(၁) ၂၀၁၅ က TED Talk မှာ ဘီလ်ဂိတ် က “လာမယ့် ဆယ်စု နှစ်အနည်းငယ်မှာ ကူးစက်နှုန်းမြန်တဲ့ ဗိုင်းရပ်စ်က လူ ၁၀ သန်းကျော်ကို သတ်နိုင်တယ်” လို့ြေ ပာခဲ့တယ်။ ၂၀၁၇ တုန်းက CNN က GPS အစီအစဉ်မှာ ဖာရိဒ် ဇာကရီးယားက “အပ်ဖျားထိပ်ထက် အဆပေါင်းထောင် ချီသေး တဲ့ ဗိုင်းရပ်စ်ပိုးက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းကြီးကို ဖြ စ်လာလိမ့်မယ်” လို့ဆိုခဲ့ပြန်တယ်။
(၂) အသက် ၃၃ နှစ်မှာ ဇီဝဗေဒနို ဘယ်ဆုရခဲ့တဲ့ လီဒါ ဘာ့ဂ်ျက ၁၉၈၉ ခုနှစ်က ဗိုင်းရပ်စ်တွေနဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲတခုမှာ အခုဆိုလူတွေရဲ့ သက်တမ်းဟာ အတော်ရှည်လာလို့ သဘာဝကပေးလာတဲ့အကန့်အသတ် ထ က်ကျော်နေပြီ။ အခု လူဟာသဘာဝက ဖန်တီးတဲ့မျိုး စိတ်မဟုတ်ေ တာ့ဘူး။ လူလုပ်မျိုးစိတ် ဖြစ်နေပြီ။ လူအတွက် အဓိ ကပြိုင်ဘက်က ဗိုင်းရပ်စ်ပဲ။ လူနဲ့ဗိုင်းရပ်စ်ရဲ့ ပြိုင်ပွဲမှာ ဗိုင်းရပ်စ်က နိုင်သွားနိုင်တယ်” ဆိုပြီး ပြောခဲ့ဖူး တယ်။
(၃) လူဟာချမ်းသာလာတာ နဲ့အမျှအသားစားနှုန်းတိုးလာတယ် ကမ္ဘာမှာ တနှစ်ကို တိရိစ္ဆာန်အကောင်ရေ ဘီလျံ ၈၀ လောက်သတ်ဖြတ်ေ နရတယ်။ အဲ့လို သတ်ဖြတ်နိုင် ဖို့ မွေြး မူရေးခြံကြီးတွေမှာမျိုးဗီဇပြုပြင်ထားတဲ့တိ ရိစ္ဆာန် တွေကိုအလုံးအရင်းမွေးမြူကြရတယ်။ ဒီတော့တိရိစ္ဆာန်တွေမှာ မျိုးဗီဇပြုပြင်မှုကြောင့် ဇီဝအမယ်စုံတာမျိုး မ ရှိ တော့ဘူး။ ဇီဝအမယ်စုံမှုမရှိတော့ သဘာဝက ပေးတဲ့ ကိုယ်ခံအားမီးကာ (immunological firebreak) မရှိတော့ဘူး။ ဒီတော့ ဇီဝဗေဒပညာရှင် Wallace က မွေးမြူရေြး ခံကြီးတွေက ကြော စရာအကောင်းဆုံး ဗိုင်း ရပ်စ်တွေကူးစက်ဖို့ အဖြစ်နိုင်ဆုံးနေရာလို့ဆိုလာတ ယ်။
(၄) လူဟာ ဖွံ့ဖြိုးလာတာနဲ့အမျှ သဘာဝကို ကိုလိုနီ ပြုလာကြတယ်။ အဲ့ဒီေ တာ့ လူနဲ့ သဘာဝတိရိစ္ဆာန်တွေရဲ့ ကြားထဲမှာ သဘာဝအရံအတိုင်းတွေ မရှိသလောက်ဖြစ် လာတယ်။ အဲ့ဒီအ တွက်သဘာဝတိရိစ္ဆာန်တွေဆီကဗိုင်း ရပ်စ်တွေ လူကို ကူးဖို့လွယ်လာတာ။ ဒါဟာအတော်အန္တ ရာယ်ရှိနေ ပြီဆိုတာကိုလဲ သဘာဝပတ်ဝန်းကျင်သမား တွေ၊ ဗိုင်းရ ပ်စ်ပညာရှင်တွေက သတိပေးခဲ့ကြတာပဲ။
