ဆော်ဒီအာရေးဗီးယား နှင့် ကာတာ နိုင်ငံတို့ကို ခေတ်မီသော အမေရိကန်ထုတ် F-35 တိုက်လေယာဉ်များ အမေရိကန်တို့ ရောင်းချ လိမ့်မည်ဟု အစ္စရေးကပြောကြားလိုက် 

Posted on







ref : AMN
crd : MyanmarNews24
ref : Knight news

unicode

ဆော်ဒီအာရေးဗီးယား နှင့် ကာတာ နိုင်ငံ တို့  F-35 တိုက်လေယာဉ် များ ကို မကြာခင် ရရှိလိမ့်မည် ဟု အစ္စရေး ပြောကြား ခဲ့ ပါ သည် ။

ဆော်ဒီအာရေးဗီးယား နှင့်ကာတာ နိုင်ငံတို့ သည် အကယ် ၍ ဆန္ဒရှိ ပါ က ခေတ်မီ အ မေရိကန်ထုတ် F-35 တိုက်လေယာဉ်များ ကို အနှေးနှင့် အမြန် ရရှိလိမ့်မည် ဟု  အစ္စရေး စွမ်းအင် ဝန်ကြီး Yuval Steinitz ကတနင်္ဂနွေနေ့ က ပြောကြား ခဲ့ သည် ။

ဝန်ကြီး အဖွဲ့လုံခြုံရေး ဝန်ကြီးဌာန ၏ အဖွဲ့ ဝင်၊ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာ ဟု ၏ အရင်းနှီးဆုံ းမဟာမိတ်တစ် ဦးဖြစ် သူ Steinitz က Ynet နှင့်တွေ့ဆုံမေးမြန်းခြင်း တွင် ဝါရှင်တန် သည် နောက်ဆုံး တွင် F-35 ကို Doha နှင့်  Riyadh သို့တ င်ပို့ရန် သ ဘောတူ လိ မ့်မည် ဟုပြော ကြား ခဲ့ သည် ။

ဝန်ကြီး က အမေရိကန် ပြည်ထောင်စု သည် ယခင် က F-15  နှင့်  F-16 တိုက် လေယာဉ် များ ကို ပင်လယ် ကွေ့ ပြည်နယ် နှစ်ခု သို့ ရောင်းချ ခဲ့ဖူးကြောင်း လည်း ပြန်လည် သတိပေးပြော ကြား ခဲ့ သည် ။

တ ချို့ကိစ္စတွေ က အစ္စရေး အတွက် စိုးရိမ် စရာတွေ ပေါ့ ၊ အမေရိကန် က တော့ သူ့ အကျိုး စီးပွား အတွက် လုပ်မှာပဲ ဟု လည်း ၎င်း က ဆက် လက်ပြော ကြားခဲ့ သည် ။ အစ္စရေး အနေဖြင့် UAE ၏ အက်ဖ် – ၃၅ ဝယ်ယူမ ှုကို ဆန့်ကျင် ထားခဲ့ခြင်းလည်း ရှိ သည် ။

ကာကွယ်ရေး ဝန်ကြီး Benny Gantz အပါ အဝင် အစ္စရေးမှ အဆင့်မြင့် အရာရှိများ က ထိုသဘောတူညီချက် သည် ဒေသတွင်း အစ္စရေးတပ်မတော် ၏ သာလွန်မှုကို ထိခိုက်စေလိမ့်မည် ကို  စိုးရိမ်ကြောင်းပြော ကြား ခဲ့ သည် ။

ref : AMN
crd : MyanmarNews24
ref : Knight news

Leave a Reply

Your email address will not be published. Required fields are marked *