အမေရိကန်၊ ရုရှား  နှင့် ပြင်သစ် တို့ ဦးဆောင်တဲ့ မစ်  အဖွဲ့ ကို ဘာလုပ်တဲ့ အဖွဲ့ လဲလို့ အဇာဘိုင်ဂျန် သမ္မတက ဝေဖန် မေးခွန်း ထုတ်လိုက်ပြီး အပြင်းအထန် ပေါက်ကွဲနေ

အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev က Karabakh ဒေသ တွင်း ပဋိပက္ခ တွင် ဖျန်ဖြေ သူဖြစ် သည့် ဥ ရောပ ရှိလုံခြုံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး အဖွဲ့ မစ် ကို သမာ သမတ်ကျမှု မရှိခြင်းနှင့် အာမေးနီးယား ကို ကယ် ဆယ်ခြင်း လုပ်ဆောင်နေ သည် ဟု စွပ်စွဲပြောဆို တိုက်ခိုက် ခဲ့ သည် ။

တနင်္လာနေ့ ၌ Aliyev က လူထုအားမိန့်ခွန်းပြောကြား ရာတွင်“ ဒီ မစ် အဖွဲ့ ရဲ့လှုပ်ရှားမှု ကဘာလဲ။ နေထိုင် သူတွေ ကို ဖိအားပေး ချင်နေ တာလား၊ ဒီကိစ္စကို တစ်ကြိမ်ထက် မက တင်ပြခဲ့ ဖူး တယ်။

တကယ်လို့ သင်ပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင် ၊ အာမေးနီးယား ကို အ ရေး ယူ လိုက် ၊ ဒီကိစ္စ  က မင်းတို့ လက်ထဲ မှာပဲ မင်းတို့ က U.N. Security Council ရဲ့အမြဲတမ်း အဖွဲ့ဝင်​တွေ ပါ။ အရေး ပေါ်ပြဿနာကို ဖြေရှင်း နိုင် တယ်” ဟု လည်း ၎င်း က ပြောကြား လိုက်သည် ။ထို့ အပြင် ” မင်း တို့ အာမေးနီးယား ကို ထောက်ခံ တယ်၊ ကာကွယ်ချင် တယ် ဆိုရင် ငါတို့မြေ က နေ ဆုတ်ခိုင်း လိုက်” ဟု လည်း ၎င်း က ဆက် လက်ပြောကြား ခဲ့ သည် ။အာမေးနီးယား သို့ လက်နက်တင် ပို့နေ သည့် နိုင်ငံစာရင်း သည် မိမိ၌ ရှိနေသည် ဟုလည်း ၎င်းက ဆို သည် ။

“ငါတို့ နယ်မြေ ကို ငါတို့ပြန် လည် သိမ်းပိုက် ပြီးတာ နဲ့ ဒီနိုင်ငံတွေ ကို ငါ တို့ စပြီး ဖိအားပေး မယ်၊ ဒီ မစ် အဖွဲ့ က နှစ် ပေါင်း (၂၈) နှစ်ကြာနေ ပြီ ဘာလို့ မဖြေရှင်း နိုင်သေးလဲ၊ ငါတို့ခရီးတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်အခါခါလုပ်ပြီးနေပြီ၊ ဒီနေ့တော့ ငါတို့ ကို ဆန့်ကျင်ပြီး လုပ်ချင် တာလုပ်ပစ်နေ ကြတယ်၊ တစ်လနီးပါးလည်းကြာတော့မယ်၊ ငါတို့ တကယ်ပင်ပန်းနေပြီ” ဟုလည်းပြောကြား ခဲ့သည်။ရုရှား၊ အမေရိကန် နှင့်ပြင်သစ် တို့ ဦးဆောင်ေ သာ မစ် အဖွဲ့ သည် ၁၉၉၄ နှစ်ဖက်အကြား အပစ်အခတ်ရပ် စဲရေးအပြီး Karabakh ငြိမ်းချမ်းရေးေ ဆွးနွေးပွဲ များ တွင်ဖျန်ဖြေ မှု များ ပြုလုပ်ပေး ခဲ့ကြ ပြီးဖြစ် သည် ။

crd : MyanmarNews 24
ref : Pencil power

Add a Comment

Your email address will not be published. Required fields are marked *