နယ်စပ် ဖြတ် ကျော်လာ သည့် တရုတ် စစ်သားကို အိန္ဒိယက ပြန်လည် လွှဲပြောင်းပေး








unicode

ဟိမဝန္တာ တောင်တန်း ဒေသ တွင် အိန္ဒိယ နယ်မြေ ဘက်သို့ နယ်ကျော် လာသည့် တရုတ် စစ်သား (၁) ယောက် ကို အိန္ဒိယ အာဏာ ပိုင်များ က ပြန်လည် လွှဲပြောင်းပေး သည်။

တရုတ်ြ ပည်သူ့ လွတ်မြောက်ရေး တပ်မ တော် (ပီ လယ်လ်အေ )စစ်သား တစ် ယောက် လာဒါ့ဒေသ မှ ဒမ်ချော့ သို့ရောက်လာ သည် ဟု အိန္ဒိယ က တနင်္လာနေ့ တွင်ပြော သည် ။

မျက်စိလည် လမ်းမှား ပြီး ထိုစစ်သား ရောက်လာ ပြီး ဆေးဝါး ကုသမှု နှင့် အောက်စီဂျင် ပေးခဲ့ကြောင်း အိန္ဒိယ ကြည်းတပ် က ထုတ်ပြန်သည် ။

ဇွန်လမှ စတင်၍ ပိုင်နက် အငြင်းပွား လာဒါ့ဒေသ တွင် တရုတ်နှင့် အိန္ဒိယ တို့ တင်းမာမှု များမြင့်တက် နေချိန် တွင် ယခုဖြစ် ရပ်ဖြစ် လာသည် ။ အခြေအနေတင်းမာမှုလျော့ကျစေရန် နှစ်ဖက်စစ်ဘက်အရာရှိများဆွေးနွေးမှုအကြိမ်ကြိမ်ပြုလုပ်ထားသည်။

လက်ရှိ သဘောတူ ထားသည့်လုပ်ထုံးလုပ်နည်းများအရ ထိုစစ်သားကိုပြန်လည်လွှဲပြောင်းခဲ့ခြင်းဟု အိန္ဒိယစစ်တပ်ကပြောသည်။
နယ်မြေ သတ် မှတ် မှု အားနည်းသည့်နေရာတလျှောက်တွင် နှစ်နိုင်ငံတပ်ဖွဲ့များ အခါအားလျော်စွ ာထိတွေ့မှုဖြစ်ပွားလေ့ရှိ သည် ။

crd : People media

Add a Comment

Your email address will not be published. Required fields are marked *