ဒေါ်နယ်ထရမ့် နဲ့ ဂျိုးဘိုင်ဒင်တို့  ရွေးကောက်ပွဲအကြို နောက်ဆုံးအကြိမ်အဖြစ်  ဘယ်လိုတွေ စကားစစ်ထိုး လိုက်သလဲ …

Posted on

ဒီနေ့ မနက် မြန်မာ စံတော်ချိန် (၇)နာရီခွဲ မှာကျင်းပ ခဲ့တဲ ဒေါ်နယ်ထရမ့် နဲ့ ဂျိုးဘိုင်ဒင် တို့ရဲ့ နောက်ဆုံး အကြိမ် စကား စစ်ထိုး ပွဲကောက် နှုတ်ချက် ကို  အေပီ သတင်း ကနေ ပြန်ဆို ဖော်ပြ လိုက် ပါ တယ် ။

တင်နက် ဆီပြည်နယ်၊ နက်ရှ် ဗီလီမြို့ ဘဲလ်မောင့် တက္ကသိုလ် မှာ အမေရိကန် အရှေ့ပိုင်း ဒေသစံတော် ချိန် ၊ အောက်တို ဘာလ (၂၂) ရက် ၊ ကြာသပတေး ည ၉ နာရီ က ကျင်းပ ခဲ့ တာပါ ။ အစီအစဉ် မှူး က NBC က ကရစ္စတန်း ဝဲလ်ကာ ပါ ။

ဆွေးနွေး ခဲတဲ့ ခေါင်းစဉ် တွေက ၁ –  ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ် ရေး၊  ၂ –  အမေရိကန် မိသားစု များ အရေး၊ ၃ –  လူမျိုးရေး ကိစ္စရပ် များ၊ ၄ – ဥတုရာသီ ပြောင်းလဲမှု ၊ ၅ –  နိုင်ငံတော် လုံခြုံရေးနဲ့ ၆ – ခေါင်းဆောင်မှု တို့ ဖြစ် ပါ တယ် ။

ရွေးကောက်ပွဲ လုပ် ဖို့ နှစ်ပတ် တောင်မလိုတော့တဲ့ အချိန် မှာ ထရမ့် က လွန်ခဲ့တဲ့ လေးနှစ် ကလို ပဲ သူ့ကိုယ် သူ နိုင်ငံရေး သမား မဟုတ်တဲ့ အပြင် လူတစ်ယောက် လို ထပ်မံပုံ ဖော်ခဲ့တယ် ။

ဘိုင်ဒင် က တော့ ထရမ့် ဟာ အရည် အချင်း မမီတဲ့ ခေါင်းဆောင် တစ်ယောက် မို့ အကျပ် အတည်းတွေ အများကြီး ရင်ဆိုင် ရပြီး ထရမ့်ရဲ့ အမှား တွေက အမေရိကန်တွေ ရဲ့ နေ့စဉ် ဘဝ တွေ ပေါ် သက်ရောက် နေတယ် လို့ ပြောခဲ့ တယ် ။

နက်ရှ်ဗီလီ ညခင်းမှာလုပ် တဲ့ စကား စစ်ထိုးပွဲ မှာ အမေရိကန် (၂၂၅၀၀၀) ကျော်သေဆုံး ပြီး အလုပ်အကိုင် သန်းချီ ဆုံးရှုံး ရတဲ့ ကိုဗစ် ကပ်ဘေး ကို ထရမ့်ကိုင် တွယ်ပုံ အပေါ် ဗဟိုပြု ခဲ့ တယ် ။ထရမ့် က ဗိုင်းရပ်စ် ဟာ ပျောက်သွားတော့ မယ် လို့ ပြောခဲ့ ပြီး ဘိုင်ဒင် က တော့ နိုင်ငံဟာ မဟူရာ ဆောင်းတွင်းဆီ ရှေးရှုနေ ပြီ လို့ သတိပေး ခဲ့တယ်။ လူတွေ အများကြီးသေခဲ့ရတာ အတွက် တာဝန်ရှိတဲ့ ဘယ်သူမဆို သမ္မတ အဖြစ် ဆက်ရှိ မ နေသင့်တော့ဘူးလို့ လည်း ဘိုင်ဒင်က ပြော တယ် ။

