အစ်မ ဘေဘီမောင်ရဲ့ အဖြေတစ်ခုကို စောင့်နေပါတယ် ဆိုပြီး ၀မ်းနည်းမျက်ရည် တွေနဲ့ Live လွှင့် လိုက်တဲ့ ဆောင်းယွန်းစံ (ရုပ်သံ)







crd : Cele  Connections

unicode

ဆောင်းယွန်းစံ ကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သူမအကြောင်း ကိုသာ မျှဝေပေးလေ့ရှိပြီး ဘယ်သူ့ကိစ္စကိုမှ ကောင်းသည် ဆိုးသည် ဝေဖန် တတ် တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။

ဒါပေမ ယ့် ဒီကနေ့မှာတော့ ဆောင်းယွန်းစံက သူမရဲ့ ပို့စ်အောက်မှာ လာရောက် ဆဲဆိုနေကြသူတွေရှိတာကြောင့် ဖြစ်ကြောင်းကုန်စင်ကို ဖြေရှင်းလာ ခဲ့ပါတယ်။ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ပွင့်ပွင့်လင်းလင်းရှိပြီး စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပါတယ်။

ဆောင်းယွန်းစံ နဲ့ ခင်မင်ရင်းနှီးသူဖြစ်တဲ့ နေဒွေးနဲ့ ချစ်သူဟောင်း သံစဉ်မောင် တို့ရဲ့ ကိစ္စကြောင့် ကြားထဲကနေ မဆီမဆိုင် အဆဲခံနေရတာဖြစ်ပြီး သူမ အနေနဲ့ ထိုပြဿနာတွေကြားမှာ ဘာမှမပက်သတ်ကြောင်း ပြောလာပါတယ်။

သံစဉ်မောင်ရဲ့ အစ်မ ဘေဘီမောင်ကလည်း သူမရဲ့ ဖေ့စ်ဘုတ် Live မှာ နေဒွေး ဘက်က ေ-ာင်မတွေ ဆိုပြီး ပြောခဲ့တာကြောင့် ထိုစကားနဲ့ ပက်သတ် ပြီး ဆောင်းယွန်းစံက ဘေဘီမောင်ရဲ့ အဖြေတစ်ခုကို စောင့်နေပါတယ်ဆိုပြီး ဝမ်းနည်းမျက်ရည်တွေနဲ့ Live လွှင့်လာခဲ့တာကို တွေ့ရပါ တယ်။

ဆောင်းယွန်းစံ အနေ နဲ့ နေဒွေးနဲ့ သံစဉ်မောင် တို့ရဲ့ ပြဿနာကို သေချာမသိပေမယ့် သူမအကောင့်မှာ လာရောက်ဆဲဆိုနေကြတာတွေကြောင့် စိတ်မ ကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဆောင်းယွန်းစံ က တော့ တင်ထားတဲ့ Post တွေရော Live လွှင့်ထားတာတွေရော အကုန်ပြန်ဖျက်သွားခဲ့ပါတယ်။ Post တွေပြန်ဖျက်သွားတာကြောင့် စိတ်မလုံ လို့လားလို့ ပရိသတ်တွေက ဆောင်းယွန်းစံကို မေးခွန်းထုတ်နေကြပါတယ်။

Source:  Saung  Yoon  San  ‘ s  fb
crd : Cele  Connections

Add a Comment

Your email address will not be published. Required fields are marked *