရှိအောင် တင်ပြတာဖြစ်ပါတယ် အသိတရားရကြပါစေ။

ဒေါက်တာခင်ခင်ကြီး

Add a Comment

Your email address will not be published. Required fields are marked *