ရာစုနှစ် အတွင် အ သေအ ပျောက် အများဆုံး ကျန်းမာရေး အကျပ်အတည်းအပေါ် သူ့ရဲ့စီမံခန့်ခွဲမှု အတွက် ထရမ့် က ကာကွယ်ပြော ဆို ရင်း ကိုဗစ် ကာကွယ်ဆေး ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း အသင့်ဖြစ်စေ ရမယ်လို့ ကတိပေးခဲ့ တယ်။ ကိုဗစ် ကပ်ဘေးဟာ လမ်းထောင့် အလှည့်အ ပြောင်းကို ရောက် နေပြီ ၊ မကြာခင် ပျောက်သွား တော့မှာပါလို့ ထရမ့်က ပြော တယ် ။

ဒီမို ကရက်တစ် တွေအုပ်ချုပ် နေ တဲ့ ပြည်နယ် တွေမှာ ပြဿနာ အဆိုးဆုံး ဖြစ်နေတာ လို့ လည်း တစ်ခါ က မဟုတ်တာ တွေ ကို ကျယ်ကျယ် ပြန့်ပြန့် ပြန်ပြောခံ ရတဲ့ အချက် ကို ထပ်ပြော တယ် ။သူ သာ သမ္မတဖြ စ်ရင် ကိုဗစ်ကပ်ဘေး ကို တိုက်နေရ တဲ့သိပ္ပံပညာရှင်တွေ ကို ဆရာတင် မယ်လို့ ဘိုင်ဒင်က ပြော တယ် ၊ ဘယ်ပြည် နယ်ကအ နီ ဘယ်ပြည်နယ်ကအပြာဆို ပြီး ခွဲကြည့်အပြစ်တင်မှာမဟုတ်ဘူး အားလုံးက အမေရိကန်ပြည်နယ်တွေပဲ ဗိုင်းရပ်စ်ကူးတာမြင့်နေတဲ့ပြည်နယ် ဆိုတာ အနီရောင်(အရေးပေါ်)တဲ့ပြည်နယ်တွေပဲလို့လည်း ပြောတယ်။

စွမ်းအင်အ ရေးနဲ့ပတ်သက်ရင် ဘိုင်ဒင်ဟာ ရေနံလုပ်ငန်းကိုပိတ်ပစ်မယ်မဟုတ်လားလို့ ထရမ့်က မေးခွန်းထုတ်ခဲ့တယ်။ ဘိုင်ဒင်က ရေနံလုပ်ငန်း ကို အသွင်ကူးပြောင်းသွားမှာ၊ အချိန်ပေါ်မူတည်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ အစားထိုးသွားမှာလို့ တုန့်ပြန်ခဲ့တယ်။ဒီ့အ တွက် ထရမ့်က ရေနံထုတ်တဲ့ တက္ကဆက်နဲ့ အကြိတ်အနယ်မဲရဖို့လုနေရတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်တွေကို အရေးကြီးတဲ့ထုတ်ပြန် ချက်ပဲလို့ ထောက်ပြခဲ့တယ်။

ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ၂၀၁၅ ပါရီသဘောတူညီချက်ကနေ နိုင်ငံကိုဆွဲထုတ်ခဲ့တာ မမျှတလို့ပါလို့ ထရမ့်က ဖြေရှင်းခဲ့တယ်။ အဲဒါကိုလိုက်နာရင် ထရီလီယံချီဒေါ်လာတွေ ကုန်ကျပြီး စီးပွားရေးထိခိုက်မယ်လို့ အကြောင်းပြခဲ့တယ်။ဘိုင်ဒင် က ရာသီဥတုပျက်စီးမှုထိန်းဖို့ အစိမ်းရောင်စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့အားပေးမယ်လို့ ပြောခဲ့တယ်။လူမျိုးရေးနဲ့ ပတ်သက်လို့ လူမည်းရှင်သန်ရေးလှုပ်ရှားမှုကို လူဖြူကြီးစိုးရေးဝါဒီတွေက တိုက်ခိုက်တာာကို ရှုတ်ချဖို့ ထရမ့်ကငြင်းခဲ့တာကို ဘိုင်ဒင် က ထောက်ပြပြီး လူမျိုးရေးခွဲခြားမှုမီးတောက်တိုင်းကို လောင်စာထည့်ပေးတာလို့ စွပ်စွဲခဲ့တယ်။

