ကလေးများ တူတူ ပုန်းတမ်း ကစားရာ မှ ပျောက် ဆုံးသွား တဲ့ (၄) နှစ် သမီးလေး ကို ၄ ရက်မြောက်သည် အထိ ရှာမတွေ့သေး






crd : zet star

unicode

ပဲခူးတိုင်း ဒေသကြီ း၊ရွှေတောင် မြို့နယ် တွင် ကလေးများ တူတူပုန်းတမ်းေ ဆာ့ ကစားရာ မှ မိန်းကလေး ငယ် တစ် ဦးပျောက်ဆုံး နေလျက် ရှိ ရာ လေး ရက်မြောက် သည့် နေ့ အထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း ပရဟိတ နာရေး ကူညီမှု အသင်းမှ ကိုဝင်းဇော် က ပြောပါ တယ် ။

အောက်တိုဘာလ (၁၈) ရက် ၊ ညနေ (၄)နာရီ‌ကျော် အချိန်ခန့် က မကျီ းပေါက် ကုန်းကျေးရွ ာအုပ်စု၊ ကျောက်ဖူးကျေးရွ ာ တွင် အသက် ၄နှစ်  အရွယ် မပြည့်ပြည့်ဇွန် နှင့် က လေးငယ် အ ဖော်များအခြား အိမ်တစ် အိမ် တွင် အတူ၊ တူတူပုန်းတမ်း ဆော့ကစားနေရာမှ ပျောက်ဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိ ရ ပါ တယ် ။

“ခုချိန် ထိတော့ မတွေ့သေးပါ ဘူး၊ စခန်းမ ောတော့ အမှုဖွင့် ထားတယ်၊ မိဘတွေနဲ့အတူ အားလုံးလဲ စိတ်ပူနေကြပါတယ်၊ ပျောက်တာက လေးည အိပ် ငါးရက်မြောက်ပြီ၊ ရှာနေကြတာကတော့ ရဲတွေကော၊ ပရဟိတလူမှုရေးအသင်းတွေ၊ ရွာခံတွေနဲ့ အနီးအနားပတ်ဝန်းကျင်က လူေ တွကောဆိုရင် လူအင်အား ၃ဝဝ နီးပါးလောက်နဲ့ ပိုက်စိပ်တိုက် ရှာနေတာ မတွေ့သေးဘူးဆိုတော့ ရာဇဝတ်မှုများ ဖြစ်နေမလာ းပေါ့၊ ကလေးကိုတော့ အမြန်ပြန်တွေ့ချင်နေကြတယ်” လို့ ကိုဝင်းဇော်က ပြောပါတယ်။

ကျောက်ဖူးရွ ာသည် ရွှေတောင် ကျီးသဲလမ်းမ ကျီးပေါက်ကုန်းရွာမှ တစ်ဆင့် တစ်ရွာကျော်လျှင်ရောက်ရှိပြီး အိမ်ခြေ ၃ဝခန့်ရှိသည့် ရွာငယ် လေးဖြစ်ကြောင်း၊ ကလေးငယ် ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန်ဖြစ်ခြင်းကြောင့် နတ်ဖွက်ထားနိုင်သည်ဟုယူဆကာ လောကီအစီ အမံများဖြင့်လည်း ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ယင်း သို့ပြုလုပ်ရခြင်းမှာ အဆိုပါဒေသ၌ ယခင်ကလည်း လူတစ်ယောက်နှင့် ခွေးတစ်ကောင် ပျောက်ဆုံးခဲ့ဘူးခြင်းရှိခဲ့ရာ သုံးရက်မြောက်နေ့ တွင် ပြန်လည်တွေ့ရှိ ခဲ့တာကြောင့်လို့ သိရ ပါတယ် ။

crd : zet star

Add a Comment

Your email address will not be published. Required fields are marked *