အမေရိကန်ရဲ့  Boeing က ထုတ်လုပ်သည့် ကမ္ဘာ့ စွမ်းအား အပြည့်ဆုံးနှင့် ခြိမ်းခြောက်မှု အပေးနိုင်ဆုံး စာရင်းဝင် ခရုဇ် ဒုံးပျံ AGM-86 ALCMအ ကြောင်း

Posted on







crd : Ko ko  Lin  Oo
ref : Pencil power

unicode

AGM – 86 သည် subsonic air-launched cruise missile (ALCM)  ဖြစ်သော ကြောင့် အမေရိကန် ၏ မဟာ ဗျူဟာ ဗုံးကြဲ လေယာဉ် Boeine B – 52 H Stratofortress တွင် တပ်ဆင် ပစ်လွှတ် သော ခရုဇ် ဒုံးပျံဖြစ် သည် ။ ဝေဟင် မှ မြေပြင်ပစ် ခရုဇ်ဒုံး အမျိုး အစားဖြစ် ပြီး AGM – 86 B မှာ နျူကလီးယား ထိပ်ဖူးတပ် နှင့် AGM-86C မှာ သမားရိုးကျ ထိပ်ဖူး တပ်ဖြစ် သော် လည်း AGM-86C မှာ APU ထိပ်ဖူးကို တပ်ဆင် ပစ်ခတ်သော ခရုဇ်ဒုံးများဖြစ် သည် ။ လက် ရှိ USAF တွင် AGM-86B သာ အသုံးပြု ပြီး AGM-86C/D မှာ အနားပေး လို က်ပြီ ဖြစ် သည်။ AGM – 86B ကို ၁၉၈၂ တွင် စတင် ထုတ်လုပ်ခဲ့ကာ အရေ အတွက် ၁၇၁၅ စင်း ဖြစ် သည်။

AGM-86C ကို ၁၉၉၁  တွင် ထုတ် လုပ်ခဲ့ပြီး ထုတ်လုပ် သည့် အရေ အတွက်မှာ ၂၃၉ စင်းနှင့် AGM-86D ကို ၂၀၀၁  တွင် ထုတ် လုပ်ခဲ့သော် လည်း ၅၀ စင်း သာ ထုတ် လုပ် ပေး ခဲ့ သည် ။

မဟာဗျူဟာ ဗုံးကြဲလေယာဉ် ကြီး မှ AGM-86 ALCM ကို သယ်ဆောင် ၍ ​မြေပြင် အနီးသို့ ရောက်ရှိမှ သာ တပ်ဆင်ထ ား သည့် Willinams International F-107-WR-10 turbofan engine ဖြင့် ဆက် လက် ပျံ သန်းခြင်းဖြစ် သည် ။

လေယာဉ်  မှ မြေပြင် အနီးသို့ မရောက်ရှိ မှီ ကြားတွင် ခေါက် သိမ်းထား သည့် Wingspan ထွက် လာ ကာ ပျံသန်းမှု အတွက် အ ထောက် အကူပြုပေး သည်ကို တွေ့ရှိရသည်။ AGM-86 ALCM တွင် ပစ်ခတ်မှုလမ်းညွှန်စနစ်အတွက် Litton inertial navigation system ဖြင့်လုပ်ဆောင် သည်။ Litton တွင် Terrain Contour Matching(TERCOM) ပါရှိသည်ဟု ဆိုသည်။

AGM-86 ALCM အ နေ ဖြင့် အ လေး ချိန် ၁၄၃၀ ကီလို ဂရမ် နှင့် အလျား ၆. ၃၂ မီတာ(၂၀. ၇ ပေ)၊အချင်း ၆၂၀ မီလီမီ တာ ရှိ သော ခရုဇ် ဒုံးပျံဖြစ် သည် ။ ပစ်ခတ်နိုင် မှု အကွာအဝေး အ နေ ဖြင့် AGM-86B မှာ မိုင် ၁၅၀၀ ကျော် နှင့် AGM-86C မှာ ၆၈၀ မိုင် ဖြစ် သည် ။

AGM-86 ALCM အနေဖြင့် Mach 0.7 ဖြင့် ပျံသန်း တိုက် ခိုက်သောကြောင့် subsonic cruise missile ဟုခေါ်ဆို နိုင်သည်။ လက်ရှိအသုံးပြုလျှ က် ရှိသော AGM-86B မှာ တစ်စင်းလျှင် ဒေါ်လာ ၁ သန်း ဖြစ်သည်။ AGM-86C အနေဖြင့် ၉၀၈ ကီလိုဂရမ် ရှိသော သမားရိုးကျထိပ်ဖူး ကို တပ်ဆင်ထားသော်လည်း AGM-86B တွင် ၂၀၀ ကီလိုဂရမ် ရှိသော W8D-1 nuclear warhead ကိုတပ်ဆင်ထားရှိ သည် ။

crd : Ko ko  Lin  Oo
ref : Pencil power

Leave a Reply

Your email address will not be published. Required fields are marked *