မြန်မာကို ရဲရဲ တင်းတင်း ရန်စောင် ရဲတဲ့ ဘင်္ဂလားဒေ့ရှ် ရဲ့ အနောက်မှာ ဘယ်လို အားကိုးမျိုး ရှိနေသလဲ ?  …

ဘင်္ဂလားဒေ့ရှ် ရဲ့ စားနပ် ရိက္ခာ တင်သွင်း တဲ့ လမ်းကြောင်း နဲ့ ကုန်သွယ်ရေး လမ်းကြောင်း ရဲ့ အဓိက အသက် သွေးကြော က ပင်လယ်ရေ ကြောင်း ပဲ ဖြစ် ပါ တယ် ။ မြန်မာ က ဘင်္ဂလား ပင်လယ်အော် က နေ ကပ္ပလီ ပင်လယ် အထိ ကမ်းရိုးတန်း အရှည် ကြီး ပိုင်ဆိုင် ပါတယ် ။ ထိုနည်း တူ မြန်မာ နဲ့ အ ပြိုင် အိန္ဒိယ ကလည်း ပိုင်ဆိုင် ထား ပါ တယ် ။

ဘင်္ဂလားဒေ့ရှ် ရဲ့ စိုးရိမ် မှု က မြန်မာ နဲ့ အိန္ဒိယ ၂ ဘက် ညှပ် ပြီး သူ့ရဲ့ ပင်လယ် ရေ ကြောင်း ထွက်ပေါက် ကို ပိတ်ဆို့ လိုက် မှာကိုပါပဲ။ ဒီလို သာ ပိတ် ဆို့ ခံ ရရင် စားနပ် ရိက္ခာ ပြည်ပ က နေ နှစ်စဉ် အလှူခံ စားသောက် နေရတဲ့ ဘင်္ဂလားဒေ့ရှ် အ နေနဲ့ ၆လ က နေ တစ်နှစ် အ တွင်း အကြီး အကျယ် အငတ်ဘေး ဆိုက် သွားဖွယ် ရာ ရှိ ပါ တယ် ။

ဘင်္ဂလားဒေ့ရှ် ရဲ့ နေဗီ အင် အား ဘယ်လောက် ကောင်းကောင်း မြန်မာ ကို အံတုနိုင် ဖို့ ဆိုရင် ဘီအိုဘီက နေ အိန္ဒိယ သမုဒ္ဒရာ နဲ့ ကပ္ပလီပင်လယ် ဆုံရာ အစပ် အထိ တပ်ဖြန့် နိုင် မှပဲ သူ့ရဲ့ ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း ကို ထိန်းသိမ်းနိုင် မှာ ဖြစ် ပါ တယ် ။

အိန္ဒိယ နဲ့ အ ပေးအယူ လုပ်ထားရင်တော့ ဒီပြဿနာ က ပြေလည် နိုင် ပါ တယ် ။ အိန္ဒိယ က သူ့ ရေပိုင်နက် ထဲ က နေ တူရကီ တို့ ဆော်ဒီ တို့ ကနေ ဘင်္ဂလားဒေရှ့် ကို သွားမယ့် ထောက်ပံ့ေ ရး သင်္ဘောတွေ ကို ဖြတ်သန်း ခွင့်ပြုခဲ့မယ် ဆိုရင်ေ ပါ့။ မြန်မာ နေဗီအနေနဲ့ အိန္ဒိယရေပိုင်န က်ထဲထိ စောက်ပြဿနာ လိုက်ရှာလို့ ရမှာ မဟုတ်တာ ဘင်္ဂလားဒေ့ရှ်က  ကောင်းကောင်း သိထားပါတယ်။ ဒါကြောင့်  စစ်ရေးတင်မာမှု အရှိန်မြင့်လာခဲ့ ရင် သူ့ဂယ်ပေါက် သူ လုံအောင် အိန္ဒိယ ကို အပေးအယူ တစ်ခုနဲ့ ကမ်းလှမ်းေ ကာင်း ကမ်းလှမ်းဖို့ ရှိပါ တယ် ။

