ႏွစ္ေတြ အၾကာ ႀကီး ထိ သံႀကိဳး ခတ္ ထား ခံ ရ တဲ့ သူမ

ႏွစ္အၾကာႀကီးထိ သံႀကိဳးခတ္လို႔ ခ်ဳပ္ေႏွာင္ခံခဲ့ ရတဲ့ သူမတို႔အေၾကာင္းေ လး ပုံ႔ေျပာျပမယ္….

လူရယ္ လို႔ျဖစ္လာၿပီမို႔ ေလာကဒဏ္ရဲ႕ ႐ိုက္ႏွက္မႈကို ခံရတာ သိပ္ေတာ့ မဆန္းလွပါဘူး…ဒါေပမဲ့ အဲ့ဒီ့ ေလာကဒဏ္ ဆိုတာႀကီးက သူတို႔ သား အမိကိုမွ ခဏခဏ လႊဲ လႊဲ ႐ိုက္ေနတာကေတာ့ အရမ္းကို ရင္နာစရာ ေကာင္းလွပါတယ္…..

သူတို႔သား အမိ ပုံ႔ဆီေရာက္လာပုံေလးက ထူးဆန္းတယ္…ပုံ႔ ဖြင့္ထားတာ ဘိုးဘြားရိပ္သာဆိုေတာ့ ပုံမွန္ဆို သားသမီးေတြက ပစ္သြားတဲ့ မိအိုဘအိုေတြဘဲ ေရာက္လာတတ္ၾကတယ္…

သူတို႔ ကေတာ့ ထူးထူးျခားျခား မေအကိုယ္တိုင္က သူ႔သမီးေလးကို ရိပ္သာအပ္ပါရေစဆိုၿပီး ခြင့္လာေတာင္းခဲ့တာ….

သူတို႔ သားအမိ ပုံ႔ဆီေရာက္လာခဲ့တာ ခုေဆာင္းတြင္းဆို တႏွစ္ျပည့္ခဲ့ၿပီ…သူတို႔ရဲ႕ ဇာတ္လမ္းေလးဟာ ရင္နာစရာေကာင္းလြန္းလို႔ ေရးဖို႔ေတာင္ စကားလုံးေတြ ရွာမရခဲ့ဘူး…

ဒါေပမဲ့ ေလာကကို လြယ္လြယ္အရႈံးေပးတတ္ၾကသူေတြကို ေတြ႕တိုင္း ဒီသားအမိအေၾကာင္းေလးကို ေရးျပခ်င္ခဲ့မိပါတယ္….

မႏွစ္ကေဆာင္းရာသီရဲ႕ ႏွင္းေတြက်ေနတဲ့ ေန႔တေန႔မွာေပါ့…ပိန္ခ်ဳံးၿပီး မ်က္ကြင္းေတြေတာင္ က်ေနၿပီျဖစ္တဲ့ အဖြားတစ္ေယာက္ စက္ဘီးအစုတ္ေလးကို စီးၿပီး ပုံ႔ဆီေရာက္လာခဲ့တယ္….

ပုံ႔အတြက္ေတာ့ အဲ့ဒီေန႔သည္လဲ အရင္ေန႔ေတြလိုပါဘဲ…ကေလးေတြနဲ႔ ေဆာ့ရင္း ရိပ္သာေရွ႕က ခုံေလးမွာ ထိုင္ေနခဲ့တယ္…အဲ့ဒီအခ်ိန္ အဖြားေရာက္လာၿပီး ပုံ႔ကို ေမးရွာတယ္…

” သမီး ခိုလႈံရာဆိုတာ ဒါလားဟင္ ” ပုံ႔လဲ ” ဟုတ္ပါတယ္ အဖြား…ဘာကိစၥရွိလို႔လဲ လာ ထိုင္ပါ ” ဆိုေတာ့…

အဖြားက ပုံ႔ေဘးက ထိုင္ခုံေလးမွာ ဝင္ထိုင္ရင္း ဘာမေျပာညာမေျပာနဲ႔ ခ်ဳံးပြဲခ်ငိုပါေတာ့တယ္…ပုံ႔လဲ ရိပ္သာက ဝန္ထမ္းေတြနဲ႔ ဘာမ်ားျဖစ္လို႔ပါလိမ့္ဆိုၿပီး စိတ္ပူသြားတယ္…

အဖြားခမ်ာေတာ့ ဒီစကားလုံးေတြကို ေျပာထြက္ဖို႔အတြက္ ရင္ထဲမွာ အရမ္းကိုတစ္ဆို႔ ေနပုံေပၚပါတယ္…ပုံ႔ေမးတာ မေျဖႏိုင္ေသးဘဲ သူငိုလို႔ ဝေတာ့မွ…

” အဖြားသမီးေလးကို ဒီရိပ္သာမွာ ထားခ်င္လို႔ပါ သမီးရယ္ ” တဲ့…ေျပာၿပီးတာနဲ႔ ခ်ဳံးပြဲခ်ငိုျပန္ပါတယ္…သားသမီးကို ပစ္ရတဲ့ပြဲဆိုေတာ့လဲ မငိုဘဲ ဘယ္ေနႏိုင္ပါ့မလဲေလ…

ပုံ႔လဲ “ဟင္” လို႔ တလုံးတည္းသာ ေျပာၿပီး အေတာ္အံ့ၾသသြားမိတယ္…ဟုတ္တယ္ေလ ပုံ႔ ဖြင့္ထားတာ ဘိုးဘြားရိပ္သာဆိုေတာ့ ပုံ႔ဆီေရာက္လာတာေတြက မ်ားေသာအားျဖင့္ သားသမီးက ပစ္တဲ့ မိအိုဘအိုေတြ…

အခုက် မိခင္ကိုယ္တိုင္က သူ႔သမီးေလးကို လာအပ္ရွာတာဆိုေတာ့ မအံ့ၾသခံႏိုင္ပါ့မလား…ဒါနဲ႔ ပုံ႔လဲ…

” အဖြား…အဖြားသမီးေလးက ဘာျဖစ္လို႔လဲ…ဘာလို႔အပ္ခ်င္တာလဲ ” ဆိုေတာ့ အဖြားက…

” ကြၽန္မ သမီးေလးက စိတ္က်န္းမာ ေရး မေကာင္းရွာတဲ့သူပါရွင္… အသက္က အခုဆို ၃၈ ႏွစ္ရွိပါၿပီ…အသက္ ၁၈ ႏွစ္ေလာက္ထဲက ဒီေရာဂါျဖစ္ခဲ့တာပါ…”

” သူ႔အေဖလဲ သူ႔ေရာဂါကို ကုရင္းနဲ႔ဘဲ ဆုံးသြားတာ ၁၀ ႏွစ္ေလာက္ရွိပါၿပီ…သူ႔အေဖမရွိထဲက ကြၽန္မဘဲ ရွာေဖြေကြၽးေမြးခဲ့ရတာပါ ”

” အခု သမီးေလးေရာဂါက ပိုဆိုးလာလို႔ ကြၽန္မ သူနဲ႔လဲ မေနရဲေတာ့လို႔ပါ…ၿပီးေတာ့ ကြၽန္မလဲ အသက္ႀကီးလာေတာ့ က်န္းမာေရးမေကာင္းေတာ့လို႔ သူ႔ကိုလဲ ဝေအာင္ ရွာမေကြၽးေတာ့သလို၊

ကြၽန္မေသသြားရင္လဲ သမီးေလးကို တစ္ေယာက္ထဲ စိတ္မခ်လို႔ လာအပ္ရတာပါရွင္…ဟီး…ဟီး…ဟီး…” ဆိုၿပီး ငိုပါေတာ့တယ္…ငိုေနရင္းနဲ႔ဘဲ…

” ကြၽန္မ သမီးေလးကို ကြၽန္မမေသခင္ စိတ္ခ်ခဲ့ခ်င္လို႔ပါ…ဟီး ဟီး…ကြၽန္မလဲ က်န္းမာေရး တေန႔တျခား ပိုပိုဆိုးလာလို႔ပါ…အရင္ဆို ကြၽန္မ လယ္ထဲက ကနေဖာ့ေတြ ကန္စြန္း႐ြက္ေတြ ခူးၿပီး စက္ဘီးနဲ႔ ၿမိဳ႕တက္ေရာင္းတာ…အခုေတာ့ စက္ဘီးစီးရင္ အရမ္းကိုေမာလာတယ္…ကြၽန္မ ေသမွာ မေၾကာက္ပါဘူး…ကြၽန္မသမီးေလးကို စိတ္မခ်လို႔ပါ…ဟီးဟီး…လက္ခံေပးပါ ဆရာမရယ္….” ဆိုၿပီး သူ႔လက္ထဲပါလာတဲ့ သူ႔သမီးေလးဓာတ္ပုံျပရွာတယ္….

ပုံ႔လဲ သာမာန္ဆို အသက္ငယ္တဲ့သူ၊ အိမ္ယာရွိတဲ့သူ၊ စိတ္က်န္းမာေရး အရမ္းကို ဆိုးတဲ့သူဆို လက္မခံပါဘူး..ဒါေပမဲ့ ဒီေန႔ေတာ့ အဖြားကို သနားတာနဲ႔ ပုံ႔ကိုယ္တိုင္လာၾကည့္ပါ့မယ္ဆိုၿပီး လိပ္စာေတာင္းထားလိုက္တယ္…

အဖြားလဲ ထိုင္ရာကေနထ ျပန္ဖို႔ဟန္ျပင္ရင္း စက္ဘီးေပၚတက္တဲ့အထိ တဖြဖြ မွာရွာတယ္…

“…ဆရာမရယ္ လာျဖစ္ေအာင္လာခဲ့ပါေနာ္…ကြၽန္မ အားကိုးပါရေစေနာ္…ဆရာမ လက္ခံရင္ေလ ကြၽန္မ အိမ္ဝိုင္းေလးကို ေရာင္းၿပီ အေႂကြးေလးေတြေပးၿပီးတာနဲ႔ ကြၽန္မလဲ ကြၽန္မသမီးေလးနဲ႔ လာေနပါရေစေနာ္…ဆရာမ လာျဖစ္ေအာင္ လာခဲ့ပါေနာ္….”

ပုံ႔လဲ ” ဟုတ္ကဲ့ ဟုတ္ကဲ့ စိတ္ခ်ပါအဖြားရယ္…ပုံ႔လာခဲ့မယ္ေနာ္..” လို႔ ေျပာၿပီး ေနာက္ေန႔မွ သြားမယ္ဆိုၿပီး ေနလိုက္တယ္ စိတ္ထဲေတာ့ အေတြးမ်ားစြာနဲ႔ေပါ့….

ပုံ႔ တမနက္လုံး သူတို႔သားအမိအေၾကာင္းဘဲ ေတြးေနမိတယ္…သူ႔သမီးေလးက ဘာလို႔ ႐ူးတာလဲ…မိသားစု ေဆြမ်ိဳး မရွိဘူးလား…အဖြားက ဘာလို႔ ေသစကား ခဏခဏေျပာရတာလဲ…သူ႔သမီးေလး မရွိရင္ေရာ သူဘာျဖစ္မွာလဲ စသည္ျဖင့္ေပါ့….

