ရှီကျင့်ဖျင် က အမေရိကန် ပြည်ထောင်စု အ နေနဲ့ခြိမ်းခြောက်ပြ နေတာတွေ ကို တရုတ် ဘက်က ထိတ်လန့်မှု လုံးဝ မရှိဟု ပြောကြား

Posted on




crd :  Zmedia

unicode

တရုတ် သမ္မတ ရှီကျင့်ဖျင် က အမေရိကန် ပြည်ထောင်စု ဘက်က နေပြီး ခြိမ်းခြောက်နေ တာတွေ ကို တရုတ် ဘက် က ထိတ်လန့် မှု လုံးဝ မရှိဘူး လို့ ပြောကြား လိုက်ပြီး တကယ် လို့ အမေရိကန် ဘက်က စစ်ဖြစ်ချင်နေတဲ့ဆန္ဒရှိတယ်ဆိုရင်လည်း သူတို့ဘက်က တိုက်ဖို့အသင့်ပါပဲလို့ အသိပေး လိုက် ပါ တယ် ။

ကိုရီးယား စစ်ပွဲ ထဲ ကို တရုတ် ဝင်ရောက် ခဲ့မှု နှစ် ၇၀ ပြည့်တော့မယ့် အချိန် မှာ တရုတ် သမ္မတ က အခု လိုမျိုး ပြောကြား လိုက် တာဖြစ်ပြီး အဲ့ဒီ စစ်ပွဲမှာ လည်း အမေရိကန် ဟာ တရုတ် တပ်တွေ ဘယ်လို တိုက်တတ်သလဲဆိုတဲ့ အရသာကို မြည်းစမ်းခဲ့ရဖူးပြီးပြီဆိုတာကို အမှတ်ရေ စလိုကြောင်း ရှီကျင့်ဖျင်က ဆက်လက် သတိပေး သွားခဲ့ ပါ တယ် ။

၁၉၅၀ က နေ ၁၉၅၃ ခုနှစ် အထိ သုံးနှစ် ကျော်ကြာ ကြာမြင့် ခဲ့တဲ့ ကိုရီးယား စစ်ပွဲ မှာ အမေရိကန် က တောင် ကိုရီးယား ဘက်က နေ ဝင်တိုက်ခဲ့ တာဖြစ် ပြီး တရုတ် က တော့ ဆိုဗီယက် ပြည်ထောင်စုနဲ့ အတူ မြောက် ကိုရီးယား ဘက်က နေ ဝင်တိုက် ခဲ့ တာဖြစ် ပါ တယ် ။

crd :  Zmedia

Leave a Reply

Your email address will not be published. Required fields are marked *