ဂျပန် လူမျိုး စီးပွားရေး လုပ်ငန်းရှင်ကြီး က တောင် လေးစား သွား ရ တဲ့ ထက်ထက်မိုးဦး

Posted on

ငွေ မဲ ကို နိုင်ငံ တကာ စီးပွားရေး စစ် တမ်း စံနှုန်းတွေ က ရှာမတွေ့နိုင်။ ကျွန်တော် မိတ်ဆွေ ဂျပန်ကြီးက ပြောတယ်.. မင်းတို့မြန်မာပြည်ကို ရွှေ နိင်ငံ ရွှေနိ င်ငံ ဆိုပြီ ခေါ်ကြတာ အခု ကိုဗစ် ကာလမှာ သဘောပေါက်လာပြီ ပြောပါတယ်.. ကျွန်တော်က ပြန်မေးတာပေါ့ ဘာကြောင့် လဲ ဆိုပြီ.. သူကပြောပါတယ်. ၂၀၂၀ ခုနှစ် နိင်ငံတကာမှာ စီးပွါးရေးတွေ ကျပြီ နယ်ပယ်အသီးသီးကလုပ်ငန်းရှင်တွေ ဒုက္ခရောက်ရပြီ ဝန်ထမ်းေ တွလည်း အလုပ်ပြုပ်ပြီ ဒုက္ခရောက် ခက်ခဲနေကြရပါတယ်.ဂျပန်မှာ ဆိုလည်း နှစ်ပေါင်းရာချီ ရာဇဝင်ရှိတဲ့ လုပ်ငန်းတွေတောင် ပြုတ် လဲပြီ ဖျက်သိမ်း လိုက်ရတာ တွေမနည်းဘူးလို့ ပြောပါတယ်.

ကမ္ဘာ့နိင်ငံ ကြီး များစွာက အစိုးရအသီးသီးကလည်း မိမိတို့ရဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ မပြုပ်လဲရေး အလုပ်အကိုင်မဆုံးရှုံးရေးအတွက် အဖက်ဖက်က ထောက်ပံ့ ကူညီဆောင်ရွက်နေတဲ့ ကြားက ပြိုလဲကျဆုံးသွားတဲ့ လုပ်ငန်းတွေများစွာရှိကြပါတယ်.. ကမ္ဘာ့နိင်ငံကြီးအသီးသီး က ပြည်သူတွေလည်း မလိုအပ်တာတွေ အပိုပစ္စည်းတွေ ဝယ်မသုံးကြလို့ ထုက်လုပ်သူ လုပ်ငန်းရှင်တွေမှာလည်း ဒုက္ခရောက်ပြီ များစွာ ဆုံးရှုံးကြာ မင်းလည်း နိင်ငံတကာ စီးပွါးရေးသတင်းတွေဖတ်လို့ သိတယ်မဟုက်လားမေးတော့.. ကျွန်တော်လည်း သိရှိကြောင်ြး ပန်ြေ ပာပါတယ်..

သူက ထပ်ပြောပါတယ်.. မြန်မာပြည်က လုပ်ငန်းရှင်တွေ အလုပ်လုပ်နေသူစီးပွါးရေးလုပ်ငန်းရှင်တွေကို ဘာမှထိထိရောက်ရောက် ကူညီပန့်ပိုး တာမတွေ့ရမကြားရသည့်အပြင် လုပ်ငန်းရှင်စီးပွါးရေးသမားတွေဆီက ပြန်အလှူခံပြီ ကိုဗစ်ကာကွယ်ရေးတွေ လုပ်နေတာ မြင်ရ    ကြား ရ တော့ သူအနေနဲ့ အလွန်လေးစားမိပါကြောင်း ပြောပြပါတယ်.. နောက်ပြီတော့ နိင်ငံတကာ ကားကုမ္မဏီတွေမှာ ကားတွေမရောင်းရ လို့ စိတ်ညစ်နေကြပေ့မဲ့ မြန်မာပြည်မှာက ဝယ်မယ်ဆိုရင်တောင် ချက်ချင်းမပေးနိင်ဘူး.စောင့်ရတဲ့အထိ ကားတွေရောင်းနေရတာ တွေ့ရ ကြောင်း FB ပေါ်မှာကြည့်လိုက်ရင်လည်း ကားတွေက sold out sold out နဲ့ အခုမဝယ်ရင် နောင်နောင်တရမယ်ဆိုတဲ့ပုံစံမျိုး ရောင်းနေ ကြရတာ တွေ့ရကြောင်း,ဒါတောင် အခွန်သက်သာခွင့်နဲ့ ဝယ်ယူခွင့်ရမဲ့ ဝန်ထမ်းပါမစ်ကို ချပေးမယ်ပြောထားသည့်တိုင်း ရောင်းဝယ်ဖောက် ကား အရောင်းအဝယ်ကောင်းနေတာ ကြည့်ပြီ မြန်မာပြည်သူပြည်သားတွေ တအားချမ်းသာကြောင်း သိလာရတယ်လို့ ပြောပါတယ် ..

