လူ သားေတြ အတြက္ ေနာက္ ထပ္ေမွ်ာ္ လင့္ခ်က္ တစ္ ခု တိုး လာ ပါၿပီ။ ကမာၻႀကီး ရဲ႕ ျဖတ္ သန္းမႈ သမိုင္း တ ေလ်ာက္လုံး ေဘး အႏၲရာယ္ ဆိုး ေတြ အႀကိမ္ ႀကိမ္ ႀကဳံခဲ့ ရ ေပမယ့္ ေနာက္ ဆံုး လူသားေတြပဲ အႏိုင္ရခဲ့တယ္ မဟုတ္လားတကၠဆက္ျပည္နယ္မွ လူငယ္ေက်ာင္းသူ တစ္ ဦးက ကိုဗစ္ႏိုင္တင္းေရာဂါကို ကုသႏိုင္ဖို႔ အလားအလာရွိတဲ့ စမ္းသပ္ေတြ႕ရွိမႈတစ္ခုကို ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ဆုေငြ ေဒၚလာ ၂၅၀၀၀ ရရွိခဲ့ ပါတယ္။
အသက္ (၁၄) ႏွစ္ သာရွိေသးတဲ့ Frisco ၿမိဳ႕အထက္တန္းေက်ာင္းသူ Anika Chebrolu ဆိုသူက3M Young Scientist Challenge ၿပိဳင္ပြဲမွာ ကိုဗစ္ ႏိုင္တင္းျဖစ္ေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္ရဲ႕ ပ႐ိုတိန္းကို ခ်ည္ေႏွာင္ထိန္းခ်ဳပ္ထားႏိုင္တဲ့ ေမာ္လီက်ဴးတစ္မ်ိဳးကို ေဖာ္ထုတ္ႏိုင္ခဲ့ ၿပီး ဗိုင္းရပ္စ္ ကို ဆက္လက္ၿပီး အလုပ္မလုပ္ႏိုင္ဘဲ ရပ္တန႔္သြားေအာင္ ႀကိဳးပမ္းႏိုင္ခဲ့မႈေၾကာင့္ ၿပိဳင္ပြဲမွာ အႏိုင္ရရွိသြားတာျဖစ္ၿပီး ႏိုင္ငံရဲ႕ထိပ္ တန္း လူငယ္သိပၸံပညာရွင္တစ္ဦး အျဖစ္ ခ်ီးမႊမ္းေနၾကပါ တယ္ ။
သာမာန္ လူတစ္ေယာက္အေနနဲ႔ သူမရဲ႕ႀကိဳးပမ္းခဲ့မႈက မယုံႏိုင္စရာ အလြန္ေကာင္းပါတယ္။ Anika Chebrolu က ျဒပ္ေပါင္းမ်ား ၆၈၂ သန္းေက်ာ္ ေဒတာ အခ်က္အလက္မ်ားကို ကြန္ျပဴတာ ပ႐ိုဂရမ္တခ်ိဳ႕ႏွင့္ အသုံးျပဳခဲ့ၿပီး ေမာ္လီက်ဴးက ကို႐ိုနာဗိုင္းရပ္စ္ကို ဘယ္လို နဲ႔ ဘယ္ေနရာမွာ ခ်ည္ေႏွာင္ ထားႏိုင္သလဲ ဆိုတာကို စူးစမ္းရွာေဖြခဲ့တယ္လို႔ ဆိုပါတယ္။
Anika Chebrolu က ၿပိဳင္ပြဲ ကိုဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့အခ်ိန္မွာ (၈) တန္းကို တက္ေရာက္ေနသူျဖစ္ၿပီး အေစာပိုင္းတုန္းက သူမ လုပ္ခ်င္ခဲ့ တဲ့ သိပၸံပေရာဂ်က္ က ရာသီတုတ္ေကြးေရာဂါကို တိုက္ခိုက္ဖို႔ နည္းလမ္းမ်ားရွာေဖြဖို႔ ျဖစ္ၿပီး ကိုဗစ္ႏိုင္တင္းေၾကာင့္ ေဝဒနာဒုကၡခံစားရတဲ့လူနာရွင္မ်ား ရဲ႕ သတင္းေတြကို ၾကားခဲ့ရၿပီး ေနာက္ပိုင္းမွာ ပေရာဂ်က္ဦးတည္ခ်က္ကို ေျပာင္းလဲခဲ့တာလို႔ ဆိုပါတယ္။ Anika Chebrolu က သူမ အား သိပၸံပညာရပ္ကို စိတ္ဝင္စားလာေအာင္ တြန္းအားေပး ပံ့ပိုးေပးခဲ့တဲ့ အဖိုးျဖစ္သူ ဓာတုေဗဒပညာရွင္ ပေရာဖက္ဆာ ကိုလည္း အသိ အမွတ္ျပဳ ေၾကာင္း ေျပာ ၾကားခဲ့ ပါ တယ္ ။
unicode