ထရမ့် က ရာဇဝတ်ကြောင်းတရားစီရင်ရေးပြုပြင်ပြောင်းလဲဖို့ သူကြိုးစားခဲ့တာနဲ့ ပြန်ချေပတယ်။ ဘို
င်ဒင် အတိတ် က ထောက်ခံခဲ့တဲ ၁၉၉၀ ရာဇဝတ်ကြောင်းဥပဒေတစ်ခုဟာ အကျဉ်းကျခံလူမည်းတွေအတွက် မမျှတသလို ခံစားရတာကို ပြန်ပြော ပြီး သူဟာ ဒီအခန်းထဲမှာ လူမျိုးရေးခွဲခြားမှုအနည်းဆုံးသူလို့ ထရမ့်က သူ့ကိုယ်သူပြောတယ်။

နိုင်ငံခြားရေးနဲ့ ပတ်သက်လို့ ထရမ့်ဟာ ကင်ဂျုံအန်လို လူရမ်းကားနဲ့ ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ ဆက်ဖက်တွယ်ထားတယ်လို့ ဘိုင်ဒင်က ဝေဖန်ခဲ့ တယ်။ ပြည်တွင်းမှာကျတော့ တောင်ပိုင်းနယ်စပ်က တရားမဝင် ဝင်လာသူတွေကို မိဘနဲ့ကလေးတွေ ခွဲပစ်တာမျိုး မသင့်တော်တာတွေ လုပ်တယ်လို့ ပြောတယ်။ထရမ့်တစ် နှစ်ကို ဒေါ်လာ ၇၅၀ ပဲအခွန်ဆောင်ခဲ့ပြီး တရုတ်မှာ လျှို့ဝှက်ဘဏ်စာရင်းတစ်ခုဖွင့်ထားတာကိုလည်း ဘိုင်ဒင်က တိုက်ခိုက်ခဲ့တယ်။ သူ့ မှာ ၂၂ နှစ်အတွင်း အခွန်စာရင်းအားလုံးကို ထုတ်ပြန်ထားပြီး ထရမ့်ကော မထုတ်ပြန်ရဲဘူးလား ဘာတွေဖုံးထားလဲလို့ ဘိုင်ဒင်က မေးခဲ့ တယ်။

ထရမ့် က တရုတ်က ဘဏ်စာရင်းဟောင်းပိတ်လိုက်ပြီ၊ သူကြိုတင်ခွန် ဒေါ်လာသန်းဆယ်ဂဏန်းဆောင်ဖို့ ပြင်နေပါပြီလို့ ပြောတယ်။ ပြီးခဲ့တဲ့နှစ်တွေ အတွက် အခွန်ဆောင်ထားတာတွေ ထုတ်ပြန်ပေးမယ်လို့လည်း ကတိပေးတယ် ဘယ်တော့လဲတော့ မပြောဘူး။ထရမ့် က အိုဘားမားခေတ် ကုန်ကျစရိတ်သက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ဖျက်သိမ်းပြီး ပိုကောင်းတဲ့ ဥပဒေသစ်နဲ့ အစားထိုး မယ် လို့ ပြောတယ်။ ကိုဗစ်ကပ်ဘေးကာလထဲမှာကို အဲဒီလိုလုပ်မယ်ဆိုတယ်။ အဲဒီလိုလုပ်မယ် ပြောနေတာ ကြာလှပြီ ဖြစ်မလာသေး ဘူး။

ဘယ်တော့ မှ အစီအစဉ်ကောင်းတစ်ခုနဲ့ မလာဘူးလို့ ဘိုင်ဒင်က ဝေဖန်ခဲ့တယ်။မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲကို ၁၅ မိနစ် ခြောက်ပိုင်းပိုင်းပြီး တစ်ပိုင်းကို တစ်ယောက်တစ်လှည့်စီ စကားပြောခွင့် ပေးခဲ့ပါတယ်၊ အလှည့်ပြောင်းတိုင်း မှာ ပြောမယ့်သူ စင်ပေါ်သွားတုန်း အနှောင့်အယှက်မပေးနိုင်ဖို့ ပြိုင်ဘက်မိုက်ကရိုဖုန်းကို ၂ မိနစ်ပိတ်ခဲ့ပါတယ်။