ဒါအေ သအခ်ာပါပဲ။ အိန္ဒိယက သာ ဘင်္ဂလားဘက် ကို ယိမ်းခဲ့မယ် ဆိုရင် အိန္ဒိယ ရဲ့ အရှေ့ စွန်ဖျား ပြည်နယ် များ ဖွံ့ဖြိုးရေးစီမံ ကိန်းတွေ သဲထဲရေသွန် ဖြစ်ဖို့ရာပဲ ရှိပါတယ်။ အိန္ဒိယ သာ ဘင်္ဂလားဒေ့ရှ်ဘ က်ကိုပါရင် တရုတ် က အလိုလို မြန်မာဘက် ပါပြီးသားပါ။ အိန္ဒိယရဲ့ အရှေ့ ပိုင်းပြည်နယ်တွေ ကနေ နိုင်ငံအသစ်ေ တွတောင် ထွက်ပေါ်လာ နိုင်ပါတယ်။ ဒါက အကျိုးဆက်ေ တွကို ခန့်မှန်း တာပါ။ ဒီထက် လည်း ပိုချင်ပို နိုင်သလို ဒီလောက် လည်း ဆိုးချင်မှ ဆိုးပါလိမ့်မယ်။ မည်သို့ ဆိုစေ ရှုံးမယ့်မြင်း အပေါ် လောင်းကြေးတ င်မှာ မဟုတ်ပါ ဘူး။

ဘင်္ဂလားဒေ့ရှ်နော က်မှာ တရုတ်ရှိနေသလား?

တရုတ်လည်း လူ လည်ပါ။ ဘင်္ဂလားဒေ့ရှ်ကို အားပေးချင်ရင် ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ရေးတင်းမာနေချိန်မှာ မြန်မာပြည်ထဲက ပြည်တွင်းလက်နက်ကိုင်တွေ ကို နေရာစုံမှာ ထသောင်းကျန်းခိုင်းတဲ့ တစ်နည်းပဲ ရှိပါတယ်။ မြန်မာစစ်တပ် ဗျာများအောင်ပေါ့။ တရုတ်သာ အဲ့ဒီလို ဘင်္ဂလားဒေ့ရှ်ဘ က်ပါရင် အိန္ဒိယက အလိုလို မြန်မာဘက်ကနေ ခြေစုံရပ်လိုက်ဖို့ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက် နီးရာဓားက အိန္ဒိယပဲ ဖြစ်ပါတယ်။ တ ရုတ်အားကိုးနဲ့ မြန်မာကို ရန်စောင်လို့ကတော့ ဘင်္ဂလားဒေ့ရှ် ရလဒ်ကောင်းမှာ မဟုတ်ပါဘူး။

ဘယ်လိုေ တွးတွေး မဟာဗျူဟာအရေးကြီးနေရာမှာ တည်ရှိနေတဲ့ မြန်မာကို အံတုလာတာဟာ အမှန်တကယ် ဇရှိလို့ မဟုတ်ဘဲ ရှိတ်ဟာစိနာရဲ့ ပြည်တွင်းရွေးကောက်ပွဲ မဲရရှိရေးအတွက် ကစားကွက် တစ်ခုလို့ပဲ ယူဆပါတယ်။ ဒါပေမယ့် ပေါ့တော့ မပေါ့သင့်ပါဘူး။ ဘယ်လို အ ကျိုးအမြတ်တွေနဲ့ ဘယ်လိုကျောထောက်နောက်ခံ အသစ်တွေ ရထားလို့ မြန်မာကို ဒီလို ရန်စောင်လာသလဲ ဆိုတာ ထပ်တိုး ချဲ့ထွင် စဉ်းစား ဖို့ လိုပါသေးတယ်။

လေးစား စွာ ခရက်ဒက်  –  လဝင်းထွန်း

လေးစား စွာ ခရက်ဒက်  –  စော မောင် ကျော်

ref : Pencil power

မူရင်းလင့်

မြန်မာကို ရန်စောင်ရဲတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့နောက်မှာ ဘာအားကိုး ရှိနေသလဲ? …(လဝင်းထွန်း)ဘင်္ဂလားဒေ့ရှ်ရဲ့ စားနပ်ရိက္ခာ…

Posted by စော မောင် ကျော် on Wednesday, October 21, 2020

 

Add a Comment

Your email address will not be published. Required fields are marked *