ျမန္မာေတြ က ေထာ္လဂ်ီ နဲ ့တူတယ္ ေျပာလို ့ေပါက္ကြဲ ေနၾကတဲ့ ဘဂၤလား ေရတပ္ရဲ ့ေရငုပ္ သေဘၤာ အေၾကာင္း

ျမန္မာ ဖက္ က ေထာ္လာဂ်ီ ႏွင့္ ခိုင္းႏႈိင္း သျဖင့္ ေပါက္ကြဲ ေန ေသာ ဘဂၤလားေဒ့ရွ္ႏွင့္ ထုိ ဘဂၤလားေဒ့ရွ္ေရတပ္၏ Type 035G Ming Class ေရ ငုပ္ သေဘၤာအေၾကာင္း တေစ့တေစာင္း

ျမန္မာ့တပ္ မ ေတာ္ သတင္းမွန္ျပန္ၾကားေရး ရဲ႕ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျမန္မာတို႔ ေနာက္ဆုံးပိုင္ဆိုင္ထားတဲ့ ႐ုရွားထုတ္ Kilo-class ေရငု ပ္သ ေဘၤာတစ္စီးနဲ႔ ဘဂၤလားတို႔ ပိုင္ဆိုင္ထားတဲ့ တ႐ုတ္ထုတ္ Ming-class ေရငုပ္သေဘၤာႏွစ္စီးကို ဥပမာေပး ႏႈိင္းယွဥ္ေျပာဆိုရာမွာ မာစီး ဒီး ၁စီး နဲ႔ ေထာ္လာဂ်ီ ၂စီး လို႔ေျပာၾကားခဲ့သည္။

ထို သို႔ ဥပမာ ေပးေျပာၾကားခဲ့သည္ကို ဘဂၤလားေဒ့ရွ္တို႔ အေတာ္ေလး ေဒါသထြက္ ခံျပင္းေနၾကေၾကာင္း ဘဂၤလားေဒ့ရွ္၏ Facebook Page မ်ား တြင္ ေရးသားထားၾကသည္ကို ေတြ႕ရွိရပါသည္။

ထို႔ ေၾကာင့္ ဘဂၤလားတို႔ပိုင္ဆိုင္ထားေသာ ေရငုပ္သေဘၤာ ၂စီးကို ကို ဆန္းစစ္ၾကည့္ရာတြင္

ဘဂၤလားေဒ့ရ္ွ ေရတပ္သည္ တ႐ုတ္ႏိုင္ငံထုတ္ Type 035 ေရငုပ္သေဘၤာကို ျပန္လည္မြမ္းမံထားသည့္ Type 035G Ming Class ၂ စီးကို အရစ္ က်ျဖင့္ ဝယ္ယူ ခဲ့သည္။

ထို Type 035 မ်ား သည္ ဆိုဗီယက္ေခတ္ ၁၉၅၀ တြင္ ထုတ္လုပ္သည့္ Romeo-class ေရငုပ္သေဘၤာမ်ားကို အေျခခံထုတ္လုပ္ထား ျခင္းျဖစ္ သည္ ဟု ဆိုပါသည္။Type 035G အား NATO မွ Ming Class ဟု သတ္မွတ္ထားသည္။

တ႐ုတ္ ႏိုင္ငံ ထုတ္ Yu-3 533 mm topedoes မ်ားကို ေရွ႕ပိုင္းတြင္ ပစ္စင္ ၆ ခုႏွင့္ ေနာက္ပိုင္းတြင္ ပစ္စင္ ၂ ခုတို႔ျဖင့္ တပ္ဆင္ထားသျဖင့္ ေရ ေပၚ ရန္အျပင္ ေရေအာက္ရန္ပါ တားဆီးႏိုင္စြမ္းရွိသလို ေရျမႇပ္ မိုင္း ၃၂ လုံးပါတင္ေဆာင္ထားပါ သည္။