ေန႔လည္ေလာက္ေရာက္ေတာ့ ပုံ႔စိတ္ထဲ လုံးဝကိုေနလို႔ မရေတာ့ပါဘူး…ပုံ႔ ရိပ္သာက အကိုကို ကားေမာင္းခိုင္းၿပီး အဖြားတို႔သားအမိရွိတဲ့ ႐ြာေလးကို ထြက္ခဲ့ပါေတာ့တယ္…

႐ြာေလးက ဟသၤာတနဲ႔ သိပ္မေဝးေပမဲ့ ေတာ္ေတာ္ေလးကို ေခ်ာင္က်ပါတယ္…ကားေပၚက တစ္ေယာက္ကဆင္းၿပီး ေရွ႕ကလမ္းရွာေပးရပါတယ္…ကားက ႏြားလွည္းလမ္းႀကီးေပၚ ခြေမာင္းရတာ မိုးကုန္ကာစ ႐ြံ႕လမ္းဆိုေတာ့ တကယ့္ကို ခက္ခက္ခဲခဲပါ…

ေမးရင္း ေမးရင္း ေမာင္းလာလိုက္တာ…ေနာက္ဆုံးေတာ့ အိမ္ေရွ႕မွာ ေရအိုးစင္ေလးနဲ႔အိမ္ဟာ မေဌးတို႔ သားအမိအိမ္ပါတဲ့…ေအာ္ သူတို႔ရဲ႕ဘဝေတြ ပူေလာင္ေနေပမယ့္ သူတပါးကိုေတာ့ ေအးခ်မ္းေစခ်င္တဲ့ ေစတနာေလးရွိၾကပါလားေပါ့…

သံသရာေႂကြးေတြေၾကာင့္ဘဲ ထင္ပါတယ္…

ၿခံေရွ႕ကိုေရာက္ေတာ့ အိမ္ဆိုတာ ရွာမေတြ႕ဘူးရယ္ တၿခံလုံး ၿခဳံေတြနဲ႔ဖုံးလို႔…ၿပီးေတာ့ ေတာ႐ြာက အိမ္ဆိုေတာ့ ၿခံဝနဲ႔ အိမ္က အေတာ္ေလးလွမ္းတာ…အိမ္ဆီကိုေရာက္ဖို႔ အပင္ေတြၾကားက တိုးေဝွ႔သြားရတာရယ္…

ေဟာ…ေတြ႕ပါၿပီ…ၾကမ္းေပါက္က်ဲက်ဲ အမိုးၿပဲၿပဲ ထရံအကြဲနဲ႔ ယိုင္ႏြဲ႕ေနၿပီျဖစ္တဲ့ တခ်ိန္တုံးက ခန္႔ခန္႔ထည္ထည္ ရွိခဲ့ပုံေပၚတဲ့ အိမ္ႀကီး…

ပုံ႔တို႔ အိမ္နားကို ေရာက္ေတာ့ အဖြားေဒၚေဌးနဲ႔ အနားက ရပ္ေဆြရပ္မ်ိဳးေတြလဲ ဝိုင္းလာၾကတယ္…လာပါေပါ့…ကြၽန္မတို႔ အိမ္ပါတဲ့…ဆရာမကို ေခၚရမွာ အားေတာ့ နာပါတယ္တဲ့…ကိစၥမရွိပါဘူး…

သူမဖိတ္ေခၚခင္ထဲက ပုံ႔က အိမ္ေပၚခြတက္ဖို႔ ေျခလွမ္းျပင္ေနပါၿပီ….ဒါေပမဲ့ ပုံ႔အိမ္ေပၚေရာက္ေရာက္ခ်င္း ျမင္လိုက္ရတဲ့ ျမင္ကြင္းက ပုံ႔ကို ပုံလ်က္သားက်သြားေစခဲ့ပါတယ္…ဟုတ္တယ္…ပုံ႔ သူမကို ျမင္ျမင္ခ်င္း ဘာမွ မေျပာႏိုင္ဘဲ ေငးရင္း ထိုင္ခ်လိုက္ရတယ္….

သူမ…သူမ ဆိုတာက အသားျဖဴျဖဴ၊ ႏွာတံသြယ္သြယ္၊ ႐ုပ္ေခ်ာေခ်ာေလးနဲ႔ အဖြားေဒၚေဌးရဲ႕ သမီးေလး… ေျခေထာက္ကိုေတာ့ အိမ္လည္တိုင္မွာ သံ​ႀကိဳးႀကိဳးႀကီးနဲ႔ တြဲၿပီး ေသာ့ခတ္ထားေလရဲ႕…

ေျခေထာက္ေလးေတြၾကည့္လိုက္ေတာ့လဲ ျဖဴႏုလို႔…ဒါေပမဲ့ ေျခက်င္းဝတ္မွာ သံႀကိဳးပြန္းရာႀကီးနဲ႔…သူကို ေသာ့ခတ္ထားတဲ့ေနရာမွာလဲ ၾကမ္းေပါက္ေတြက ႀကဲလို႔…

သံႀကိဳးခတ္ထားသူဟာ အေမျဖစ္ေနတာမို႔…ဘာလို႔ ေသာ့ခတ္ထားလဲလို႔ အရင္မေမးျဖစ္ေတာ့ဘူး…ဘယ္မိဘမွ သံႀကိဳးတန္းလန္းနဲ႔ ကိုယ့္သားသမီးကို မျမင္ခ်င္တာ အေသအခ်ာမို႔ပါ…

ဒါေၾကာင့္ ဒီလို သံႀကိဳးခ်ည္ထားတာ ဘယ္ေလာက္ၾကာၿပီလဲ လို႔ ေမးမိတယ္….

” သူမ အသက္ ၂၀ ေက်ာ္ ၊ သူမ အေဖ ဆုံးၿပီးထဲက သမီးေလးကို ကြၽန္မက ဒီလိုဘဲ ေသာ့ခတ္ထားရတယ္…ခုဆို သမီး အသက္ ၃၈ ဆိုေတာ့၊ သံႀကိဳးခတ္ထားရတာ ႏွစ္ေတာ္ေတာ္ၾကာပါၿပီ ”

“သမီးေလး အေဖမရွိေတာ့ သားအမိႏွစ္ေယာက္ထဲ၊ ကြၽန္မက ကနေဖာ့ခ်ိဳးသြားေတာ့ အိမ္မွာ သမီးကို ေစာင့္မယ့္လူမရွိတာနဲ႔ ထြက္သြားမွာစိုးလို႔ သံႀကိဳးခ်ည္ ထားခဲ့ရတာပါ”

“ေဘးက ၾကမ္းေပါက္ေတြက ကြၽန္မေဖာက္ေပးထားတာ၊ အေပါ့အေလး သြားလို႔ရေအာင္ပါ”

ကြၽန္မ ဘာမေျပာႏိုင္ဘဲ ငိုင္ေနမိတယ္…ေအာ္…အဖြားရယ္…ထြက္သြားမွာစိုးလို႔ အိမ္လည္တိုင္မွာ သမီးပ်ိဳ စိတ္ေဝတနာသည္ေလးကို သံႀကိဳးခတ္ထားခဲ့တယ္တဲ့လား…

ဘယ္အေပါက္ကတက္တက္ တက္လို႔ရေနတဲ့ အဖြားအိမ္…အိမ္တံခါးမရွိ ၿခံတကား ဗလာနဲ႔ အဖြားအိမ္က သံႀကိဳးခတ္ခံထားရတဲ့ သမီးေလးအတြက္ လုံၿခဳံေနလို႔လားလို႔ ေမးလိုက္ခ်င္ပါတယ္….

ဒါေပမဲ့ ကြၽန္မ မေမးျဖစ္ပါဘူး…

ဘာလို႔ဆို ေမေအတခု သမီးတခုဘဝမွာ မျဖစ္မေန ထမင္းစားဖို႔ ထြက္ရွာရမယ့္အဖြားက စိတ္ေဝဒနာသည္ သူ႔သမီးေလးကို စိတ္မခ်လြန္းလို႔ ႀကံရာမရတဲ့အဆုံး သံႀကိဳးေလးခတ္ထားရင္ သူ႔သမီးေလး လုံၿခဳံၿပီလို႔ ကိုယ့္စိတ္ကို လွည့္စားရင္း ေငြထြက္ရွာရတယ္ ထင္ပါရဲ႕….

ဒါနဲ႔ ပုံ႔လဲ အဖြားအေၾကာင္းကို ဆက္ေမးျဖစ္ပါတယ္…..

” ကြၽန္မတို႔က မိသားစု ၅ ေယာက္ရွိပါတယ္…သမီးေလးက အလတ္၊ သူ႔အထက္မွာ အမတစ္ေယာက္နဲ႔ သူ႔ေအာက္မွာ ေမာင္ေလးတစ္ေယာက္ရွိပါတယ္”

“အရင္တုံးက ကြၽန္မတို႔ေတြေတာ္ေတာ္ေလး ​ျပည့္စုံၾကတယ္…သြပ္မိုးပ်ဥ္ေထာင္အိမ္ႀကီးနဲ႔…ဟိုး မွာျမင္ေနရတဲ့ လယ္ေတြ ေတြ႕လား…

အဲ့ကေန ဟိုးသစ္ေတာ အုပ္ေလးထိ အရင္က ကြၽန္မတို႔လယ္ေတြ အဆင္မေျပလို႔ ေရာင္းလိုက္တာ” ဆိုၿပီး အိမ္ေရွ႕လမ္းေလးရဲ႕ တဖက္ကေန ဟိုးဘုရားျဖဴျဖဴေလးနဲ႔ ေတာအုပ္စပ္အထိ မ်က္စိတဆုံး စိမ္းညႇိဳ႕ေနတဲ့ လယ္ေတြကို ခပ္ေဆြးေဆြးေလးၾကည့္ၿပီး လက္ညႇိဳးထိုးျပရွာတယ္…..

” သမီးေလး ၁၈ ႏွစ္ေလာက္မွာ၊ သမီးအႀကီးေလးက မိန္းကေလးေရာဂါနဲ႔ ဆုံးသြားရွာတယ္…သူတို႔ ညီအမေတြက သိပ္ခ်စ္ၾကတာေလ…အဲ့ထဲက သမီးက စကားသိပ္မေျပာေတာ့ဘူး…ဒါေပမဲ့ အလုပ္ေတာ့ လုပ္တယ္…ဘုရားရွိခိုးတယ္.”