လူ သားတွေ အတွက် နောက် ထပ်မျှော် လင့်ချက် တစ် ခု တိုး လာ ပါပြီ။ ကမ္ဘာကြီး ရဲ့ ဖြတ် သန်းမှု သမိုင်း တ လျောက်လုံး ဘေး အန္တရာယ် ဆိုး တွေ အကြိမ် ကြိမ် ကြုံခဲ့ ရ ပေမယ့် နောက် ဆုံး လူသားတွေပဲ အနိုင်ရခဲ့တယ် မဟုတ်လားတက္ကဆက်ပြည်နယ်မှ လူငယ်ကျောင်းသူ တစ် ဦးက ကိုဗစ်နိုင်တင်းရောဂါကို ကုသနိုင်ဖို့ အလားအလာရှိတဲ့ စမ်းသပ်တွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆုငွေ ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ ပါတယ်။
အသက် (၁၄) နှစ် သာရှိသေးတဲ့ Frisco မြို့အထက်တန်းကျောင်းသူ Anika Chebrolu ဆိုသူက3M Young Scientist Challenge ပြိုင်ပွဲမှာ ကိုဗစ် နိုင်တင်းဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းကို ချည်နှောင်ထိန်းချုပ်ထားနိုင်တဲ့ မော်လီကျူးတစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ ပြီး ဗိုင်းရပ်စ် ကို ဆက်လက်ပြီး အလုပ်မလုပ်နိုင်ဘဲ ရပ်တန့်သွားအောင် ကြိုးပမ်းနိုင်ခဲ့မှုကြောင့် ပြိုင်ပွဲမှာ အနိုင်ရရှိသွားတာဖြစ်ပြီး နိုင်ငံရဲ့ထိပ် တန်း လူငယ်သိပ္ပံပညာရှင်တစ်ဦး အဖြစ် ချီးမွှမ်းနေကြပါ တယ် ။
သာမာန် လူတစ်ယောက်အနေနဲ့ သူမရဲ့ကြိုးပမ်းခဲ့မှုက မယုံနိုင်စရာ အလွန်ကောင်းပါတယ်။ Anika Chebrolu က ဒြပ်ပေါင်းများ ၆၈၂ သန်းကျော် ဒေတာ အချက်အလက်များကို ကွန်ပြူတာ ပရိုဂရမ်တချို့နှင့် အသုံးပြုခဲ့ပြီး မော်လီကျူးက ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို နဲ့ ဘယ်နေရာမှာ ချည်နှောင် ထားနိုင်သလဲ ဆိုတာကို စူးစမ်းရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
Anika Chebrolu က ပြိုင်ပွဲ ကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာ (၈) တန်းကို တက်ရောက်နေသူဖြစ်ပြီး အစောပိုင်းတုန်းက သူမ လုပ်ချင်ခဲ့ တဲ့ သိပ္ပံပရောဂျက် က ရာသီတုတ်ကွေးရောဂါကို တိုက်ခိုက်ဖို့ နည်းလမ်းများရှာဖွေဖို့ ဖြစ်ပြီး ကိုဗစ်နိုင်တင်းကြောင့် ဝေဒနာဒုက္ခခံစားရတဲ့လူနာရှင်များ ရဲ့ သတင်းတွေကို ကြားခဲ့ရပြီး နောက်ပိုင်းမှာ ပရောဂျက်ဦးတည်ချက်ကို ပြောင်းလဲခဲ့တာလို့ ဆိုပါတယ်။ Anika Chebrolu က သူမ အား သိပ္ပံပညာရပ်ကို စိတ်ဝင်စားလာအောင် တွန်းအားပေး ပံ့ပိုးပေးခဲ့တဲ့ အဖိုးဖြစ်သူ ဓာတုဗေဒပညာရှင် ပရောဖက်ဆာ ကိုလည်း အသိ အမှတ်ပြု ကြောင်း ပြော ကြားခဲ့ ပါ တယ် ။