Q ဝင္ေနတဲ့ သူေတာင္ မေရွာင္ၾက ေတာ့ ပါ့လား၊ အိပ္ေပ်ာ္ ေနတုန္း ျပဳက်င့္ ရန္ ႀကံ စည္ တယ္ တဲ့

Posted on

နိုဝင္ဘာ (၂) ရက္ေန႔က ပဲခူး တိုင္း အုတ္ဖိုၿမိဳ႕နယ္ တြင္ Q ဝင္ေန သည့္ ရန္ကုန္ျပန္ အသက္ ၁၉ ႏွစ္ အရြယ္ အမ်ိဳးသမီး တစ္ဦးကို အသက္ ၂၅ ႏွစ္ အရြယ္အမ်ိဳးသား တစ္ဦးက ျပဳက်င့္ရန္ ႀကံစည္ ခဲ့ၿပီး ၎ ကို ေန႔ခ်င္းပင္ ဖမ္းမိခဲ့ေၾကာင္း အုတ္ဖို ၿမိဳ႕နယ္ ကို ဗစ္ သတင္းျပန္ၾကားေရးအဖြဲ႕မွ သိရသည္။ ပဲခူးတိုင္းေဒသႀကီး သာယာဝတီခရိုင္ အုတ္ဖိုၿမိဳ႕နယ္ ဆင္ေဂါင္းေက်းရြာအုပ္စု ဆင္ေဂါင္းရြာသစ္ေနထိုင္သူ အ သက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦး သည္ ရန္ကုန္တိုင္းေဒသႀကီး ေရႊျပည္သာၿမိဳ႕နယ္ မွ အုတ္ဖိုၿမိဳ႕နယ္သို႔ ေအာက္တို ဘာ ၂၉ ရက္ေ န႔တြင္ ျပန္လည္ေရာက္ရွိ လာၿပီးေနာက္ နႏြင္းကုန္းေက်းရြ ာအုပ္စု ဥတိုေက်း ရြာ ေလာကစည္းစိမ္ ဘုရားဝန္း ဓမၼာ႐ုံ အေနာက္ဘက္ ေျမကြက္လပ္ ၌ သီးျခားတဲထိုး ၍ Q ထား ရွိေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္း အဆို ပါျပန္ၾကားေရး အဖြဲ႕တာဝန္ ရွိသူ ကိုေက်ာ္ရဲလြင္ ထံမွ သိရသည္။

ကိုေက်ာ္ရဲလြင္ က “သူက ရန္ကုန္ ကျပန္လာ တာ။ ျပန္လာေတာ့ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉးေတြ ရဲ႕ အစီ အစဥ္နဲ႔ အဲ့ဒီေနရာမွာ တဲထိုးၿပီး Q ထား တာေပါ့။ အဲ့ဒီ အခ်ိန္မွာ အမ်ိဳး သား ၁ ဦး က ပထမ လာေခ်ာင္းတယ္။ ေနာက္တစ္ႀကိမ္ လာၿပီး ႀကံစည္ တယ္ေပါ့ေနာ္။ သူ႔ကိုလည္း ဖမ္းမိ လိုက္ပါတယ္” ဟု ေျပ ာသည္။ နိုဝင္ဘာ ၂ ရက္ေန႔ ေန ႔လည္ ၁၁ နာရီခြဲခန္႔အခ်ိန္တြင္ ေခ်ာင္းဂြေက်းရြာေနထိုင္သူ အသက္ ၂၅ ႏွစ္အ ရြယ္ရွိ ခ်စ္ကိုကို ဆိုသူ မွာ အမ်ိဳးသမီးငယ္ Q ဝင္ေနရာတဲအ နီး၌ လွည့္ပတ္ေခ်ာင္းေျမာင္းေနသည္ ကို အမ်ိဳးသမီးငယ္ကေ တြ႕ရွိသြားၿပီး ေမာင္းထုတ္ ခဲ့ေၾကာင္း၊ ယင္းေနာက္ ၁ နာရီခန္ ႔အၾကာ အမ်ိဳးသမီးသမီး ငယ္ အိပ္ေပ်ာ္ေနစဥ္ ခ်စ္ကိုကို မွာ ျပန္လည္ေရာက္ရွိ လာၿပီး အတင္းအဓမၼ ျပဳက်င့္ရန္ႀကိဳးစား သျဖင့္ ေအာ္ဟစ္အကူ အညီေတာင္းခံရာ ဘုရားေဂါပကအဖြဲ႕ မွ ၾကားသိၿပီး ေရာက္ရွိလ  ာၾကခ်ိန္ ခ်စ္ကိုကို မွာ အေနာက္ဖက္ လယ္ကြင္းမ်ားထဲသို႔ထြက္ေျပးတိမ္းေရွာင္သြ ား ခဲ့ သည္ ဟု အုတ္ဖိုၿမိဳ႕ နယ္ ကိုဗစ္ သတင္းျပန္ၾကားေရးအဖြဲ႕ မွ သိ ရ သည္ ။