“သားအငယ္ကေတာ့ ဆိုးတယ္…သူက အရက္ေသာက္တယ္ ေလာင္းကစားလုပ္တယ္….အိမ္က ပစၥည္းေတြ အကုန္ခိုးေရာင္းတာ…အဲ့ေတာ့ သူ႔အေဖနဲ႔ အၿမဲ ျပသနာတက္ၾကတယ္…”

“အဲ့ေနာက္ပိုင္း တျဖည္းျဖည္း စီးပြားလဲက်လာ အိမ္မွာလဲ ခဏခဏ ျပသနာတက္ေတာ့ သမီးေလး အေျခအေနက ပိုဆိုးလာတယ္…ပထမပိုင္းေတာ့ သီခ်င္းေတြေအာ္ဆိုတယ္…အဲ့ကေန ဆဲတယ္ စကားအက်ယ္ႀကီးေျပာတယ္…ညဆို မအိပ္ဘဲ ငိုတယ္…”

” သူ႔အေဖရွိတုံးကေတာ့ သူ႔ကို မ်ိဳးစုံကုတယ္….တံတားေလးလဲေရာက္တယ္…ဘယ္ေနရာေကာင္းတယ္ဆို သြားကုတာဘဲ…သူ႔အေဖက ႏွလုံးမေကာင္းဘူး…သူ႔ေရာဂါေတာင္ သူမကုဘဲ သူ႔သမီးကို ေကာင္းတယ္ၾကားတာနဲ႔ လိုက္ကုတာ…ကုရင္းနဲ႔ဘဲ သူ႔သမီးမဆုံးဘဲ သူဆုံးသြားရွာတယ္…စိတ္ေတြညစ္တာလဲ ပါတာေပါ့…”

” သူ႔အေဖဆုံးေဆာ့ ကြၽန္မလဲ ဘာလုပ္ရမွန္းမသိဘူး…သားကလဲ အိမ္ျပန္လာရင္လာတယ္ မလာရင္မလာဘူး…ေလာင္းကစားလုပ္ၿပီး ရွိတာ အကုန္ေရာင္းတယ္…ကြၽန္မကလဲ သူ႔ကိုေၾကာက္ရတယ္…”

“သိပ္မၾကာဘူး သားက မိန္းမရတယ္…မိန္းမလဲရေရာ သူလိမ္မာပါမယ္…ရန္ကုန္တက္အလုပ္လုပ္မယ္ လယ္ေတြ ေရာင္းေပးပါ…ဟိုမွာ အေျခခ်မယ္…သူျပန္လာေခၚမယ္ေျပာတယ္…ကြၽန္မလဲ သားအမိႏွစ္ေယာက္ထဲ ဘာလုပ္ရမွန္းမသိတာနဲ႔…

သူ႔ကို လယ္ေတြအကုန္အပ္လိုက္တာ….ေရာင္းၿပီး တစ္လ ႏွစ္လေတာ့ အဆက္အသြယ္လုပ္ေသးတယ္…ေနာက္ပိုင္း ဖုန္းလဲမဆက္ေတည့ဘူး…ဖုန္းလဲ မကိုင္ေတာ့ဘူး….

ဒီလိုနဲ႔ ကြၽန္မတို႔ရွိတာေတြအကုန္ ဖဲ့ေရာင္း ထုတ္ေရာင္းရင္း ေနာက္ဆုံး ဒီလို ဘဝေရာက္တာပါဘဲ…သားကိုေလ အရမ္းစိတ္နာတယ္…ကြၽန္မတို႔ ဒီဘဝေရာက္ေအာင္ သူလုပ္တာ….အီးဟီးဟီး..” ဆို ၿခဳံးပြဲခ်ငိုေနရွာတယ္..

” ကြၽန္မေလ ပဲႏႈတ္ခ်ိန္ ပဲႏႈတ္ ေကာက္စိုက္ခ်္န္ ေကာက္စိုက္၊ ဘာအလုပ္မွ မရွိရင္ လယ္ေတြထဲ ကနေဖာ့ ႏႈတ္တယ္၊ ကန္စြန္း႐ြက္ခူးတယ္…ၿမိဳ႕တက္ေရာင္းတယ္…ကြၽန္မ အျပင္သြားေနခ်ိန္ေတာ့ သမီးေလးေျခေထာက္ကို သံႀကိဳးနဲ႔ ခ်ည္ထားခဲ့ရတာ….တခါေလွ်ာက္ထြက္တာ ျပန္ပို႔လို႔ေတာ္ေသးတာ…အဲ့ထဲက ကြၽန္မ အၿမဲခတ္ထားတာ…”

ပုံ႔လဲ အဖြားကို ေဆးက် ဘယ္လိုကုလဲ ေမးေတာ့…

“ကြၽန္မ ပိုက္ဆံရွိရင္ တပတ္တခါ ဟသၤာတက္ ေဆးထုတ္တယ္…မရွိရင္ေတာ့ ေဆးမတိုက္ႏိုင္ဘူးေပါ့…ေဆးတိုက္ရင္ေတာ့ ၿငိမ္တယ္…မတိုက္ရင္ကြၽန္မ သူ႔အနားမအိပ္ရဲဘူး…စိတ္ထလာရင္ အကုန္ေပါက္ခြဲ လက္သီးေတြနဲ႔ထိုး ေသာင္းက်န္းတာ…

တခါ ကြၽန္မေတာင္ ထိုးမယ္လုပ္လို႔ ေဘးက ဝိုင္းဆြဲရတယ္…အဲ့ထဲက ကြၽန္မ သူနဲ႔အတူမအိပ္ရဲေတာ့ဘူး…ကြၽန္မ ဒီမွာ ထြက္အိပ္တာ….သူဘယ္ေလာက္ၾကမ္းလဲ ဘုရားစင္ကိုၾကည့္ေလ…ဘုရားေရာ အိုးေတြေရာ ေပါက္ခြဲပစ္တာ…ဘုရားေတာင္ တျခမ္းပဲ့ေနၿပီ…”

အဖြအိပ္တဲ့ေနရာၾကည့္ေတာ့ အိမ္ေရွ႕ကြတ္ပစ္ အကာမပါ…အခင္းက်ဲက်ဲေပၚမယ္ ပီနံအိတ္ေလးခင္းလို႔…ဘုရားစင္ ေမာ့ၾကည့္ေတာ့လဲ ဘုရားတျခမ္းပဲ့ေလးနဲ႔….သူမကဘဲ ဆက္ေျပာပါတယ္…

” ကြၽန္မအခု အရင္လို အလုပ္သိပ္မလုပ္ႏိုင္ေတာ့ဘူး…အရင္ဆို ၿမိဳ႕ကို စက္ဘီးစီးရင္ မေမာဘူး…ခုေမာတယ္…ၿပီးေတာ့ ကြၽန္မ သူ႔ကို ဆက္မေစာင့္ေရွာက္ႏိုင္ေတာ့ဘူး…ကြၽန္မပါ ႐ူးရင္႐ူး မ႐ူးရင္ သတ္ေသမိလိမ့္မယ္…

ကြၽန္မ ထမင္းလဲ နပ္မွန္ေအာင္ မရွာႏိုင္ေတာ့ဘူး…ကြၽန္မ သမီးေလးကိုလဲ ေဆးမတိုက္ႏိုင္ေတာ့ဘူး ဆရာမရယ္….အီး ဟီး….ကြၽန္မေရာ ကြၽန္မသမီးေလးေရာ အတူတူေသဖို႔ ကြၽန္မ ခဏခဏႀကံမိတယ္ ဆရာမရယ္”

ဟုတ္ပါတယ္…ပုံ႔လဲ သူ႔ေနရာ ခဏ ဝင္ခံစားၾကည့္တာ ထြက္ေပါက္အရမ္းကို ပိတ္သြားတယ္လို႔ ခံစားရတယ္…ခ်က္ခ်င္း႐ူးခ်င္သြားတယ္…

ကြၽန္မလဲ ဘာမွ မေတြးေတာ့ဘဲ ကြၽန္မ လက္ခံပါ့မယ္ဆိုၿပီး သူတို႔ သားအမိကို ေစာင့္ေရွာက္ဖို႔ တာဝန္ယူမိတယ္…ပုံမွန္ဆိုရင္ေတာ့ စိတ္က်န္းမာေရး အဲ့ေလာက္ဆိုးရင္ လက္မခံပါဘူး…ဒီလိုအေျခအေနမွာေတာ့ ကြၽန္မ ႏွလုံးသားက ကြၽန္မကို ျငင္းခြင့္မျပဳခဲ့ပါဘူး….

ကြၽန္မက အဖြားကို သမီးေလးေရာ၊ အဖြားကိုပါ ႏွစ္ေယာက္စလုံးကို ေစာင့္ေရွာက္ေပးပါ့မယ္ ဆိုေတာ့ တအေပ်ာ္သြားရွာတယ္…သူေပ်ာ္လို႔ ေျပာတဲ့ စကားလုံးမွာ ကြၽန္မကေတာ့ အေျဖတစ္ခု ရသြားခဲ့တယ္….

” ဝမ္းသာလိုက္တာ ဆရာမရယ္…ကြၽန္မေလ ကြၽန္မပါ လိုက္ခ်င္တာ…ႏွစ္ေယာက္ဆို လက္မခံႏိုင္မွာ စိုးလို႔ ကြၽန္မ သမီးေလးကိုဘဲ အပ္ရတာပါ….ကြၽန္မ သမီးေလး မရွိရင္ ကြၽန္မလဲ ဘာလုပ္ရမွန္းမသိဘူး…

႐ူးခ်င္႐ူး ေသခ်င္ေသမွာ…ၿပီးေတာ့ ကေလးက စိတ္ထရင္ ကြၽန္မနဲ႔မွ ျဖစ္တာ…အရင္ ပိုက္ဆံအဆင္ေျပတုံးက ညဘက္ မအိပ္ဘဲ စိတ္ထရင္ ကြၽန္မ ဆရာဝန္ေပးတဲ့ စိတ္ေဆးေတြ ၃/၄ လုံးတိုက္ပစ္တာ အဲ့ဒါဆို သူက ၿငိမ္ၿပီး အိပ္ေရာ”

“ဟင္…အဖြားကို ဆရာဝန္က တိုက္ခိုင္းတာလား” လို႔ ပုံ႔က အလန္႔တၾကားေမးေတာ့….

” မဟုတ္ဘူး…ကြၽန္မဟာ ကြၽန္မတိုက္တာ…ေဆးေတြက တပါတ္မျပည့္ခင္ကုန္ေရာ…ခုေတာ့ ပိုက္ဆံမရွိေတာ့ ဝယ္လဲ မတိုႏိုင္ေတာ့ပါဘူး…အဲ့ေတာ့ သူလဲ ပိုဆိုးလာတယ္…”

ျဖစ္ၿပီးခဲ့တာေတြလဲ ျပန္ျပင္မရၿပီမို႔ ေစတနာေစာနဲ႔ လုပ္ခဲ့တဲ့ ပညာမတတ္ရွာ၊ ဗဟုသုတမႂကြယ္ရွာဘဲ သားသမီးကို ခ်စ္တဲ့စိတ္ေလး တခုနဲ႔ အေကာင္းဆုံးကို ဖန္တီးေပးခဲ့တယ္လို႔ ယူဆေနတဲ့ ဒီမေအႀကီးကို အျပစ္မဆိုခ်င္ေတာ့လို႔ ဘာမွ မေျပာျဖစ္ေတာ့ပါဘူး…

ပတ္ဝန္းက်င္ကေတာ့ ေျပာပါတယ္…သူ႔သမီးက အဲ့ဒါေၾကာင့္ ပိုဆိုးတာတဲ့ စျဖစ္တုံးက သူ႔သမီးေလး မအိပ္ရင္ ေဆးေတြ လွိမ့္တိုက္တာတဲ့…အင္း လို႔ တလုံးထဲဘဲ ေျပာမိေတာ့တယ္…

ေနာက္ဆုံး ပုံ႔လက္ခံေတာ့ သူတို႔သားအမိ ရိပ္သာလာမယ္ေပါ့…သူ႔သမီးေလးေတာ့ အရင္ပို႔မယ္…သူကေတာ့ ခုတခါ ဘဏ္ေငြထုတ္ရင္ သူရစရာရွိတဲ့လူဆီက ရစရာေတာင္းၿပီး သူ႔ေႂကြးေလးေတြ ဆပ္ၿပီးမွ လာခဲ့ပါရေစတဲ့…သံသရာေႂကြး မပါခ်င္ လို႔ပါတဲ့…

ပုံ႔လဲ ကူမယ့္ကူ အဆုံးထိဘဲ ကူလိုက္ပါေတာ့တယ္…ေပးရမယ့္ အေႂကြးစာရင္းတြက္ခိုင္း ပုံ႔ဘဲ စိုက္ဆပ္ၿပီး တခါထဲဘဲ လိုက္ခဲ့ဖို႔ဘဲ မွာၿပီး ျပန္လာခဲ့တယ္…

မျပန္ခင္ အဖြားက သူ႔သမီးေလး နဲ႔ မိတ္ဆက္ေပးေတာ့ ပါလာတဲ့ မုန္႔ေတြ သူ႔ကို ေကြၽးရင္း စကားေျပာၾကတယ္…အသက္က ၃၈ ဆိုေတာ့ ပုံ႔ထက္ႀကီးတယ္…ဒါေပမဲ့ ကေလူေလးလိုဘဲ…မုန္႔ေကြၽးေတာ့ မေအစားဆိုမွ သူစားတယ္…

ပုံ႔ကို အဖြားက သူတို႔ဘဝအေၾကာင္း ေျပာျပေနခ်ိန္ သူ႔အတိတ္ကို ျပန္သတိရေတာ့ အမူအရာ ပ်က္လာတာနဲ႔ သံႀကိဳးျပန္ခတ္ထားရတယ္…သံႀကိဳးျဖည္ၿပီး ပုံ႔နဲ႔ စကားေျပာ ဓာတ္ပုံေတြ ႐ိုက္တုံးက ၿပဳံး႐ႊင္ေနသေလာက္ သံႀကိဳးျပန္ခတ္ေတာ့ ႐ုပ္က အေတာ္ကို တင္းမာေနတယ္….

မိသားစုအေရးေတြကို ႐ူးေလာက္တဲ့ထိ ႀကိတ္ခံခဲ့ရပုံေပၚပါတယ္…

ဒီလိုနဲ႔ ဆပ္စရာရွိတာေတြဆပ္၊ လုပ္စရာရွိတာေတြ အၿပီးလုပ္ၿပီး သားအမိႏွစ္ေယာက္ တၿပိဳင္ထဲလ္ာက္ခဲ့ဖို႔ မွာရင္း ပုံ႔တို႔ေတြ ျပန္လာခဲ့ၾကတယ္…အျပန္ခရီးမွာေတာ့ ကားေပၚက လူေတြ အားလုံး အေတြးကိုယ္စီနဲ႔ တိတ္ဆိတ္လို႔ေပါ့…….

၃ ရက္ေလာက္ေနေတာ့ မနက္အေစာႀကိး သူတို႔သားအမိ သုံးဘီေလးနဲ႔ ေရာက္လာခဲ့တယ္…ေနာက္မွာလဲ ဆိုင္ကယ္ေတြနဲ႔ ရပ္ကြက္လူႀကီးေတြလိုက္ပို႔ရွာတယ္….

သမီးေလးကို ဟသၤာတကို ဘုရားဖူးသြားမယ္ဆိုၿပီး ညာေခၚလာခဲ့တာ…သူတို႔ေတြ ရိပ္သာေရာက္ေတာ့ ဘုန္းႀကီးေက်ာင္းက ဘုရားကို အရင္ျပရတယ္…ဘုရားဖူးေပါ့….

ပုံ႔လဲ အမအေျခအေနက ဆိုးတာနဲ႔ အဖြားေတြနဲ႔ တြဲထားဖို႔ မျဖစ္ေတာ့ ေနာက္ေဘးမွာ အလႈရွင္ေတြ အသစ္လႈဒါန္းထားတဲ့ စိတ္က်န္းမာေရး အေဆာင္ေလးမွာ သီးသန္႔ထားလိုက္တယ္…

အစက ႏွစ္ေယာက္တခန္းထားဖို႔ စီစဥ္ထားေပမဲ့…အဖြားက သူ႔သမီးက စိတ္ေဖာက္လာရင္ သူ႔ကို ႐ိုက္တယ္ လည္ပင္းညႇစ္တယ္ မေနရဲဘူးဆိုလို႔ ေဘးခ်င္းကပ္လ်က္ အခန္းေလးမွာ ထားေပးရတယ္….

အမေနတဲ့ အခန္းကို ေသာ့ေလးခတ္ထားၿပီးအဖြားကို ေသာ့ေလးအပ္ထားလိုက္တယ္…အဖြားက သန္မာေသးတာဘဲ တျခားဘာလုပ္စရာမလိုဘူး…ကိုယ့္သမီးတာဝန္ေလးေတာ့ ကိုယ္ယူေပးေနာ္…

အဖြားသမီးကိုဘဲ ဂ႐ုစိုက္ေပးပါဆိုေတာ့…အဖြားလဲ အားရဝမ္းသာနဲ႔…ဟုတ္ကဲ့ပါ ကြၽန္မကလဲ အဲ့လ္ုသမီးေလးကို ျပဳစုခ်င္တာပါတဲ့….

ခုေတာ့ ခိုလႈံရာရဲ႕ အရိပ္မွာ အမလဲ ေျခေထာက္ကို ၁၄ ႏွစ္ၾကာ သံႀကိဳးခတ္ၿပီး ခ်ဳပ္ေႏွာင္ခံရတဲ့ ဘဝက လြတ္ေျမာက္ခဲ့ၿပီ….ဘဝကို အရႈံးေပးဖို႔ထိ ႀကံ႐ြယ္ေနၿပီး ကိုယ့္ကိုယ္ကို သက္ဆိုးမရွည္ဘူးလို႔ ထင္ေနတဲ့ အဖြားလဲ ၀လို႔ လွလို႔ က်န္ရွိတဲ့ဘဝကို ေလာကႀကီးမွာ ေနေပ်ာ္ေနခဲ့ၿပီ…

စိတ္ေကာင္းေနတဲ့အခ်ိန္ဆို အမက သီခ်င္းေတြဆိုတယ္၊ ကတယ္၊ ေဆာ့တယ္၊ ပဌာန္း႐ြတ္တယ္…႐ုပ္ေလးကလဲ ေခ်ာေခ်ာေလးနဲ႔ ကေလးေလးလိုပါဘဲ…အဲ့ခ်ိန္ဆို သူ႔အေမက သူ႔သမီးေလး အခန္းကို ဖြင့္ေပးၿပီး သားအမိႏွစ္ေယာက္ အဖြားေဆာင္မွာ TV ၾကည့္ၾကတယ္….

ေဟာ…ေဆးမွန္မွန္တိုက္တဲ့ၾကားကဘဲ စိတ္ေဖာက္တဲ့ အခ်ိန္ဆိုရင္ေတာ့ ေအာ္ဟစ္ၿပီး တဒုံးဒုံးနဲ႔ ေအာ္ဟစ္ လက္သီးေတြနဲ႔ထိုးလို႔ အခန္းတစ္ခုနဲ႔ တစ္ခုၾကား ကာထားတဲ့ ေက်ာက္ျပားအထူေတြပါ ထိုးပါမ်ားေတာ့ ေပါက္ၿပဲကုန္ပါေလရဲ႕…

တံခါးဆိုရင္လဲေလ သူ႔ေမေမ ယူလာတဲ့ သူ႔သမီးေလး ေျခေထာက္ခတ္ခဲ့တဲ့ သံႀကိဳးနဲ႔ ခ်ည္ထားရတယ္…အမက ေဖာက္ရင္ အကုန္႐ိုက္ဖြင့္တာရယ္….

ပုံ႔တို႔ရဲ႕ ခိုလႈံရာေလးကေတာ့ ဘယ္လိုလူလာလာ လာသမွ်လူရဲ႕ ေကာင္းဒဏ္ ဆိုးဒဏ္ကိုခံရင္း ထုသားေပသားၾကေနပါၿပီ…ပုံ႔ေလ ပုံ႔ဆီကို ေရာက္လာတဲ့သူေတြ ဆိုးလို႔ဆိုၿပီး ေနာင္ဒီလိုလူ လက္မခံဘူးဆိုတဲ့ စိတ္ဘယ္ေတာ့မွ မျဖစ္ဘူး…

ဘယ္ေလာက္ဆိုးဆိုး စိတ္မက်န္းမာလို႔ ဆိုးမိတဲ့အမွား ပုံ႔အၿမဲခြင့္လႊတ္တယ္…တခ်က္ မၿငိဳျငင္ခဲ့ဖူးဘူး…တခ်က္အျပစ္မေျပာခဲ့ဖူးဘူး…ဆိုးတဲ့လူကို အေကာင္းဆုံး ဘယ္လို ေစာင့္ေရွာက္ရမလဲဘဲေတြးတယ္…

အခုလဲ အမ ထိုးခြဲခဲ့လို႔ ေပါက္ၿပဲေနတဲ့ ေက်ာက္ျပားေတြေနရာမွာ အုတ္နံရံေတြ ကာပစ္လိုက္တယ္…ဒီလို ထိုးခြဲလို႔ အခန္းေတြပ်က္ဆီးလို႔ ျပန္ျပင္ရတာ အမနဲ႔ဆို ႏွစ္ေယာက္ရွိပါၿပီ….