ပထမအကြိမ် မျက်နှာချင်းဆိုင်စကားစစ်ထိုးတုန်းက ပုဂ္ဂိုလ်ရေုးတိုက်ခိုက်မှုတွေ များခဲ့ပြီး အခုအကြိမ်မှာတော့ အများအားဖြင့် မူဝါဒရေးရာ ပြောဆိုငြင်းခုန် ခဲ့ကြပါတယ်။ ထရမ့်နဲ့ဘိုင်ဒင် မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲနှစ်ကြိမ်၊ Virtual နည်းနဲ့ ပြောဆိုမှုတစ်ကြိမ် လုပ်ခဲ့ပြီး နောက်ထပ် စကားစစ် ထိုးပွဲမရှိတော့ပါဘူး။

အမေရိကန် မှာ မဲဆန္ဒရှင် ၄၇ သန်းလောက် မဲပေးပြီးသား ဖြစ်နေပါပြီ။ အခုစကားစစ်ထိုးပွဲက ဘယ်သူ့မဲပေးရမှန်းမသိ ဝေခွဲရခက်နေတဲ့ မဲဆန္ဒရှင် ၈ သန်းလောက်အ ပေါ် သက်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ပထမအ ကြိမ် စကားစစ်ထိုးပွဲတုန်းက ဘိုင်ဒင်နဲ့ သူ့သားအပေါ် အလွန်အကျွံ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလုပ်ပြီး မီဒီယာတွေကို ဒေါသထွက် အောင် ဆွပေးခဲ့တဲ့ ထရမ့်ဟာ ဒီတစ်ကြိမ်မှာ ဘယ်လိုပရိယာယ်သုံးဦးမလဲ စောင့်ကြည့်ခဲ့ကြပါတယ်။

၂၀၁၆ တုန်း က ထရမ့်ဟာ ဟီလာရီကလင်တန်နဲ့ စကားစစ်ထိုးပွဲမတိုင်ခင်လေးမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်လုပ်ပြီး ဘီလ်ကလင်တန်က အမျိုး သမီးတွေကို လိင်မှုစော်ကားခဲ့တယ်လို့ အမျိုးသမီးတွေအုပ်စုဖွဲ့ ပြောဆိုနေတဲ့တိပ်ခွေအကြောင်း ရှင်းပြခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကို လည်း စကားစစ်ထိုးပွဲလာနားထောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဟီလာရီကို စိတ်ဓာတ်ရေးရာ ကြိုတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။

အခု လည်း ထရမ့်ရဲ့မဲဆွယ်အဖွဲ့က စကားစစ်ထိုးပွဲအကြို သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီး ဂျိုးဘိုင်ဒင်ရဲ့သား ဟန်တာဘိုင်ဒင်ရဲ့ စီးပွားဖက်ေ ဟာင်းတစ်ဦးဖြစ်တဲ့ တိုနီဘိုဘူလင်စကီက ဘိုင်ဒင်တို့သားအဖက တရုတ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ဖို့ အကြံပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်ကို ပြောဆိုခဲ့ပါတယ်။ သက်သေတော့ ပြနိုင်ခြင်းမရှိပါဘူး။

စကားစစ် ထိုးပွဲစင်မြင့်ဆီ ဒီစွပ်စွဲချက်အကြောင်း ဆွေးနွေးဖို့ ထရမ့်ကပြောတဲ့အခါ ထရမ့်က မိသားစုအရေး အဓိပ္ပါယ်မဲ့ ပြောဆိုမှုတွေနဲ့ ထရမ့်စွပ်စွဲချက်တွေဟာ ဒီနေ့ဆွေးနွေးရမယ့် ခြေခြေမြစ်မြစ်ကိစ္စတွေထဲ မပါလို့ မပြောချင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။ဒီ အခါ ထရမ့် က ကင်မရာဘက်ကိုလှည့်ပြီး – အခုကိစ္စက သူ့မိသားစုကိစ္စနဲ့ ကျုပ်မိသားစုကိစ္စတင် မဟုတ်ဘူး၊ ခင်ဗျားတို့မိသားစုတွေကို ဆိုးဆိုး ရွားရွားထိခိုက် နေတဲ့ကိစ္စလို့ ပြောခဲ့ပါတယ်။
source :  AP
crd : Stand  By  Myanmar
ref : Knight news

Leave a Reply

Your email address will not be published. Required fields are marked *