ထရမ့်က သူကိုယ်သူ ကိုဗစ် ရောဂါ ပြီးနေပြီ ဖြစ်ကြောင်း ကြွေးကြော် လိုက်

Posted on

ထရမ့် ရဲ့ သမားတော် တွေက ထရမ့် ကို ရွေးကောက်ပွဲ ကမ်ပိန်း တွေပြန်စ လို့ရပြီ၊ စနေနေ့ ကစပြီး ထရမ့်က နေမကူးစက် နိုင်တော့ဘူးလို့ ဆို ထား တာပါ။ ဒါပေမယ့် သူ့ကို စစ်လို့ Negative ပြတဲ့အထိစောင့်သင့်ပါတယ်။စနေနေ့ မှာပဲ ထရမ့်က သူဟာ Covid-19 ဖြစ်ထားပြီး လို့ ကိုယ်ခံအားရနေပြီ။ သူ့ကိုရောဂါပြန်ပြီးမကူးစက်နိုင်တော့ဘူးလို့ ကြုံးဝါးနေတာပါ။

Twitter  က တော့ အဲ့ လို ရောဂါပြီးနေပြီ ဆို တဲ့  tweet မျိုး ထရမ့် တင် တာကို လက် မခံပါ ။Covid ဖြစ်ဖူး တဲ့သူ မှာ ရောဂါပိုးကိုပြန်တိုက် မယ့် ကိုယ်ခံအားထွက်ခဲ့မှာကျိန်းသေပေမယ့် နောက်တစ်ကြိမ်ပြန်ဖြစ်မဖြစ် အာမ မခံနိုင်သေး ပါ ။
ဒီကိစ္စ ကို  သုသေသနပြုနေဆဲပါ။ အစောပိုင်းသုသေသနတွေအရ ရောဂါဖြစ်ပြီးသူတွေမှာရထားတဲ့ ရောဂါခုခံအားဟာ ကြာရှည်မခံတာကို တွေ့ရပါတယ်။

နောက် ပိုင်း သုတေသန တွေမှာတော့ ပိုပြီးကြာကြာခံ လာတာကို  တွေ့ရပါ တယ် ။ထရမ့် က သူ့မှာ ရောဂါပြီးနေမယ့်ပုံရှိတယ်။ အချိန်တို တစ် ခု လား၊ ကြာကြာခံမလား၊ တသက်လုံးရောဂါပြီးမလား၊ ဘယ်သူမှတကယ်မသိနိုင်ဘူး။ဒါပေမယ့် ငါဟာရောဂါပြီးနေပြီလို့ ကြုံးဝါးနေ တာပါ။အခုအနေအထားမှာ သူဟာ သူ့ပြိုင်ဘက်ဂျိုးဘိုင်ဒင်ထက်သာတယ်လို့ ထပ်ပြောပါသေးတယ်။

“အခု မင်း တို့ မှာ သူ့ပြိုင်ဘက်လို ရောဂါကူးမှာကြောက်လို့ တွင်းအောင်းပြီးပုန်းနေစရာမလိုတဲ့ သမ္မတရှိနေပြီ။” လို့ သူ့ပြိုင်ဘက်ကို ဖဲ့သွား ပါသေး တယ်။ဂျိုးဘိုင်ဒင် က ထရမ့်လည်း positive ဖြစ်ရော အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ သူထိမှာစိုးလို့ ပိုမိုဂရုစိုက်နေပါတယ်။

ထရမ့် က Fox News နဲ့ ဖုန်းအင်တာဗျူးမှာ
ဂျိုးဘိုင်ဒင် ကို ထိုးနှက်သွားပါသေးတယ်။”မင်း ဂျိုးဘိုင်ဒင်ကိုကြည့်မယ်ဆိုရင် မနေ့ကသူဟာ ကြောက်စရာကောင်းလောက်အောင်ချောင်းဆိုးနေ တယ်။ ပြီးတော့ သူ့ရဲ့ mask ကိုလည်းဆုပ်ကိုင်နေတယ်။”

“အဲ့ဒါတွေ ဟာ ဘာလဲဆိုတာ ငါမသိဘူး။ ဒါပေမယ့် အဲ့ဒါပုံမလာတာသေချာတယ်။”ထရမ့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအတိအကျကိုမသိ ရပါ။ သူ့ရဲ့ကျန်းမာရေးအဖွဲ့ကလည်း ထရမ့် Negative ဖြစ်ပြီလားမဖြစ်သေးဘူးလားဆိုတာ ဖြေဆိုဖို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။အ ခုထရမ့်က ကြုံးဝါးနေတာကတော့ “BIG CROWDS!!!”လူစုလူဝေးများများနဲ့ ရွေးကောက်ပွဲကမ်ပိန်းကျင်းပနိုင်ရေးပဲဖြစ်ပါတယ်။
လက် ရှိမှာ ဂျိုးဘိုင်ဒင်က နှာတစ်ဖျားသာနဲ့ရှေ့ကပြေးနေပေမယ့် ဘယ်သူအနိုင်ရမလဲမပြောနိုင်သေးပါ။

crd : Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *