တမင်ဆင်ထားတဲ့ ထောင်ချောက်ထဲ မဝင်မိကြစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတေကို အရေးကြီး သတိပေးစကား ပြောကြားလိုက်ပါပြီ

Posted on

ရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေး ကို နည်း အမျိုးမျိုး နဲ့ ထိခိုက် အောင် ဆောင်ရွက်ေ နကြတာေ တွက တမင် သက် သက် ပြည်သူေ တွကို မခံချင် စိတ်နဲ့ တုံ့ပြန်ေ စချင် လို့ ဆွနေ ကြခြင်းဖြစ် ပြီး ဆင်ထား တဲ့ ထောင်ချောက် ထဲကို မဝင်မိကြ စေဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက် ပါ တယ် ။ နိုဝင်ဘာ လ (၃) ရက် က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ Chair NLD   ဖေ့စ်ဘွတ်ခ်စာ မျက်နှာက တစ်ဆင့် အသိေ ပးပြောကြားခဲ့တာဖြစ်ပါတ ယ်။

“ ဒေါသဖြစ် မယ်ဆို ရင် ဖြစ်ချင် စရာ အတော် များများ ကြုံတွေ့နေ ရပါတယ် ။ တမင် သက်သက် ပြည်သူတွေကို  မခံချင် စိတ်နဲ့  တုံ့ပြန်စေချင် လို့ ဆွနေ ကြ တာ ပါ ။  ဒီလို လုပ်ရပ်တွေ နဲ့ဆင်ထားတဲ့ ထောင်ချောက်ထဲ ကို မဝင်မိကြ ပါစေနဲ့။ ကျွန်မ တို့ ငယ်ငယ် တုန်း က လူတိုင်း လိုလိုသိ ကြတဲ့ အပြောလေး တစ်ခုကို ပြန်မှတ် မိလိုက်တယ် ။ “ ဘာ ရမလဲ သာဝရာ ၊ မင်းလောက်ေ တာ့ ငါပါး ပါသေးတယ်ကွာ ”။ “ သာဝ ”  ဆို တာ ဘယ်သူဘယ် ဝါ မှန်းမသိ ပါ ၊ ဒါပေမယ့် ကလေးတွေ ကတောင် အဓိပ္ပါယ် ကို နားလည်ကြ ပါတယ်။ ကျွန်မတို့ လည်း ယ ခု ဒီအတို င်းပါပဲ။ “သာဝ” တွေ ထက် လိမ္မာပါးန ပ်ကြရမယ်။ စိတ် ထိန်းနိုင်ရမယ် ။ “ သာဝ ” တွေထက် သာတဲ့ပြည် သူတွေပေါ့။ ” လို့ ဒေါ်အောင်ဆန်းစုကြည် က သတိပေးပြောဆို ခဲ့ တာ ပါ ။

ရွေးကောက် ပြွဲ ဖစ် ဖို့ နီး လာ တာနဲ့ အမျှ ဒီရွေးကောက်ပွဲ ဟာ နိုင်ငံ အတွက် ဘယ်လောက်အရေး ပါလဲဆို တာ ပြည်သူေ တွ ပြို ပီး သိလာကြ မယ် လို့ ထင်မြင် မိကြောင်း၊ ရွေးကောက်ပွဲ တည်တည် ငြိမ်ငြိမ် နဲ့ဖြစ်မြောက် သွားပြီး ပြည်သူတွေရဲ့ ဆန္ဒ အမှန် ကို အောင်မြင်စွာဖော်ထုတ် ဖို့ က အဓိက လိုအပ် ချက်ဖြစ်ြေ ကာင်း၊ ဒါကို မလိုလား လို့ နည်း အမျိုးမျိုးနဲ့ ရွေးကောက်ပွဲေ အာင်မြင် စွာဖြစ်မြောက်ရေး ကို ထိခိုက်ေ အာင် ဆောင်ရွက်မှုေ တွရှိနေ တယ်ဆို တာကို ပြည်သူေ တွ အသိ ပဲ ဖြစ်ေ ကြာင်း ဒီ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က Chair NLD ဖေ့စ်ဘွတ်ခ် စာမျက်နှာ က တစ်ဆင့် ရေးသားဖော်ပြခဲ့ တာ ပါ ။

ရွေးကောက်ပွဲ အတွက်အောင်နိုင် မှုရယူကြရာမှာ  နိုဝင်ဘာ (၈) ရက်နေ့ မှာ တည်ငြိမ်အေးချမ်းစွာနဲ့ ယုံ ကြည်ချက် ကို ခိုင် ခိုင်မာမာဆုပ်ကိုင်ထားပြီး မဲရုံကိုသွားပြီးမဲပေးကြဖို့၊ Mask တွေတပ်ထားကြ ရမှာဆိုတော့  တစ်ဦးနဲ့တစ်ဦး အပြုံးတွေ နဲ့အားပေးလို့မရတဲ့အ ခါ မျက်လုံးချင်းအကြည့်ေ တွနဲ့ပဲ အရေးကြီးလို့သွေးစ ည်းနေကြပြီဆိုတာကိုြ ပသကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစြု ကည်က တို က်တွန်းခဲ့ပါေ သး တယ် ။

တ  က ယ်လို့ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီစွာ မဲပေးရေးကို   ထိပါးစေမယ့် အခြေအနေ၊ လုပ်ရပ်တွေကို သ  တိထားမိပါက မဲရုံက တာဝန်ရှိသူတွေ ကို ရှင်းရှင်းလင်းလင်း၊ တည်တည်ငြိမ်ငြိမ် တင်ပြကြဖို့လည်း သတိပေးထားပါတယ်။

မဲေ ပးတဲ့နေ့မှာ ပြည်တွင်းပြည် ပက ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်၊ အ ဖွဲ့အစည်းတွေ ရှိမှာဖြစ်တဲ့အတွက် ပြည်သူတွေ ရဲ့ နိုင်ငံရေးရင့် ကျက်မှု ၊ ကိုယ့်ကံ ကြမ္မာကိုယ်ဖန် တီးရေး ကိုအလေးထား မှု ပေါ်လွင် ထင်ရှားအောင် ပြသ လိုက်ကြဖို့ ၊ ကျန်းမာရေး စည်းမျဉ်း စည်းကမ်း များ အလေးထား လိုက်နာတာကို လည်း ပြသ လိုက် ကြဖို့ ကို လည်း အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဆို ပါ တယ် ။

ဆက် လက် ပြီး ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက် ပွဲနေ့ မှာ မဲရုံ မှာ မဲသွားပေး နိုင်သူတွေ ကို အားကျ လှပြီး သူ့ အနေနဲ့ ကတော့ အ သက် (၆၀) ကျော် ဖြစ်တဲ့ အတွက် ကြိုတင် မဲပေးလိုက် ပြီဖြစ်ကြောင်း၊ (၈) ရက်နေ့ မှာ စိတ်က တော့ မြန်မာ နိုင်ငံ တစ်ဝှမ်းလုံး မဲပေးနေ တဲ့ပြည်သူတွေ နဲ့ အတူ ရှိနေမယ် လို့ ပြောကြား ခဲ့ ပါ တယ် ။

crd :  Duwun

Leave a Reply

Your email address will not be published. Required fields are marked *