ဒါေပမဲ့ တကယ္ကို ခိုကိုးရာမဲ့ၿပီး မကယ္ရင္ အႏၲရာယ္ျဖစ္ေတာ့မယ့္ လူဆို ပုံ႔ကယ္မိေနအုံးမွာပါဘဲ…
တစ္ဦးေစတနာ တစ္ဦးေမတၱာလို႔ဘဲ ေျပာရမလား…

အမ ဘယ္ေလာက္ေသာင္းက်န္းက်န္း ပုံ႔သြားရပ္လိုက္တာနဲ႔ ခ်က္ခ်င္းၿငိမ္သြားတတ္တယ္…ပုံ႔ ေမတၱာကို သူခံစားမိမယ္ဆိုတာ ပုံ႔ယုံတယ္…အဖြားကလဲ သူႏိုင္သေလာက္ ရိပ္သာကိစၥေတြ ကူလုပ္ေပးရွာတယ္…

ခုေတာ့လဲ အမတို႔ သားအမိေတြ ဝဋ္ေႂကြးေတြ ကုန္ၿပီး ခိုလႈံရာ အရိပ္မွာ ေအးခ်မ္းေနတာ တႏွစ္ရွိခဲ့ပါၿပီ…အဖြားေရာ ၊ အမေရာ ဝလို႔ လွလို႔ စိုလို႔ေပါ့…

အဖြားလဲ သူေသရင္ေတာင္ သမီးေလးကို ခိုလႈံရာမွာ စိတ္ခ်ၿပီဆိုၿပီး ေနမဝင္မွီ ဆည္းဆာခ်ိန္ေလးကို အလွပဆုံး အေအးခ်မ္းဆုံး ျဖတ္သန္းေနပါၿပီရွင္…..။ ။

ပထမဆုံး စေတြ႕တဲ့ပုံေလးနဲ႔ အခု႐ိုက္ထားတဲ့ ေဘာလုံးေလးနဲ႔ပုံကို ယွဥ္ၾကည့္ရင္ သူတို႔ရဲ႕ လက္ရွိဘဝ ၿငိမ္းခ်မ္းမႈေလးကို အထင္းသား ျမင္ေနရမွာပါ…

(ဝဋ္ေႂကြးေတြ ပါလာခဲ့ရင္ အျပစ္မရွိဘဲလဲ အခ်ဳပ္အေႏွာင္ခံရတတ္တယ္ဆိုတာေလး သံေဝဂယူမိပါတယ္…

မ်က္ႏွာ ပုံေတြေတာ့ မဖ်က္ေတာ့ပါဘူး….အဖြားကိုယ္တိုင္က သူ႔သားသိေစခ်င္လိုပါတဲ့…သူ႔သား နံမည္ႀကီးေတာင္ ထည့္ၿပီး တင္ခိုင္းတာမို႔ပါ…ပုံ႔ကေတာ့ နံမည္မတင္ေတာ့ပါဘူး…

ဒါေပမဲ့ အကုန္ေရာင္းၿပီး ထားသားရက္တဲ့ သားျဖစ္သူႀကီး ဒီစာေလးကို ဖတ္မိတဲ့အခါ လိပ္ျပာလုံပါေစ ဆုေတာင္းေပးလိုက္ပါတယ္ )

Thinn Shwe Sin Hlaing

unicode

နှစ်အကြာကြီးထိ သံကြိုးခတ်လို့ ချုပ်နှောင်ခံခဲ့ ရတဲ့ သူမတို့အကြောင်းေ လး ပုံ့ပြောပြမယ်….

လူရယ် လို့ဖြစ်လာပြီမို့ လောကဒဏ်ရဲ့ ရိုက်နှက်မှုကို ခံရတာ သိပ်တော့ မဆန်းလှပါဘူး…ဒါပေမဲ့ အဲ့ဒီ့ လောကဒဏ် ဆိုတာကြီးက သူတို့ သား အမိကိုမှ ခဏခဏ လွှဲ လွှဲ ရိုက်နေတာကတော့ အရမ်းကို ရင်နာစရာ ကောင်းလှပါတယ်…..

သူတို့သား အမိ ပုံ့ဆီရောက်လာပုံလေးက ထူးဆန်းတယ်…ပုံ့ ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ ပုံမှန်ဆို သားသမီးတွေက ပစ်သွားတဲ့ မိအိုဘအိုတွေဘဲ ရောက်လာတတ်ကြတယ်…

သူတို့ ကတော့ ထူးထူးခြားခြား မအေကိုယ်တိုင်က သူ့သမီးလေးကို ရိပ်သာအပ်ပါရစေဆိုပြီး ခွင့်လာတောင်းခဲ့တာ….

သူတို့ သားအမိ ပုံ့ဆီရောက်လာခဲ့တာ ခုဆောင်းတွင်းဆို တနှစ်ပြည့်ခဲ့ပြီ…သူတို့ရဲ့ ဇာတ်လမ်းလေးဟာ ရင်နာစရာကောင်းလွန်းလို့ ရေးဖို့တောင် စကားလုံးတွေ ရှာမရခဲ့ဘူး…

ဒါပေမဲ့ လောကကို လွယ်လွယ်အရှုံးပေးတတ်ကြသူတွေကို တွေ့တိုင်း ဒီသားအမိအကြောင်းလေးကို ရေးပြချင်ခဲ့မိပါတယ်….

မနှစ်ကဆောင်းရာသီရဲ့ နှင်းတွေကျနေတဲ့ နေ့တနေ့မှာပေါ့…ပိန်ချုံးပြီး မျက်ကွင်းတွေတောင် ကျနေပြီဖြစ်တဲ့ အဖွားတစ်ယောက် စက်ဘီးအစုတ်လေးကို စီးပြီး ပုံ့ဆီရောက်လာခဲ့တယ်….

ပုံ့အတွက်တော့ အဲ့ဒီနေ့သည်လဲ အရင်နေ့တွေလိုပါဘဲ…ကလေးတွေနဲ့ ဆော့ရင်း ရိပ်သာရှေ့က ခုံလေးမှာ ထိုင်နေခဲ့တယ်…အဲ့ဒီအချိန် အဖွားရောက်လာပြီး ပုံ့ကို မေးရှာတယ်…

” သမီး ခိုလှုံရာဆိုတာ ဒါလားဟင် ” ပုံ့လဲ ” ဟုတ်ပါတယ် အဖွား…ဘာကိစ္စရှိလို့လဲ လာ ထိုင်ပါ ” ဆိုတော့…

အဖွားက ပုံ့ဘေးက ထိုင်ခုံလေးမှာ ဝင်ထိုင်ရင်း ဘာမပြောညာမပြောနဲ့ ချုံးပွဲချငိုပါတော့တယ်…ပုံ့လဲ ရိပ်သာက ဝန်ထမ်းတွေနဲ့ ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး စိတ်ပူသွားတယ်…

အဖွားခမျာတော့ ဒီစကားလုံးတွေကို ပြောထွက်ဖို့အတွက် ရင်ထဲမှာ အရမ်းကိုတစ်ဆို့ နေပုံပေါ်ပါတယ်…ပုံ့မေးတာ မဖြေနိုင်သေးဘဲ သူငိုလို့ ဝတော့မှ…

” အဖွားသမီးလေးကို ဒီရိပ်သာမှာ ထားချင်လို့ပါ သမီးရယ် ” တဲ့…ပြောပြီးတာနဲ့ ချုံးပွဲချငိုပြန်ပါတယ်…သားသမီးကို ပစ်ရတဲ့ပွဲဆိုတော့လဲ မငိုဘဲ ဘယ်နေနိုင်ပါ့မလဲလေ…

ပုံ့လဲ “ဟင်” လို့ တလုံးတည်းသာ ပြောပြီး အတော်အံ့သြသွားမိတယ်…ဟုတ်တယ်လေ ပုံ့ ဖွင့်ထားတာ ဘိုးဘွားရိပ်သာဆိုတော့ ပုံ့ဆီရောက်လာတာတွေက များသောအားဖြင့် သားသမီးက ပစ်တဲ့ မိအိုဘအိုတွေ…

အခုကျ မိခင်ကိုယ်တိုင်က သူ့သမီးလေးကို လာအပ်ရှာတာဆိုတော့ မအံ့သြခံနိုင်ပါ့မလား…ဒါနဲ့ ပုံ့လဲ…

” အဖွား…အဖွားသမီးလေးက ဘာဖြစ်လို့လဲ…ဘာလို့အပ်ချင်တာလဲ ” ဆိုတော့ အဖွားက…

” ကျွန်မ သမီးလေးက စိတ်ကျန်းမာ ရေး မကောင်းရှာတဲ့သူပါရှင်… အသက်က အခုဆို ၃၈ နှစ်ရှိပါပြီ…အသက် ၁၈ နှစ်လောက်ထဲက ဒီရောဂါဖြစ်ခဲ့တာပါ…”

” သူ့အဖေလဲ သူ့ရောဂါကို ကုရင်းနဲ့ဘဲ ဆုံးသွားတာ ၁၀ နှစ်လောက်ရှိပါပြီ…သူ့အဖေမရှိထဲက ကျွန်မဘဲ ရှာဖွေကျွေးမွေးခဲ့ရတာပါ ”

” အခု သမီးလေးရောဂါက ပိုဆိုးလာလို့ ကျွန်မ သူနဲ့လဲ မနေရဲတော့လို့ပါ…ပြီးတော့ ကျွန်မလဲ အသက်ကြီးလာတော့ ကျန်းမာရေးမကောင်းတော့လို့ သူ့ကိုလဲ ဝအောင် ရှာမကျွေးတော့သလို၊

ကျွန်မသေသွားရင်လဲ သမီးလေးကို တစ်ယောက်ထဲ စိတ်မချလို့ လာအပ်ရတာပါရှင်…ဟီး…ဟီး…ဟီး…” ဆိုပြီး ငိုပါတော့တယ်…ငိုနေရင်းနဲ့ဘဲ…

” ကျွန်မ သမီးလေးကို ကျွန်မမသေခင် စိတ်ချခဲ့ချင်လို့ပါ…ဟီး ဟီး…ကျွန်မလဲ ကျန်းမာရေး တနေ့တခြား ပိုပိုဆိုးလာလို့ပါ…အရင်ဆို ကျွန်မ လယ်ထဲက ကနဖော့တွေ ကန်စွန်းရွက်တွေ ခူးပြီး စက်ဘီးနဲ့ မြို့တက်ရောင်းတာ…အခုတော့ စက်ဘီးစီးရင် အရမ်းကိုမောလာတယ်…ကျွန်မ သေမှာ မကြောက်ပါဘူး…ကျွန်မသမီးလေးကို စိတ်မချလို့ပါ…ဟီးဟီး…လက်ခံပေးပါ ဆရာမရယ်….” ဆိုပြီး သူ့လက်ထဲပါလာတဲ့ သူ့သမီးလေးဓာတ်ပုံပြရှာတယ်….

ပုံ့လဲ သာမာန်ဆို အသက်ငယ်တဲ့သူ၊ အိမ်ယာရှိတဲ့သူ၊ စိတ်ကျန်းမာရေး အရမ်းကို ဆိုးတဲ့သူဆို လက်မခံပါဘူး..ဒါပေမဲ့ ဒီနေ့တော့ အဖွားကို သနားတာနဲ့ ပုံ့ကိုယ်တိုင်လာကြည့်ပါ့မယ်ဆိုပြီး လိပ်စာတောင်းထားလိုက်တယ်…

အဖွားလဲ ထိုင်ရာကနေထ ပြန်ဖို့ဟန်ပြင်ရင်း စက်ဘီးပေါ်တက်တဲ့အထိ တဖွဖွ မှာရှာတယ်…

“…ဆရာမရယ် လာဖြစ်အောင်လာခဲ့ပါနော်…ကျွန်မ အားကိုးပါရစေနော်…ဆရာမ လက်ခံရင်လေ ကျွန်မ အိမ်ဝိုင်းလေးကို ရောင်းပြီ အကြွေးလေးတွေပေးပြီးတာနဲ့ ကျွန်မလဲ ကျွန်မသမီးလေးနဲ့ လာနေပါရစေနော်…ဆရာမ လာဖြစ်အောင် လာခဲ့ပါနော်….”

