သူမ အိမ်ထောင်ရေး နဲ့ ပတ်သတ် ပြီး ဝေဖန်နေ ကြတဲ့ လူတချို့ကို ပွင့်ပွင့် လင်းလင်း ပြောပြ လိုက် “ ထက်ထက်မိုးဦး ”

Posted on





unicode

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာ ရွှေဆိုင် ကြော်ငြာ ကနေ တ ဆင့် က လေး ရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်း တဲ့ အမူအရာလေး တွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများ စွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ အကယ်ဒမီများစွာဆွတ်ခူးနိုင်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ အိမ်ထောင်ရေးမှာ ကံမကောင်းခဲ့ပဲ အိမ်ထောင်ဆက်တွေနဲ့ ဘဝကို ဖြတ်သန်းခဲ့ရတာပါ ဒီလို အိမ်ထောင်ရေးကံမကောင်းခဲ့တဲ့အပေါ်ထက်ထက်မိုးဦး က အခုလို ပြောပြလာခဲ့တာပါ။

“ငယ်ငယ် တုန်းကတော့ ကိုမင်းဦးနဲ့ ဆယ်နှစ်ကျော်တွဲခဲ့ အရမ်းချစ် ခဲ့တာပဲလေ အဲ့ဒါတွေပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဘာမှသိပ်ပြီးတော့ မရှိတော့ ဘူး အဲ့လို အကြာကြီးချစ်ခဲ့ပြီးမှတော့ ကျန်တဲ့အချစ်တွေက သိပ်ပြီးတော့ မဖြစ်တော့ဘူးပေါ့ ပထမဆုံးတကြိမ်တုန်းကတော့ ရင်ခုန် တာပေါ့ နောက်ကြတော့ အသက်အရွယ်ရလာတာနဲ့အမျှ ဘဝကပြောင်းလဲ သွားပြီးတော့မှ အချစ်ဆိုတာထက် ဘဝကိုကောင်းအောင် ဘယ်လိုတည်ဆောက်မလဲဆိုတာကိုပဲ ရပ်တည်ရတာပေါ့နော် ဒါကလူတိုင်းပါပဲ ဒါပေမယ့်လို့ အဲ့လိုရပ်တည်ရင်းနဲ့မှ ဒီလိုမျိုးကြားထဲ မှာဖြစ်ခဲ့တာတွေကလည်း မဖြစ်နဲ့လို့ ခြေထောက်ဆွဲထားလို့မှမရတာ ကံကုန်ပြီဆိုရင် တမိုးအောက်ထဲမရှိကြတော့ဘူးလေ အဲ့ဒီအတွက် ကို ရှင်းပြလို့မှမရတာ ဒါတွေကနားလည်တဲ့သူပဲနားလည်တာကို ဘယ်ပြောင်းချင်ပါ့မလဲ တစ်ယောက်ဆို တစ်ယောက်ပဲချစ်ရတာပျော် တာပေါ့။

ဒါမဲ့နော က်ဆုံးတော့လည်းအနားမှာရှိတဲ့သူက အချစ်ဆုံးသူပဲဖြစ်သွားတာပဲ ကိုယ့်ကိုတန်ဖိုးထားတဲ့သူနားမှာ ကိုယ်နေရတာ အကောင်းဆုံးပဲေ လ တန်ဖိုးမထားတဲ့လူကတော့ ကိုယ်ဘယ်လောက်ကြီးပဲ ဘာပဲဖြစ်နေဖြစ်နေ တန်ဖိုးမထားတဲ့လူက မထားဘူးပေါ့ ကိုယ့်ကိုတန်ဖိုးထား တဲ့သူနားမှာကိုယ်ရှိနေရင်တော့ကောင်းတာပေါ့ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ဘဝကိုအမြန်ဆုံး ပြန်တည်ဆောက်ရမယ် မသေမချင်းေ တာ့ အလုပ်ကလုပ်နေရအုန်းမှာပဲ အလုပ်မလုပ်ပဲနဲ့လည်း နေလို့မှမကောင်းတာ လူတိုင်းလူတိုင်းက အလုပ်လုပ်နေရင်တော့ကောင်းတ ယ်လေ လူတိုင်းရဲ့ရင်ထဲမှာ တစ်ခုခုတော့ရှိကြတာပဲလေမရှိဘူးဆိုတဲ့လူမရှိပါဘူး ဒါတွေကို ခဏဘေးနားထားပြီးတော့ ဘဝရပ်တည်ဖို့အ တွက်ကိုပဲ အဆင်ပြေသလိုရပ်တည်နေရတာကိုး”လို့ သူမအချစ်ရေးကံမကောင်းခဲ့တဲ့အကြောင်း ပြောပြထားခဲ့တာဖြစ်ပါတယ်။

Source : Shwe  Yaung  Myanmar

Leave a Reply

Your email address will not be published. Required fields are marked *