ျမင္းေကာင္ ေရ ၅၂၀၀ ရွိေသာ ဒီဇယ္အင္ဂ်င္ ၂ လုံးကို တပ္ဆင္ထားသျဖင့္ ေရေအာက္တြင္ ၁၈ မိုင္ႏႈန္းႏွင့္ ေရေပၚတြင္ ၁၅ မိုင္ႏႈန္း ေမာင္းႏွင္ႏိုင္ ပါသည္ ။ ေရမိုင္ ၈ မိုင္ႏႈန္းျဖင့္ diesel-electric စြမ္းအင္သုံးကာ မိုင္ ၈၀၀၀ အထိ ခရီးဆန္႔ ႏိုင္စြမ္းရွိလွပါသည္။

တန္ ခ်ိန္ ၁၅၀၀ ေက်ာ္ရွိၿပီး တိုက္ပြဲဝင္ အေလးခ်ိန္ တန္ ၂၀၀၀ ေက်ာ္ရွိသလို အလ်ား ၇၆ မီတာ ရွည္လ်ားပါသည္။ Snoop Tray I-Band Surface Search radar ႏွင့္ ျပင္သစ္ႏိုင္ငံလုပ္ DUUX-5 Sonar ကို တပ္ဆင္ထားသလို

ယခင္ Type 035 Submarine တြင္ မပါဝင္သည့္ ေရေအာက္တြင္ ကာလၾကာရွည္စြာ ငုပ္လွ်ိဳး ႏိုင္သည့္ Air Independent Propulsion(AIP) စနစ္ အား Type 035G Ming-Class Submarine တြင္ တပ္ဆင္ထား သလို အရာရွိႏွင့္စစ္သည္ ၅၇ ဦး တာဝန္ ထမ္းေဆာင္ ႏိုင္ေပသည္။

ထို Ming Class 350 အမ်ိဳး အစား တ႐ုတ္ေရငုပ္သေဘၤာနံပါတ္ ၃၆၁ သည္ ၂၀၀၃ ဧၿပီ (၆)ရက္၌ ပင္လယ္ျပင္စစ္ေရးေလ့က်င့္စဥ္ ပ်က္ဆီးသြား ၍ ေရငုတ္သေဘၤာေပၚပါ အရာရွိစစ္သည္ အေယာက္(၇၀)က်ဆုံးခဲ့ဖူးသည့္ အတိတ္ျဖစ္ရပ္ဆိုးလည္းရွိခဲ့ဖူးသည္။

ဘန္ေကာက္ ၌ ၂၀၁၇ ေရတပ္နည္းပညာျပပြဲတြင္ မင္ 035G အားဝယ္ယူရန္ ျမန္မာ၊ဘဂၤလားေဒရွ႕္၊က်ဴးဘား၊ ထိုင္း၊ ေဆာ္ဒီတို႔မွ စိတ္ဝင္စားခဲ့ သည္။ ေနာက္ဆုံးတြင္ ဘတ္ဂ်က္ကန႔္သတ္ခ်က္ရွိသည့္ ဘဂၤလားေဒရွ႕္မွ ေဒၚလာ (၂၀၃) သန္းျဖင့္ (၁၀)ႏွစ္အသုံးျပဳၿပီး မင္ 035G ႏွစ္ စီး ဝယ္ယူခဲ့သည္။

ထို႔ ျပင္ ဘဂၤလားေဒ့ရွ္ Page မ်ားမွ ျမန္မာ့တပ္မေတာ္ ေရငုပ္သေဘၤာ နဲ႔ ဘဂၤလား ေရပိုင္နက္ကို လာခဲ့လို႔ ရသည္ စသည္ျဖင့္ ေျပာရလွ်င္ စိန္ေခၚ သည့္ သေဘာမ်ိဳးလည္း ေရးသားထားၾကပါသည္။