ဒါေ တာင် ကိုဗစ် ကြောင့် ဘယ်မှသွားမရ,သုံးမရတဲ့ အခြေအနေဖြစ်တော့ ပိုအံ့ဩမိကြောင်းပြောပြပါတယ်.. ထပ်ပြီတော့ သူကပြောပါသေး တယ်.. အခုဆို FB မှာ ခေတ်စားနေတဲ့ ဆံပင်ရှည်ရှည် ဝဝခန့်ခန့်ကြီးနဲ့ ချစ်စရာ ကောင်းတဲ့ အမျိုးသမီးတစ်ယောက်က အပြောချိုချိုနဲ့ ကျောက်မြတ် ရတနာတွေ ကို FB ပေါ်ကနေ မျက်မြင်ပစ္စည်းမကြည့်ပဲ on line ကရောင်းနေတာ တစ်ရက်တစ်ရက်ကို ဒေါ်လာ ၃-၄ သိန်းဖိုးရောင်းနေ တာ တွေ့ရတော့ ပိုပြီတော့ အံ့ဩသင့်ခဲ့ကြောင်း,မြန်မာပြည်က လူတွေအတွက် ကိုဗစ် ကာလမှာတောင် ဒီလို ဝယ်နိင်သုံး နိင် တယ် ဆိုရင် ကိုဗစ်သာ မရှိလို့ လုပ်ငန်းတွေပုံမှန် လုပ်နေတယ် ဆိုရင် ဘယ်လောက်တောင် အရောင်းအဝယ် ကောင်းလိုက်မှာလဲ ဆို တာ မမှန်းနိင်ကြောင်း ဒါကြောင့်လည်း ရွှေနိင်ငံ ရွှေနိင်ငံ လို့ ခေါ်ဆိုကြတာ တဖြည်းဖြည်း နားလည်လာကြောင်း ပြောပြပါတယ်..

ဒါ နဲ့ ကျွန်တော် က သူကို ပြန်မေးပါတယ်.. ဒါဆို ကျွန်တော်တို့ နိင်ငံက ဘာကြောင့် မဖွံဖြိုး မတိုးတက်ပဲ ကမ္ဘာ့ စီးပွါးရေး အနိမ့်နိင်ငံတွေထဲမှာ ရောက်နေ တာလည်း မေးတော့ နိင်ငံသာ ဆင်းရဲပေ့မဲ့ လူတွေမဆင်းရဲကြောင်း သာမာန်ပြည်သူတွေ ဆင်းရဲပေ့မဲ့ တာဝန်ရှိသူတွေ မဆင်းရဲ ကြောင်း လူအများက အဆင်မပြေပေ့မဲ့ လူတစုမှာ ထားစရာမရှိအောင် ချမ်းသာကြောင်း ပြောပြပါတယ်.. သူကပြောပါသေးတယ် မြန်မာပြည် လို ရွှေနိင်ငံ မှာ နိင်ငံတကာ စီးပွါးရေး တွက်နည်းတွေက အသုံးမတည့် နားလည်ရခက်ကြောင်းလည်း ထပ်မံပြောဆိုပါတယ် ..

ကျွန်တော် အ နေနဲ့လည်း သူရဲ့စကားကို အပြည့်အဝထောက်ခံမိပါတယ်.. အခွန်ငွေများစွာ ရရှိနေတဲ့ မော်တော်ယာဉ်လောကကိုပဲ ကြည့်ပါ တစ်နှစ် တစ်ကြိမ် ပေါ်လစီ ပြောင်းတယ်.နောက်တစ်နှစ်မှာ ဘာပေါ်လစီနဲ့ ဆောင်ရွက်မယ်,ချမှတ်မယ်ဆိုတာ အထူးလျီု့ဝှက်ချက်နဲ့ လုပ်ငန်းရှင် စီးပွါးရေးအဖွဲ့အစည်း လုံးဝမပါဝင်ပဲ ဌာနဆိုင်ရာက တဖက်သက် ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်လုပ်ဆောင်နေမူအတွက် မော်တော်ယာဉ် လုပ်ငန်းနယ်ပယ် ကို အခြားဘယ်နိင်ငံက လုပ်ငန်းရှင်မှ မလုပ်ဆောင် မရှင်သန်နိင်တဲ့ လုပ်ငန်းကို မြန်မာပြည်က လုပ်ငန်းရှင်တွေက လုပ်ဆောင်နေ တာကြည့်ပြီ မြန်မာပြည်က အခြားနိင်ငံထက် ထူးခြားတဲ့ အချက်တွေပါပဲ..

ကျွန်တော် တို့ မြန်မာပြည်က တော့ တကယ့် ရွှေနိင်ငံ ပါပဲ ..

Thein  aung  Chen  Via  win  htay

Leave a Reply

Your email address will not be published. Required fields are marked *