ပုံ့လဲ ” ဟုတ်ကဲ့ ဟုတ်ကဲ့ စိတ်ချပါအဖွားရယ်…ပုံ့လာခဲ့မယ်နော်..” လို့ ပြောပြီး နောက်နေ့မှ သွားမယ်ဆိုပြီး နေလိုက်တယ် စိတ်ထဲတော့ အတွေးများစွာနဲ့ပေါ့….

ပုံ့ တမနက်လုံး သူတို့သားအမိအကြောင်းဘဲ တွေးနေမိတယ်…သူ့သမီးလေးက ဘာလို့ ရူးတာလဲ…မိသားစု ဆွေမျိုး မရှိဘူးလား…အဖွားက ဘာလို့ သေစကား ခဏခဏပြောရတာလဲ…သူ့သမီးလေး မရှိရင်ရော သူဘာဖြစ်မှာလဲ စသည်ဖြင့်ပေါ့….

နေ့လည်လောက်ရောက်တော့ ပုံ့စိတ်ထဲ လုံးဝကိုနေလို့ မရတော့ပါဘူး…ပုံ့ ရိပ်သာက အကိုကို ကားမောင်းခိုင်းပြီး အဖွားတို့သားအမိရှိတဲ့ ရွာလေးကို ထွက်ခဲ့ပါတော့တယ်…

ရွာလေးက ဟင်္သာတနဲ့ သိပ်မဝေးပေမဲ့ တော်တော်လေးကို ချောင်ကျပါတယ်…ကားပေါ်က တစ်ယောက်ကဆင်းပြီး ရှေ့ကလမ်းရှာပေးရပါတယ်…ကားက နွားလှည်းလမ်းကြီးပေါ် ခွမောင်းရတာ မိုးကုန်ကာစ ရွံ့လမ်းဆိုတော့ တကယ့်ကို ခက်ခက်ခဲခဲပါ…

မေးရင်း မေးရင်း မောင်းလာလိုက်တာ…နောက်ဆုံးတော့ အိမ်ရှေ့မှာ ရေအိုးစင်လေးနဲ့အိမ်ဟာ မဌေးတို့ သားအမိအိမ်ပါတဲ့…အော် သူတို့ရဲ့ဘဝတွေ ပူလောင်နေပေမယ့် သူတပါးကိုတော့ အေးချမ်းစေချင်တဲ့ စေတနာလေးရှိကြပါလားပေါ့…

သံသရာကြွေးတွေကြောင့်ဘဲ ထင်ပါတယ်…

ခြံရှေ့ကိုရောက်တော့ အိမ်ဆိုတာ ရှာမတွေ့ဘူးရယ် တခြံလုံး ခြုံတွေနဲ့ဖုံးလို့…ပြီးတော့ တောရွာက အိမ်ဆိုတော့ ခြံဝနဲ့ အိမ်က အတော်လေးလှမ်းတာ…အိမ်ဆီကိုရောက်ဖို့ အပင်တွေကြားက တိုးဝှေ့သွားရတာရယ်…

ဟော…တွေ့ပါပြီ…ကြမ်းပေါက်ကျဲကျဲ အမိုးပြဲပြဲ ထရံအကွဲနဲ့ ယိုင်နွဲ့နေပြီဖြစ်တဲ့ တချိန်တုံးက ခန့်ခန့်ထည်ထည် ရှိခဲ့ပုံပေါ်တဲ့ အိမ်ကြီး…

ပုံ့တို့ အိမ်နားကို ရောက်တော့ အဖွားဒေါ်ဌေးနဲ့ အနားက ရပ်ဆွေရပ်မျိုးတွေလဲ ဝိုင်းလာကြတယ်…လာပါပေါ့…ကျွန်မတို့ အိမ်ပါတဲ့…ဆရာမကို ခေါ်ရမှာ အားတော့ နာပါတယ်တဲ့…ကိစ္စမရှိပါဘူး…

သူမဖိတ်ခေါ်ခင်ထဲက ပုံ့က အိမ်ပေါ်ခွတက်ဖို့ ခြေလှမ်းပြင်နေပါပြီ….ဒါပေမဲ့ ပုံ့အိမ်ပေါ်ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ပုံ့ကို ပုံလျက်သားကျသွားစေခဲ့ပါတယ်…ဟုတ်တယ်…ပုံ့ သူမကို မြင်မြင်ချင်း ဘာမှ မပြောနိုင်ဘဲ ငေးရင်း ထိုင်ချလိုက်ရတယ်….

သူမ…သူမ ဆိုတာက အသားဖြူဖြူ၊ နှာတံသွယ်သွယ်၊ ရုပ်ချောချောလေးနဲ့ အဖွားဒေါ်ဌေးရဲ့ သမီးလေး… ခြေထောက်ကိုတော့ အိမ်လည်တိုင်မှာ သံ​ကြိုးကြိုးကြီးနဲ့ တွဲပြီး သော့ခတ်ထားလေရဲ့…

ခြေထောက်လေးတွေကြည့်လိုက်တော့လဲ ဖြူနုလို့…ဒါပေမဲ့ ခြေကျင်းဝတ်မှာ သံကြိုးပွန်းရာကြီးနဲ့…သူကို သော့ခတ်ထားတဲ့နေရာမှာလဲ ကြမ်းပေါက်တွေက ကြဲလို့…

သံကြိုးခတ်ထားသူဟာ အမေဖြစ်နေတာမို့…ဘာလို့ သော့ခတ်ထားလဲလို့ အရင်မမေးဖြစ်တော့ဘူး…ဘယ်မိဘမှ သံကြိုးတန်းလန်းနဲ့ ကိုယ့်သားသမီးကို မမြင်ချင်တာ အသေအချာမို့ပါ…

ဒါကြောင့် ဒီလို သံကြိုးချည်ထားတာ ဘယ်လောက်ကြာပြီလဲ လို့ မေးမိတယ်….

” သူမ အသက် ၂၀ ကျော် ၊ သူမ အဖေ ဆုံးပြီးထဲက သမီးလေးကို ကျွန်မက ဒီလိုဘဲ သော့ခတ်ထားရတယ်…ခုဆို သမီး အသက် ၃၈ ဆိုတော့၊ သံကြိုးခတ်ထားရတာ နှစ်တော်တော်ကြာပါပြီ ”

“သမီးလေး အဖေမရှိတော့ သားအမိနှစ်ယောက်ထဲ၊ ကျွန်မက ကနဖော့ချိုးသွားတော့ အိမ်မှာ သမီးကို စောင့်မယ့်လူမရှိတာနဲ့ ထွက်သွားမှာစိုးလို့ သံကြိုးချည် ထားခဲ့ရတာပါ”

“ဘေးက ကြမ်းပေါက်တွေက ကျွန်မဖောက်ပေးထားတာ၊ အပေါ့အလေး သွားလို့ရအောင်ပါ”

ကျွန်မ ဘာမပြောနိုင်ဘဲ ငိုင်နေမိတယ်…အော်…အဖွားရယ်…ထွက်သွားမှာစိုးလို့ အိမ်လည်တိုင်မှာ သမီးပျို စိတ်ဝေတနာသည်လေးကို သံကြိုးခတ်ထားခဲ့တယ်တဲ့လား…

ဘယ်အပေါက်ကတက်တက် တက်လို့ရနေတဲ့ အဖွားအိမ်…အိမ်တံခါးမရှိ ခြံတကား ဗလာနဲ့ အဖွားအိမ်က သံကြိုးခတ်ခံထားရတဲ့ သမီးလေးအတွက် လုံခြုံနေလို့လားလို့ မေးလိုက်ချင်ပါတယ်….

ဒါပေမဲ့ ကျွန်မ မမေးဖြစ်ပါဘူး…

ဘာလို့ဆို မေအေတခု သမီးတခုဘဝမှာ မဖြစ်မနေ ထမင်းစားဖို့ ထွက်ရှာရမယ့်အဖွားက စိတ်ဝေဒနာသည် သူ့သမီးလေးကို စိတ်မချလွန်းလို့ ကြံရာမရတဲ့အဆုံး သံကြိုးလေးခတ်ထားရင် သူ့သမီးလေး လုံခြုံပြီလို့ ကိုယ့်စိတ်ကို လှည့်စားရင်း ငွေထွက်ရှာရတယ် ထင်ပါရဲ့….

ဒါနဲ့ ပုံ့လဲ အဖွားအကြောင်းကို ဆက်မေးဖြစ်ပါတယ်…..

” ကျွန်မတို့က မိသားစု ၅ ယောက်ရှိပါတယ်…သမီးလေးက အလတ်၊ သူ့အထက်မှာ အမတစ်ယောက်နဲ့ သူ့အောက်မှာ မောင်လေးတစ်ယောက်ရှိပါတယ်”

“အရင်တုံးက ကျွန်မတို့တွေတော်တော်လေး ​ပြည့်စုံကြတယ်…သွပ်မိုးပျဉ်ထောင်အိမ်ကြီးနဲ့…ဟိုး မှာမြင်နေရတဲ့ လယ်တွေ တွေ့လား…

အဲ့ကနေ ဟိုးသစ်တော အုပ်လေးထိ အရင်က ကျွန်မတို့လယ်တွေ အဆင်မပြေလို့ ရောင်းလိုက်တာ” ဆိုပြီး အိမ်ရှေ့လမ်းလေးရဲ့ တဖက်ကနေ ဟိုးဘုရားဖြူဖြူလေးနဲ့ တောအုပ်စပ်အထိ မျက်စိတဆုံး စိမ်းညှို့နေတဲ့ လယ်တွေကို ခပ်ဆွေးဆွေးလေးကြည့်ပြီး လက်ညှိုးထိုးပြရှာတယ်…..

” သမီးလေး ၁၈ နှစ်လောက်မှာ၊ သမီးအကြီးလေးက မိန်းကလေးရောဂါနဲ့ ဆုံးသွားရှာတယ်…သူတို့ ညီအမတွေက သိပ်ချစ်ကြတာလေ…အဲ့ထဲက သမီးက စကားသိပ်မပြောတော့ဘူး…ဒါပေမဲ့ အလုပ်တော့ လုပ်တယ်…ဘုရားရှိခိုးတယ်.”