မည္သို႔ ပင္ ဆိုေစကာမူ ေနာက္ဆုံး သတိထားရမည့္အခ်က္တစ္ခုမွာ ေထာ္လာဂ်ီဘဲျဖစ္ျဖစ္ တိုက္မိလွ်င္ေတာ့ မာစီဒီးသည္လည္း အနည္းႏွင့္ အမ်ား ထိခိုက္မႈေတာ့ရွိႏိုင္မည္ကို သတိျပဳရမည္ ျဖစ္ပါသည္။

Ref  :  Ko Ko  Lin  Oo
( ေလးစား စြာ ခရက္ဒစ္ ေပးပါသည္ )

unicode

မြန်မာ ဖက် က ထော်လာဂျီ နှင့် ခိုင်းနှိုင်း သဖြင့် ပေါက်ကွဲ နေ သော ဘင်္ဂလားဒေ့ရှ်နှင့် ထို ဘင်္ဂလားဒေ့ရှ်ရေတပ်၏ Type 035G Ming Class ရေ ငုပ် သင်္ဘောအကြောင်း တစေ့တစောင်း

မြန်မာ့တပ် မ တော် သတင်းမှန်ပြန်ကြားရေး ရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာတို့ နောက်ဆုံးပိုင်ဆိုင်ထားတဲ့ ရုရှားထုတ် Kilo-class ရေငု ပ်သ င်္ဘောတစ်စီးနဲ့ ဘင်္ဂလားတို့ ပိုင်ဆိုင်ထားတဲ့ တရုတ်ထုတ် Ming-class ရေငုပ်သင်္ဘောနှစ်စီးကို ဥပမာပေး နှိုင်းယှဉ်ပြောဆိုရာမှာ မာစီး ဒီး ၁စီး နဲ့ ထော်လာဂျီ ၂စီး လို့ပြောကြားခဲ့သည်။

ထို သို့ ဥပမာ ပေးပြောကြားခဲ့သည်ကို ဘင်္ဂလားဒေ့ရှ်တို့ အတော်လေး ဒေါသထွက် ခံပြင်းနေကြကြောင်း ဘင်္ဂလားဒေ့ရှ်၏ Facebook Page များ တွင် ရေးသားထားကြသည်ကို တွေ့ရှိရပါသည်။

ထို့ ကြောင့် ဘင်္ဂလားတို့ပိုင်ဆိုင်ထားသော ရေငုပ်သင်္ဘော ၂စီးကို ကို ဆန်းစစ်ကြည့်ရာတွင်

ဘင်္ဂလားဒေ့ရ်ှ ရေတပ်သည် တရုတ်နိုင်ငံထုတ် Type 035 ရေငုပ်သင်္ဘောကို ပြန်လည်မွမ်းမံထားသည့် Type 035G Ming Class ၂ စီးကို အရစ် ကျဖြင့် ဝယ်ယူ ခဲ့သည်။

ထို Type 035 များ သည် ဆိုဗီယက်ခေတ် ၁၉၅၀ တွင် ထုတ်လုပ်သည့် Romeo-class ရေငုပ်သင်္ဘောများကို အခြေခံထုတ်လုပ်ထား ခြင်းဖြစ် သည် ဟု ဆိုပါသည်။Type 035G အား NATO မှ Ming Class ဟု သတ်မှတ်ထားသည်။

တရုတ် နိုင်ငံ ထုတ် Yu-3 533 mm topedoes များကို ရှေ့ပိုင်းတွင် ပစ်စင် ၆ ခုနှင့် နောက်ပိုင်းတွင် ပစ်စင် ၂ ခုတို့ဖြင့် တပ်ဆင်ထားသဖြင့် ရေ ပေါ် ရန်အပြင် ရေအောက်ရန်ပါ တားဆီးနိုင်စွမ်းရှိသလို ရေမြှပ် မိုင်း ၃၂ လုံးပါတင်ဆောင်ထားပါ သည်။