ဥတိုေက်းရြာရွိ ရြာသူရြာသားမ်ား က က်ဴးလြန္သူ ခ်စ္ကိုကို ကို ဝိုင္းဝန္းဖ မ္းဆီးခဲ့ၾကၿပီး ရဲတပ္ဖြဲ႕ထံ အပ္ႏွံခဲ့သည္ဟု သိရသည္။ အုတ္ဖိုၿမိဳ႕မရဲစခန္းသို႔ ဆက္ သြယ္ေမးျမန္းရာတြင္ ခ်စ္ကိုကိုကို ရဲစခန္း ၌ အမႈဖြင့္ထားေၾကာင္း စခန္းမွ တာဝန္ က်ရဲတပ္္ဖြဲ႕ဝင္က ျပန္လည္ေျဖၾကားခဲ့ သည္။ အုတ္ဖိုၿမိဳ႕တြင္ Q စ င္တာ ၃ ခုရွိၿပီး ၂ ခုတြင္ ျပည္ပျပန္အမ်ိဳးသားမ်ားထားရွိေၾကာင္း၊ က်န္ ၁ ခုတြင္ ျ ပည္ပျပန္အမ်ိဳးသမီးႏွင့္ ကေ လးမ်ားထားရွိေၾကာင္း၊ ယခင္က ရန္ကုန္ျ ပန္မ်ားကို စာသင္ေက် ာင္းမ် ားတြင္ထားရွိေသာ္လည္း လက္ရွိတြင္  ေရြးေကာက္ပြဲအ တြက္ စာသင္ေက်ာင္းမ်ား ကို မဲ႐ုံအျဖစ္ အသုံးျပဳေန ေသာေၾကာင့္ ရန္ကုန္ျပန္ မ်ားကို ထားစ ရာေနရာမရွိ ရာ သက္ဆိုင္ ရာ အုပ္ခ်ဳပ္ေရးမႉးမ်ား ၏ အစီအမံျဖင့္ အဆင္ေျပသင့္ေလ်ာ္ မည့္ေနရာတြင္ Q ထား ရွိေန ေၾကာင္း ၊ ဘုန္းႀကီးေက်ာင္းမ်ာ းတြင္ထားရန္ လည္း အဆင္မေျပသ လို ရပ္ကြက္ မ်ားအတြင္း ထားရွိရန္မွ ာလည္း ရပ္ကြက္က လက္မခံ သည့္ အေနအထား မ်ားရွိေၾကာင္း ကိုေက်ာ္ရဲလြင္ ေျပာျပခ်က္ အ ရ သိ ရ သည္ ။