“သားအငယ်ကတော့ ဆိုးတယ်…သူက အရက်သောက်တယ် လောင်းကစားလုပ်တယ်….အိမ်က ပစ္စည်းတွေ အကုန်ခိုးရောင်းတာ…အဲ့တော့ သူ့အဖေနဲ့ အမြဲ ပြသနာတက်ကြတယ်…”

“အဲ့နောက်ပိုင်း တဖြည်းဖြည်း စီးပွားလဲကျလာ အိမ်မှာလဲ ခဏခဏ ပြသနာတက်တော့ သမီးလေး အခြေအနေက ပိုဆိုးလာတယ်…ပထမပိုင်းတော့ သီချင်းတွေအော်ဆိုတယ်…အဲ့ကနေ ဆဲတယ် စကားအကျယ်ကြီးပြောတယ်…ညဆို မအိပ်ဘဲ ငိုတယ်…”

” သူ့အဖေရှိတုံးကတော့ သူ့ကို မျိုးစုံကုတယ်….တံတားလေးလဲရောက်တယ်…ဘယ်နေရာကောင်းတယ်ဆို သွားကုတာဘဲ…သူ့အဖေက နှလုံးမကောင်းဘူး…သူ့ရောဂါတောင် သူမကုဘဲ သူ့သမီးကို ကောင်းတယ်ကြားတာနဲ့ လိုက်ကုတာ…ကုရင်းနဲ့ဘဲ သူ့သမီးမဆုံးဘဲ သူဆုံးသွားရှာတယ်…စိတ်တွေညစ်တာလဲ ပါတာပေါ့…”

” သူ့အဖေဆုံးဆော့ ကျွန်မလဲ ဘာလုပ်ရမှန်းမသိဘူး…သားကလဲ အိမ်ပြန်လာရင်လာတယ် မလာရင်မလာဘူး…လောင်းကစားလုပ်ပြီး ရှိတာ အကုန်ရောင်းတယ်…ကျွန်မကလဲ သူ့ကိုကြောက်ရတယ်…”

“သိပ်မကြာဘူး သားက မိန်းမရတယ်…မိန်းမလဲရရော သူလိမ်မာပါမယ်…ရန်ကုန်တက်အလုပ်လုပ်မယ် လယ်တွေ ရောင်းပေးပါ…ဟိုမှာ အခြေချမယ်…သူပြန်လာခေါ်မယ်ပြောတယ်…ကျွန်မလဲ သားအမိနှစ်ယောက်ထဲ ဘာလုပ်ရမှန်းမသိတာနဲ့…

သူ့ကို လယ်တွေအကုန်အပ်လိုက်တာ….ရောင်းပြီး တစ်လ နှစ်လတော့ အဆက်အသွယ်လုပ်သေးတယ်…နောက်ပိုင်း ဖုန်းလဲမဆက်တေည့ဘူး…ဖုန်းလဲ မကိုင်တော့ဘူး….

ဒီလိုနဲ့ ကျွန်မတို့ရှိတာတွေအကုန် ဖဲ့ရောင်း ထုတ်ရောင်းရင်း နောက်ဆုံး ဒီလို ဘဝရောက်တာပါဘဲ…သားကိုလေ အရမ်းစိတ်နာတယ်…ကျွန်မတို့ ဒီဘဝရောက်အောင် သူလုပ်တာ….အီးဟီးဟီး..” ဆို ခြုံးပွဲချငိုနေရှာတယ်..

” ကျွန်မလေ ပဲနှုတ်ချိန် ပဲနှုတ် ကောက်စိုက်ချ်န် ကောက်စိုက်၊ ဘာအလုပ်မှ မရှိရင် လယ်တွေထဲ ကနဖော့ နှုတ်တယ်၊ ကန်စွန်းရွက်ခူးတယ်…မြို့တက်ရောင်းတယ်…ကျွန်မ အပြင်သွားနေချိန်တော့ သမီးလေးခြေထောက်ကို သံကြိုးနဲ့ ချည်ထားခဲ့ရတာ….တခါလျှောက်ထွက်တာ ပြန်ပို့လို့တော်သေးတာ…အဲ့ထဲက ကျွန်မ အမြဲခတ်ထားတာ…”

ပုံ့လဲ အဖွားကို ဆေးကျ ဘယ်လိုကုလဲ မေးတော့…

“ကျွန်မ ပိုက်ဆံရှိရင် တပတ်တခါ ဟင်္သာတက် ဆေးထုတ်တယ်…မရှိရင်တော့ ဆေးမတိုက်နိုင်ဘူးပေါ့…ဆေးတိုက်ရင်တော့ ငြိမ်တယ်…မတိုက်ရင်ကျွန်မ သူ့အနားမအိပ်ရဲဘူး…စိတ်ထလာရင် အကုန်ပေါက်ခွဲ လက်သီးတွေနဲ့ထိုး သောင်းကျန်းတာ…

တခါ ကျွန်မတောင် ထိုးမယ်လုပ်လို့ ဘေးက ဝိုင်းဆွဲရတယ်…အဲ့ထဲက ကျွန်မ သူနဲ့အတူမအိပ်ရဲတော့ဘူး…ကျွန်မ ဒီမှာ ထွက်အိပ်တာ….သူဘယ်လောက်ကြမ်းလဲ ဘုရားစင်ကိုကြည့်လေ…ဘုရားရော အိုးတွေရော ပေါက်ခွဲပစ်တာ…ဘုရားတောင် တခြမ်းပဲ့နေပြီ…”

အဖွအိပ်တဲ့နေရာကြည့်တော့ အိမ်ရှေ့ကွတ်ပစ် အကာမပါ…အခင်းကျဲကျဲပေါ်မယ် ပီနံအိတ်လေးခင်းလို့…ဘုရားစင် မော့ကြည့်တော့လဲ ဘုရားတခြမ်းပဲ့လေးနဲ့….သူမကဘဲ ဆက်ပြောပါတယ်…

” ကျွန်မအခု အရင်လို အလုပ်သိပ်မလုပ်နိုင်တော့ဘူး…အရင်ဆို မြို့ကို စက်ဘီးစီးရင် မမောဘူး…ခုမောတယ်…ပြီးတော့ ကျွန်မ သူ့ကို ဆက်မစောင့်ရှောက်နိုင်တော့ဘူး…ကျွန်မပါ ရူးရင်ရူး မရူးရင် သတ်သေမိလိမ့်မယ်…

ကျွန်မ ထမင်းလဲ နပ်မှန်အောင် မရှာနိုင်တော့ဘူး…ကျွန်မ သမီးလေးကိုလဲ ဆေးမတိုက်နိုင်တော့ဘူး ဆရာမရယ်….အီး ဟီး….ကျွန်မရော ကျွန်မသမီးလေးရော အတူတူသေဖို့ ကျွန်မ ခဏခဏကြံမိတယ် ဆရာမရယ်”

ဟုတ်ပါတယ်…ပုံ့လဲ သူ့နေရာ ခဏ ဝင်ခံစားကြည့်တာ ထွက်ပေါက်အရမ်းကို ပိတ်သွားတယ်လို့ ခံစားရတယ်…ချက်ချင်းရူးချင်သွားတယ်…

ကျွန်မလဲ ဘာမှ မတွေးတော့ဘဲ ကျွန်မ လက်ခံပါ့မယ်ဆိုပြီး သူတို့ သားအမိကို စောင့်ရှောက်ဖို့ တာဝန်ယူမိတယ်…ပုံမှန်ဆိုရင်တော့ စိတ်ကျန်းမာရေး အဲ့လောက်ဆိုးရင် လက်မခံပါဘူး…ဒီလိုအခြေအနေမှာတော့ ကျွန်မ နှလုံးသားက ကျွန်မကို ငြင်းခွင့်မပြုခဲ့ပါဘူး….

ကျွန်မက အဖွားကို သမီးလေးရော၊ အဖွားကိုပါ နှစ်ယောက်စလုံးကို စောင့်ရှောက်ပေးပါ့မယ် ဆိုတော့ တအပျော်သွားရှာတယ်…သူပျော်လို့ ပြောတဲ့ စကားလုံးမှာ ကျွန်မကတော့ အဖြေတစ်ခု ရသွားခဲ့တယ်….

” ဝမ်းသာလိုက်တာ ဆရာမရယ်…ကျွန်မလေ ကျွန်မပါ လိုက်ချင်တာ…နှစ်ယောက်ဆို လက်မခံနိုင်မှာ စိုးလို့ ကျွန်မ သမီးလေးကိုဘဲ အပ်ရတာပါ….ကျွန်မ သမီးလေး မရှိရင် ကျွန်မလဲ ဘာလုပ်ရမှန်းမသိဘူး…

ရူးချင်ရူး သေချင်သေမှာ…ပြီးတော့ ကလေးက စိတ်ထရင် ကျွန်မနဲ့မှ ဖြစ်တာ…အရင် ပိုက်ဆံအဆင်ပြေတုံးက ညဘက် မအိပ်ဘဲ စိတ်ထရင် ကျွန်မ ဆရာဝန်ပေးတဲ့ စိတ်ဆေးတွေ ၃/၄ လုံးတိုက်ပစ်တာ အဲ့ဒါဆို သူက ငြိမ်ပြီး အိပ်ရော”

“ဟင်…အဖွားကို ဆရာဝန်က တိုက်ခိုင်းတာလား” လို့ ပုံ့က အလန့်တကြားမေးတော့….

” မဟုတ်ဘူး…ကျွန်မဟာ ကျွန်မတိုက်တာ…ဆေးတွေက တပါတ်မပြည့်ခင်ကုန်ရော…ခုတော့ ပိုက်ဆံမရှိတော့ ဝယ်လဲ မတိုနိုင်တော့ပါဘူး…အဲ့တော့ သူလဲ ပိုဆိုးလာတယ်…”

ဖြစ်ပြီးခဲ့တာတွေလဲ ပြန်ပြင်မရပြီမို့ စေတနာစောနဲ့ လုပ်ခဲ့တဲ့ ပညာမတတ်ရှာ၊ ဗဟုသုတမကြွယ်ရှာဘဲ သားသမီးကို ချစ်တဲ့စိတ်လေး တခုနဲ့ အကောင်းဆုံးကို ဖန်တီးပေးခဲ့တယ်လို့ ယူဆနေတဲ့ ဒီမအေကြီးကို အပြစ်မဆိုချင်တော့လို့ ဘာမှ မပြောဖြစ်တော့ပါဘူး…

ပတ်ဝန်းကျင်ကတော့ ပြောပါတယ်…သူ့သမီးက အဲ့ဒါကြောင့် ပိုဆိုးတာတဲ့ စဖြစ်တုံးက သူ့သမီးလေး မအိပ်ရင် ဆေးတွေ လှိမ့်တိုက်တာတဲ့…အင်း လို့ တလုံးထဲဘဲ ပြောမိတော့တယ်…

နောက်ဆုံး ပုံ့လက်ခံတော့ သူတို့သားအမိ ရိပ်သာလာမယ်ပေါ့…သူ့သမီးလေးတော့ အရင်ပို့မယ်…သူကတော့ ခုတခါ ဘဏ်ငွေထုတ်ရင် သူရစရာရှိတဲ့လူဆီက ရစရာတောင်းပြီး သူ့ကြွေးလေးတွေ ဆပ်ပြီးမှ လာခဲ့ပါရစေတဲ့…သံသရာကြွေး မပါချင် လို့ပါတဲ့…

ပုံ့လဲ ကူမယ့်ကူ အဆုံးထိဘဲ ကူလိုက်ပါတော့တယ်…ပေးရမယ့် အကြွေးစာရင်းတွက်ခိုင်း ပုံ့ဘဲ စိုက်ဆပ်ပြီး တခါထဲဘဲ လိုက်ခဲ့ဖို့ဘဲ မှာပြီး ပြန်လာခဲ့တယ်…

မပြန်ခင် အဖွားက သူ့သမီးလေး နဲ့ မိတ်ဆက်ပေးတော့ ပါလာတဲ့ မုန့်တွေ သူ့ကို ကျွေးရင်း စကားပြောကြတယ်…အသက်က ၃၈ ဆိုတော့ ပုံ့ထက်ကြီးတယ်…ဒါပေမဲ့ ကလေူလေးလိုဘဲ…မုန့်ကျွေးတော့ မအေစားဆိုမှ သူစားတယ်…

ပုံ့ကို အဖွားက သူတို့ဘဝအကြောင်း ပြောပြနေချိန် သူ့အတိတ်ကို ပြန်သတိရတော့ အမူအရာ ပျက်လာတာနဲ့ သံကြိုးပြန်ခတ်ထားရတယ်…သံကြိုးဖြည်ပြီး ပုံ့နဲ့ စကားပြော ဓာတ်ပုံတွေ ရိုက်တုံးက ပြုံးရွှင်နေသလောက် သံကြိုးပြန်ခတ်တော့ ရုပ်က အတော်ကို တင်းမာနေတယ်….