(၅) ပြောရရင် ဗိုင်းရပ်စ် ကပ်ရောဂါကူးစက်မှုအကြောင်း ကို အတွေးအခေါ်သမားတွေ၊ သိပ္ပံပညာရှင်တွေ သတိပေးခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျနော်တို့ဟာ နေ့စဉ် ဘ၀ထဲမှာလည်ပတ်ရင်း ဒါတွေကို လျစ်လျူရှုခဲ့မြိ ကပါတယ်။ အခုတော့ ကပ်ရောဂါကြီးနဲ့ အပ်ချမတ်ချရင်ဆိုင်နေ ရပါပြီ။
(၆) ယနေ့ကမ္ဘာကြီးရဲ့တိုးတက်ဖြစ်ပေါ်မှုကိုလေ့လာရင် အတွေး အခေါ်တွေရဲ့အခန်းကဏ္ဍက အတော်လေး အေ ရးကြီးတယ်။ အတွေးအခေါ် ရှေ့ဆောင်ေ နတဲ့ ကမ္ဘာကြီးမှာ ကျနော်တို့ ရှင်သန်နေထိုင်နေရတယ်။ အဲ့ဒီ့အတွက် နိုင်ငံတွေဟာအတွေးအခေါ်စက်ရုံကြီးတွေ (idea factory)ေ တွကို တည်နေကြပြီ။ တခါက အမေရိက မှာ အတွေးအခေါ်စက်ရုံကြီးတွေကို သွားလေ့လာဖြစ် တော့ ဒီစက်ရုံကြီးတွေမှာ အငွေ့တထောင်းေ ထာင်းထ အောင်တွေးခေါ်နေကြတာကိုေ တွ့ရတော့ အားကျမိခဲ့ တယ်။
(၇) အခုကိုဗ စ်ကိစ္စမှာလည်း အတွေးအခေါ်သမားတွေ သိပ္ပံပညာရှင်တွေက အကြိမ်ကြိမ် သတိေ ပးခဲ့ကြပေမဲ့ လျစ်လျူရှုခဲ့မိကြတယ်။ ဒေါ်နယ်ထရမ့် ဆို ဒီလောက် သတိပေးနေကြတဲ့ကြားက ကပ်ရောဂါကာကွယ်ရေးနဲ့ြ ကိုတင်ပြင်ဆင်ရေး ဘတ်ဂျက်ကို လျှော့လိုက်တယ်။ ဒီဒဏ်ကို အမေ ရိကန်အလူးအလဲခံနေရတာပေါ့။
(၈) တခါတေ လဗွက်ထဲက တက်လာတဲ့သူဟာ ဗွက်နဲ့ ရုန်းဖို့စဉ်းစားကြတာဓ မ္မတာပါပဲ။ ဒါပေမဲ့အတွေးအခေါ် ရှေ့ဆောင်တဲ့ခေတ်မှာ ကိုယ်နဲ့ရင်းပြီးလုပ် တိုင်းလည်း မပေါက်မြောက်နိုင်တော့ဘူး။ တခါက ဆရာတယောက် ပြောတာသတိရတယ်။ လက်ကြမ်းကြီးနဲ့လုပ်မှ အလုပ် မဟုတ်ေ တာ့ဘူးလေ။ တွေးရခေါ်ရမှာကို မုန်းတဲ့သူက အတွေးအခေါ်ကိုခါးသီးတာ ဓမ္မတာပဲ။ ဒါပေမဲ့အတွေး အခေါ်ဆန့်ကျင်ရေးလမ်းကြောင်း၊ အသိပညာဆန့်ကျင် ရေးလမ်းကြောင်းကြီးတွေသိသိ သာသာဖြစ်လာပြီဆိုရင်တော့ အဲ့တိုင်းပြည် သတိသာထားပေရော့ပဲ ။
source : ကိုရဲ
crd:zet star