မဆုံးခင္ အခ်ိန္ ေလး မွာ ခင္ပြန္း ျဖစ္သူ အတြက္ စာေလးတစ္ေစာင္ ေရးေပးခဲ့တဲ့ အဆိုေတာ္ မီးမီးခဲ

Posted on

ျပည္ သူ ခ်စ္ ေတးသံရွင္ မီးမီးခဲ ကေတာ့ ေအာက္တိုဘာ ၁၆ ရက္ေန႔က အားလုံးကို ႏႈတ္ဆက္ကာ ဘဝတပါးကို ေျပာင္းလဲ ကြယ္လြန္ခဲ့ပါတယ္။ မီးမီးခဲကြယ္လြန္သြားတဲ့အေပၚ အႏုပညာရွင္အမ်ားအျပား ဝမ္းနည္းစကားဆိုခဲ့ၾကသလို သူမနဲ႔အမွတ္တရေလးေတြကိုလည္းေျပာ ၾကားခဲ့ၾကတာပါယေန႔မွာေတာ့ သူမရဲ့ ခင္ပြန္းျဖစ္သူက မီးမီးခဲမကြယ္လြန္ခင္ ေနာက္ဆုံးေရးသားခဲ့တဲ့ စာေလးကို ေဝမၽွေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ” ေမၽွာ္လင့္ခ်က္ ကင္းမဲ့ခ်ိန္ ေဘးမွာ အျမဲရွိေနေပးတဲ့ ခ်စ္သူ ” ဆိုၿပီး ေရးသား ထားတာကို ဝမ္းနည္းစြာျဖင့္ ထုတ္ျပလာ တာပဲ ျဖစ္ပါတယ္။

မီးမီးခဲရဲ့ ခင္ပြန္းျဖစ္သူက “အယ္တုန္းေရ အယ္ ကၽြန္‌ေတာ့္ အတြက္ ဒီစကားေလးကို‌ ေနာက္ဆုံး ေရးခဲ့ေပးတယ္(ေမၽွာ္လင့္ခ်က္ကင္းမဲ့ခ်ိန္မွာ ေဘး မွာ အျမဲရွိေနေပးတဲ့ ခ်စ္သူ) တဲ့။ အခု အယ္က ကၽြန္ေတာ့္ ေဘးမွာ မရွိေတာ့ဘူး။ဒါေပမယ့္ အယ္ကၽြန္ေတာ့္ အတြက္ေရးပီးဆိုထား တဲ့ (ငါ့ရဲ့မ်က္ဝန္းညိဳ) သီခ်င္းေလးလိုပဲ တစ္သက္လုံး ကၽြန္ေတာ္က အယ့္ ရင္ဘတ္ ထဲက မ်က္ဝန္းညိဳပါ I LOVE YOU SO MUCH EH” လို႔ သူရဲ့ လူမႈကြန္ယက္စာမ်က္ႏွာကတဆင့္ေဝမၽွလာခဲ့တာျဖစ္ပါတယ္

မီးမီးခဲ ကေတာ့ ကင္ဆာေရာဂါကို ႀကံ့ႀကံ့ခံရင္ဆိုင္နိုင္ခဲ့ဖို႔ အားအင္ေတြေပးခဲ့တဲ့ ခင္ပြန္းျဖစ္သူကို သူမ မဆုံးခင္မွာ စာေလးတစ္ေစာင္ခ်န္ထားခဲ့ေ ပးတာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီးလည္း မီးမီးခဲအတြက္ ဆုေတာင္းစကားေလး ေျပာခဲ့ၾကပါအုန္းေနာ္…

unicode

ပြည် သူ ချစ် တေးသံရှင် မီးမီးခဲ ကတော့ အောက်တိုဘာ ၁၆ ရက်နေ့က အားလုံးကို နှုတ်ဆက်ကာ ဘဝတပါးကို ပြောင်းလဲ ကွယ်လွန်ခဲ့ပါတယ်။ မီးမီးခဲကွယ်လွန်သွားတဲ့အပေါ် အနုပညာရှင်အများအပြား ဝမ်းနည်းစကားဆိုခဲ့ကြသလို သူမနဲ့အမှတ်တရလေးတွေကိုလည်းပြော ကြားခဲ့ကြတာပါယနေ့မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူက မီးမီးခဲမကွယ်လွန်ခင် နောက်ဆုံးရေးသားခဲ့တဲ့ စာလေးကို ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကတော့ ” မျှော်လင့်ချက် ကင်းမဲ့ချိန် ဘေးမှာ အမြဲရှိနေပေးတဲ့ ချစ်သူ ” ဆိုပြီး ရေးသား ထားတာကို ဝမ်းနည်းစွာဖြင့် ထုတ်ပြလာ တာပဲ ဖြစ်ပါတယ်။

မီးမီးခဲရဲ့ ခင်ပွန်းဖြစ်သူက “အယ်တုန်းရေ အယ် ကျွန်‌တော့် အတွက် ဒီစကားလေးကို‌ နောက်ဆုံး ရေးခဲ့ပေးတယ်(မျှော်လင့်ချက်ကင်းမဲ့ချိန်မှာ ဘေး မှာ အမြဲရှိနေပေးတဲ့ ချစ်သူ) တဲ့။ အခု အယ်က ကျွန်တော့် ဘေးမှာ မရှိတော့ဘူး။ဒါပေမယ့် အယ်ကျွန်တော့် အတွက်ရေးပီးဆိုထား တဲ့ (ငါ့ရဲ့မျက်ဝန်းညို) သီချင်းလေးလိုပဲ တစ်သက်လုံး ကျွန်တော်က အယ့် ရင်ဘတ် ထဲက မျက်ဝန်းညိုပါ I LOVE YOU SO MUCH EH” လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့်ဝေမျှလာခဲ့တာဖြစ်ပါတယ်

မီးမီးခဲ ကတော့ ကင်ဆာရောဂါကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ဖို့ အားအင်တွေပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူကို သူမ မဆုံးခင်မှာ စာလေးတစ်စောင်ချန်ထားခဲ့ေ ပးတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း မီးမီးခဲအတွက် ဆုတောင်းစကားလေး ပြောခဲ့ကြပါအုန်းနော်…

Leave a Reply

Your email address will not be published. Required fields are marked *