မြင်းကောင် ရေ ၅၂၀၀ ရှိသော ဒီဇယ်အင်ဂျင် ၂ လုံးကို တပ်ဆင်ထားသဖြင့် ရေအောက်တွင် ၁၈ မိုင်နှုန်းနှင့် ရေပေါ်တွင် ၁၅ မိုင်နှုန်း မောင်းနှင်နိုင် ပါသည် ။ ရေမိုင် ၈ မိုင်နှုန်းဖြင့် diesel-electric စွမ်းအင်သုံးကာ မိုင် ၈၀၀၀ အထိ ခရီးဆန့် နိုင်စွမ်းရှိလှပါသည်။

တန် ချိန် ၁၅၀၀ ကျော်ရှိပြီး တိုက်ပွဲဝင် အလေးချိန် တန် ၂၀၀၀ ကျော်ရှိသလို အလျား ၇၆ မီတာ ရှည်လျားပါသည်။ Snoop Tray I-Band Surface Search radar နှင့် ပြင်သစ်နိုင်ငံလုပ် DUUX-5 Sonar ကို တပ်ဆင်ထားသလို

ယခင် Type 035 Submarine တွင် မပါဝင်သည့် ရေအောက်တွင် ကာလကြာရှည်စွာ ငုပ်လျှိုး နိုင်သည့် Air Independent Propulsion(AIP) စနစ် အား Type 035G Ming-Class Submarine တွင် တပ်ဆင်ထား သလို အရာရှိနှင့်စစ်သည် ၅၇ ဦး တာဝန် ထမ်းဆောင် နိုင်ပေသည်။

ထို Ming Class 350 အမျိုး အစား တရုတ်ရေငုပ်သင်္ဘောနံပါတ် ၃၆၁ သည် ၂၀၀၃ ဧပြီ (၆)ရက်၌ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်စဉ် ပျက်ဆီးသွား ၍ ရေငုတ်သင်္ဘောပေါ်ပါ အရာရှိစစ်သည် အယောက်(၇၀)ကျဆုံးခဲ့ဖူးသည့် အတိတ်ဖြစ်ရပ်ဆိုးလည်းရှိခဲ့ဖူးသည်။

ဘန်ကောက် ၌ ၂၀၁၇ ရေတပ်နည်းပညာပြပွဲတွင် မင် 035G အားဝယ်ယူရန် မြန်မာ၊ဘင်္ဂလားဒေရှ့်၊ကျူးဘား၊ ထိုင်း၊ ဆော်ဒီတို့မှ စိတ်ဝင်စားခဲ့ သည်။ နောက်ဆုံးတွင် ဘတ်ဂျက်ကန့်သတ်ချက်ရှိသည့် ဘင်္ဂလားဒေရှ့်မှ ဒေါ်လာ (၂၀၃) သန်းဖြင့် (၁၀)နှစ်အသုံးပြုပြီး မင် 035G နှစ် စီး ဝယ်ယူခဲ့သည်။

ထို့ ပြင် ဘင်္ဂလားဒေ့ရှ် Page များမှ မြန်မာ့တပ်မတော် ရေငုပ်သင်္ဘော နဲ့ ဘင်္ဂလား ရေပိုင်နက်ကို လာခဲ့လို့ ရသည် စသည်ဖြင့် ပြောရလျှင် စိန်ခေါ် သည့် သဘောမျိုးလည်း ရေးသားထားကြပါသည်။

မည်သို့ ပင် ဆိုစေကာမူ နောက်ဆုံး သတိထားရမည့်အချက်တစ်ခုမှာ ထော်လာဂျီဘဲဖြစ်ဖြစ် တိုက်မိလျှင်တော့ မာစီဒီးသည်လည်း အနည်းနှင့် အများ ထိခိုက်မှုတော့ရှိနိုင်မည်ကို သတိပြုရမည် ဖြစ်ပါသည်။

Ref  :  Ko Ko  Lin  Oo
( လေးစား စွာ ခရက်ဒစ် ပေးပါသည် )

Add a Comment

Your email address will not be published. Required fields are marked *