စပွန်ဆာ ရထား တယ် လို့ စွပ်စွဲ တဲ့ သူတွေကို ပိုင်ဆိုင် တဲ့ စီးပွားရေး လုပ်ငန်းတွေ နဲ့ အိမ်ကြီး (၆)လုံးကို ချပြ လိုက် တဲ့ ငွေဇင်လှိုင်း




unicode

ပရိတ်သတ် ကြီးရေ Myanmar Idol ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ ငွေဇင်လှိုင်း က တော့ အောင်မြင်တဲ့ အနုပညာခရီးလမ်း ကိုလျှောက်လမ်းနေ တဲ့ ဂီတအနုပညာရှင် တစ်ယောက်ဖြစ်သလို လွန်ခဲ့တဲ့ ရက်ပိုင်းကပဲတမူးမြို့က မိသားစုနေအိမ်လေးကို ရဲရဲနီအောင် အလှဆင်ပြီး NLD ပြိုင်ပွဲကို ဝင်ပြိုင်ရာမှာ ပထမဆု ရရှိခဲ့တာကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။ အဆိုပါဆုမှာ အိမ်ပုံလေးကိုတော့ လူမှု ကွန်ရက် စာမျက်နှာမှာ မျှဝေခဲ့သလို အိမ်ကြီးအိမ်ကောင်းနဲ့နေနိုင်တဲ့ ငွေဇင်လှိုင်းကိုတော့ မြန်မာအိုင်ဒေါမှာဝင်ပြိုင်ပြီး စပွန်ဆာရလို့ အခုလို အိမ်ကြီး ကြီးနဲ့ နေနိုင် တာဖြစ်ကြောင်း ပုတ်ခတ်သူတချို့လည်း ရှိခဲ့ပါတယ်။

ဒီလို ပုတ်ခတ်ကြတာကြောင့် အဆိုတော်ငွေဇင်လှိုင်း က လူမှုကွန်ယက်မှာ အခုလိုပဲ ပြန်လည်ဖြေရှင်းခဲ့တာပါ။ ဒါလေးတစ်ခုတော့ အတိအလင်းပြော ချင်ပါတယ် ငွေဇင်တို့အိမ်ရဲ့ သက်တမ်းကိုလာကြည့်ပါ …. Idol မပြိုင်ခင်ကတည်းက ဆောက်ပြီးသားပါလို့… စပွန်ဆာ စပွန်ဆာ ဆို တဲ့ စကားတွေ ခဏခဏ ပြန်ပြန်ကြားရတာလည်းရှိပါတယ် ပြုံးမိပါတယ်… လူတစ်ဦး တယောက် ရဲ့အကြောင်းကို သေချာမသိဘဲ နဲ့ စိတ် ထင်ရာ ဝေဖန်ပီး လျှောက်ပြောနေမယ့်အစား သေချာလေးသိဖို့ စုံစမ်းလို့ရပါတယ်.. ကျမတို့အိမ်က တမူးမြို့မှာ မီးသတ်ရုံးနဲ ့ကပ် ရပ် အာရှလမ်းမကြီးဘေး ဈေးအနောက်ပေါက်မှာ ထီးထီးကြီးရယ် အိမ်ကြီးပဲ (၆) လုံးလောက်ရှိ တာ ဒါတောင် ဆောက်နေတာ တစ် လုံး ရှိသေးတယ်ရယ်… နန်းဖာလုံဈေးမှာလည်း ဆိုင်ခန်းတွေရှိတယ် သမာအာဇီဝ လုပ်ကိုင်စားသောက်နေပါတယ်…တမူးမြို့တင်မဟုတ် ဘဲ မုံရွာ မန္တလေး ပြင်ဦးလွင် မူဆယ် ရန်ကုန် တင်မက အိန္ဒိယ နိုင်ငံ ပြည်ထဲအထိ ကျမတို့ စီးပွားရေး တွင်ကျယ်ပါတယ်သိထားဖို့ …… ရေးလို့ သာရေးရတာ ဒါတေမြင်ပီးဘောစိ ထင်မသွားကြနက် ကျမပိုင်တာမရှိဘူးရယ် ..မိဘပိုင်တာ… ကျမကတော့ မိဘလုပ်စာ ထိုင်စားနေတာ မဟုတ်ဘဲ ကိုယ့်ခြေ ထောက်ပေါ်ကိုရပ်လာတာကို ဆယ်စုနှစ်ရှိနေပါပီနော် ဒီ့ထက်ပို သိချင်ရင် ထပ်ဖြေ ပေးမယ် ကိုယ်တိုင်တော့ လာမေး…. ကျန်ခဲ့လို့ ကျမကတော့ ခုလောလောဆယ် ခွေထုတ်ပီး မွဲနေတာရယ် ဆိုပြီး အခြေအမြစ်မရှိဝေဖန်နေသူတွေ သိစေဖို့ သူ့ရဲ့ လူမှု ကွန်ရက်အကောင့်မှာ ရေးသားခဲ့ပါတယ်။

ပရိတ်သတ် ကြီးရေ ငွေဇင်လှိုင်း က တော့ သူမကို အခုလို စွတ်စွတ် ခဲ့တဲ့ သူတွေကိုအနုပညာအသိုင်းအဝိုင်းထဲဝင်မှ ငွေဇင်လှိုင်းတို့က ပိုက်ဆံ ရှိလာတာ မဟုတ်ကြောင်း စပွန်ဆာရနေပြီလို့ ဝေဖန်နေတဲ့သူတွေသိစေဖို့အတွက် အခုလို အတိအလင်းဖြေရှင်းခဲ့တာပဲ ဖြစ်ပါတယ်။ပရိတ် သတ် ကြီးရေ ငွေဇင်လှိုင်း ကတော့ သူမကို စွပ်စွဲတဲ့ သူတွေကို ယခုလို အတိအလင်းဖြေရှင်းခဲ့ တာပါနော်။ ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ် ကြီး အားလုံးကို ကျေးဇူး အထူးတင် ရှိပါတယ် နော် ။

Add a Comment

Your email address will not be published. Required fields are marked *