မိသားစုအရေးတွေကို ရူးလောက်တဲ့ထိ ကြိတ်ခံခဲ့ရပုံပေါ်ပါတယ်…

ဒီလိုနဲ့ ဆပ်စရာရှိတာတွေဆပ်၊ လုပ်စရာရှိတာတွေ အပြီးလုပ်ပြီး သားအမိနှစ်ယောက် တပြိုင်ထဲလ်ာက်ခဲ့ဖို့ မှာရင်း ပုံ့တို့တွေ ပြန်လာခဲ့ကြတယ်…အပြန်ခရီးမှာတော့ ကားပေါ်က လူတွေ အားလုံး အတွေးကိုယ်စီနဲ့ တိတ်ဆိတ်လို့ပေါ့…….

၃ ရက်လောက်နေတော့ မနက်အစောကြိး သူတို့သားအမိ သုံးဘီလေးနဲ့ ရောက်လာခဲ့တယ်…နောက်မှာလဲ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်လူကြီးတွေလိုက်ပို့ရှာတယ်….

သမီးလေးကို ဟင်္သာတကို ဘုရားဖူးသွားမယ်ဆိုပြီး ညာခေါ်လာခဲ့တာ…သူတို့တွေ ရိပ်သာရောက်တော့ ဘုန်းကြီးကျောင်းက ဘုရားကို အရင်ပြရတယ်…ဘုရားဖူးပေါ့….

ပုံ့လဲ အမအခြေအနေက ဆိုးတာနဲ့ အဖွားတွေနဲ့ တွဲထားဖို့ မဖြစ်တော့ နောက်ဘေးမှာ အလှုရှင်တွေ အသစ်လှုဒါန်းထားတဲ့ စိတ်ကျန်းမာရေး အဆောင်လေးမှာ သီးသန့်ထားလိုက်တယ်…

အစက နှစ်ယောက်တခန်းထားဖို့ စီစဉ်ထားပေမဲ့…အဖွားက သူ့သမီးက စိတ်ဖောက်လာရင် သူ့ကို ရိုက်တယ် လည်ပင်းညှစ်တယ် မနေရဲဘူးဆိုလို့ ဘေးချင်းကပ်လျက် အခန်းလေးမှာ ထားပေးရတယ်….

အမနေတဲ့ အခန်းကို သော့လေးခတ်ထားပြီးအဖွားကို သော့လေးအပ်ထားလိုက်တယ်…အဖွားက သန်မာသေးတာဘဲ တခြားဘာလုပ်စရာမလိုဘူး…ကိုယ့်သမီးတာဝန်လေးတော့ ကိုယ်ယူပေးနော်…

အဖွားသမီးကိုဘဲ ဂရုစိုက်ပေးပါဆိုတော့…အဖွားလဲ အားရဝမ်းသာနဲ့…ဟုတ်ကဲ့ပါ ကျွန်မကလဲ အဲ့လ်ုသမီးလေးကို ပြုစုချင်တာပါတဲ့….

ခုတော့ ခိုလှုံရာရဲ့ အရိပ်မှာ အမလဲ ခြေထောက်ကို ၁၄ နှစ်ကြာ သံကြိုးခတ်ပြီး ချုပ်နှောင်ခံရတဲ့ ဘဝက လွတ်မြောက်ခဲ့ပြီ….ဘဝကို အရှုံးပေးဖို့ထိ ကြံရွယ်နေပြီး ကိုယ့်ကိုယ်ကို သက်ဆိုးမရှည်ဘူးလို့ ထင်နေတဲ့ အဖွားလဲ ဝလို့ လှလို့ ကျန်ရှိတဲ့ဘဝကို လောကကြီးမှာ နေပျော်နေခဲ့ပြီ…

စိတ်ကောင်းနေတဲ့အချိန်ဆို အမက သီချင်းတွေဆိုတယ်၊ ကတယ်၊ ဆော့တယ်၊ ပဌာန်းရွတ်တယ်…ရုပ်လေးကလဲ ချောချောလေးနဲ့ ကလေးလေးလိုပါဘဲ…အဲ့ချိန်ဆို သူ့အမေက သူ့သမီးလေး အခန်းကို ဖွင့်ပေးပြီး သားအမိနှစ်ယောက် အဖွားဆောင်မှာ TV ကြည့်ကြတယ်….

ဟော…ဆေးမှန်မှန်တိုက်တဲ့ကြားကဘဲ စိတ်ဖောက်တဲ့ အချိန်ဆိုရင်တော့ အော်ဟစ်ပြီး တဒုံးဒုံးနဲ့ အော်ဟစ် လက်သီးတွေနဲ့ထိုးလို့ အခန်းတစ်ခုနဲ့ တစ်ခုကြား ကာထားတဲ့ ကျောက်ပြားအထူတွေပါ ထိုးပါများတော့ ပေါက်ပြဲကုန်ပါလေရဲ့…

တံခါးဆိုရင်လဲလေ သူ့မေမေ ယူလာတဲ့ သူ့သမီးလေး ခြေထောက်ခတ်ခဲ့တဲ့ သံကြိုးနဲ့ ချည်ထားရတယ်…အမက ဖောက်ရင် အကုန်ရိုက်ဖွင့်တာရယ်….

ပုံ့တို့ရဲ့ ခိုလှုံရာလေးကတော့ ဘယ်လိုလူလာလာ လာသမျှလူရဲ့ ကောင်းဒဏ် ဆိုးဒဏ်ကိုခံရင်း ထုသားပေသားကြနေပါပြီ…ပုံ့လေ ပုံ့ဆီကို ရောက်လာတဲ့သူတွေ ဆိုးလို့ဆိုပြီး နောင်ဒီလိုလူ လက်မခံဘူးဆိုတဲ့ စိတ်ဘယ်တော့မှ မဖြစ်ဘူး…

ဘယ်လောက်ဆိုးဆိုး စိတ်မကျန်းမာလို့ ဆိုးမိတဲ့အမှား ပုံ့အမြဲခွင့်လွှတ်တယ်…တချက် မငြိုငြင်ခဲ့ဖူးဘူး…တချက်အပြစ်မပြောခဲ့ဖူးဘူး…ဆိုးတဲ့လူကို အကောင်းဆုံး ဘယ်လို စောင့်ရှောက်ရမလဲဘဲတွေးတယ်…

အခုလဲ အမ ထိုးခွဲခဲ့လို့ ပေါက်ပြဲနေတဲ့ ကျောက်ပြားတွေနေရာမှာ အုတ်နံရံတွေ ကာပစ်လိုက်တယ်…ဒီလို ထိုးခွဲလို့ အခန်းတွေပျက်ဆီးလို့ ပြန်ပြင်ရတာ အမနဲ့ဆို နှစ်ယောက်ရှိပါပြီ….

ဒါပေမဲ့ တကယ်ကို ခိုကိုးရာမဲ့ပြီး မကယ်ရင် အန္တရာယ်ဖြစ်တော့မယ့် လူဆို ပုံ့ကယ်မိနေအုံးမှာပါဘဲ…
တစ်ဦးစေတနာ တစ်ဦးမေတ္တာလို့ဘဲ ပြောရမလား…

အမ ဘယ်လောက်သောင်းကျန်းကျန်း ပုံ့သွားရပ်လိုက်တာနဲ့ ချက်ချင်းငြိမ်သွားတတ်တယ်…ပုံ့ မေတ္တာကို သူခံစားမိမယ်ဆိုတာ ပုံ့ယုံတယ်…အဖွားကလဲ သူနိုင်သလောက် ရိပ်သာကိစ္စတွေ ကူလုပ်ပေးရှာတယ်…

ခုတော့လဲ အမတို့ သားအမိတွေ ဝဋ်ကြွေးတွေ ကုန်ပြီး ခိုလှုံရာ အရိပ်မှာ အေးချမ်းနေတာ တနှစ်ရှိခဲ့ပါပြီ…အဖွားရော ၊ အမရော ဝလို့ လှလို့ စိုလို့ပေါ့…

အဖွားလဲ သူသေရင်တောင် သမီးလေးကို ခိုလှုံရာမှာ စိတ်ချပြီဆိုပြီး နေမဝင်မှီ ဆည်းဆာချိန်လေးကို အလှပဆုံး အအေးချမ်းဆုံး ဖြတ်သန်းနေပါပြီရှင်…..။ ။

ပထမဆုံး စတွေ့တဲ့ပုံလေးနဲ့ အခုရိုက်ထားတဲ့ ဘောလုံးလေးနဲ့ပုံကို ယှဉ်ကြည့်ရင် သူတို့ရဲ့ လက်ရှိဘဝ ငြိမ်းချမ်းမှုလေးကို အထင်းသား မြင်နေရမှာပါ…

(ဝဋ်ကြွေးတွေ ပါလာခဲ့ရင် အပြစ်မရှိဘဲလဲ အချုပ်အနှောင်ခံရတတ်တယ်ဆိုတာလေး သံဝေဂယူမိပါတယ်…

မျက်နှာ ပုံတွေတော့ မဖျက်တော့ပါဘူး….အဖွားကိုယ်တိုင်က သူ့သားသိစေချင်လိုပါတဲ့…သူ့သား နံမည်ကြီးတောင် ထည့်ပြီး တင်ခိုင်းတာမို့ပါ…ပုံ့ကတော့ နံမည်မတင်တော့ပါဘူး…

ဒါပေမဲ့ အကုန်ရောင်းပြီး ထားသားရက်တဲ့ သားဖြစ်သူကြီး ဒီစာလေးကို ဖတ်မိတဲ့အခါ လိပ်ပြာလုံပါစေ ဆုတောင်းပေးလိုက်ပါတယ် )

Thinn Shwe Sin Hlaing

Add a Comment

Your email address will not be published. Required fields are marked *