crd

unicode

နိုဝင်ဘာ (၂) ရက်နေ့က ပဲခူး တိုင်း အုတ်ဖိုမြို့နယ် တွင် Q ဝင်နေ သည့် ရန်ကုန်ပြန် အသက် ၁၉ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို အသက် ၂၅ နှစ် အရွယ်အမျိုးသား တစ်ဦးက ပြုကျင့်ရန် ကြံစည် ခဲ့ပြီး ၎င်း ကို နေ့ချင်းပင် ဖမ်းမိခဲ့ကြောင်း အုတ်ဖို မြို့နယ် ကို ဗစ် သတင်းပြန်ကြားရေးအဖွဲ့မှ သိရသည်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု ဆင်ဂေါင်းရွာသစ်နေထိုင်သူ အ သက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် မှ အုတ်ဖိုမြို့နယ်သို့ အောက်တို ဘာ ၂၉ ရက်ေ န့တွင် ပြန်လည်ရောက်ရှိ လာပြီးနောက် နနွင်းကုန်းကျေးရွ ာအုပ်စု ဥတိုကျေး ရွာ လောကစည်းစိမ် ဘုရားဝန်း ဓမ္မာရုံ အနောက်ဘက် မြေကွက်လပ် ၌ သီးခြားတဲထိုး ၍ Q ထား ရှိနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆို ပါပြန်ကြားရေး အဖွဲ့တာဝန် ရှိသူ ကိုကျော်ရဲလွင် ထံမှ သိရသည်။

ကိုကျော်ရဲလွင် က “သူက ရန်ကုန် ကပြန်လာ တာ။ ပြန်လာတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ ရဲ့ အစီ အစဉ်နဲ့ အဲ့ဒီနေရာမှာ တဲထိုးပြီး Q ထား တာပေါ့။ အဲ့ဒီ အချိန်မှာ အမျိုး သား ၁ ဦး က ပထမ လာချောင်းတယ်။ နောက်တစ်ကြိမ် လာပြီး ကြံစည် တယ်ပေါ့နော်။ သူ့ကိုလည်း ဖမ်းမိ လိုက်ပါတယ်” ဟု ပြေ ာသည်။ နိုဝင်ဘာ ၂ ရက်နေ့ နေ ့လည် ၁၁ နာရီခွဲခန့်အချိန်တွင် ချောင်းဂွကျေးရွာနေထိုင်သူ အသက် ၂၅ နှစ်အ ရွယ်ရှိ ချစ်ကိုကို ဆိုသူ မှာ အမျိုးသမီးငယ် Q ဝင်နေရာတဲအ နီး၌ လှည့်ပတ်ချောင်းမြောင်းနေသည် ကို အမျိုးသမီးငယ်ကေ တွ့ရှိသွားပြီး မောင်းထုတ် ခဲ့ကြောင်း၊ ယင်းနောက် ၁ နာရီခန် ့အကြာ အမျိုးသမီးသမီး ငယ် အိပ်ပျော်နေစဉ် ချစ်ကိုကို မှာ ပြန်လည်ရောက်ရှိ လာပြီး အတင်းအဓမ္မ ပြုကျင့်ရန်ကြိုးစား သဖြင့် အော်ဟစ်အကူ အညီတောင်းခံရာ ဘုရားဂေါပကအဖွဲ့ မှ ကြားသိပြီး ရောက်ရှိလ  ာကြချိန် ချစ်ကိုကို မှာ အနောက်ဖက် လယ်ကွင်းများထဲသို့ထွက်ပြေးတိမ်းရှောင်သွ ား ခဲ့ သည် ဟု အုတ်ဖိုမြို့ နယ် ကိုဗစ် သတင်းပြန်ကြားရေးအဖွဲ့ မှ သိ ရ သည် ။

ဥတိုကျေးရွာရှိ ရွာသူရွာသားများ က ကျူးလွန်သူ ချစ်ကိုကို ကို ဝိုင်းဝန်းဖ မ်းဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်ဟု သိရသည်။ အုတ်ဖိုမြို့မရဲစခန်းသို့ ဆက် သွယ်မေးမြန်းရာတွင် ချစ်ကိုကိုကို ရဲစခန်း ၌ အမှုဖွင့်ထားကြောင်း စခန်းမှ တာဝန် ကျရဲတပ််ဖွဲ့ဝင်က ပြန်လည်ဖြေကြားခဲ့ သည်။ အုတ်ဖိုမြို့တွင် Q စ င်တာ ၃ ခုရှိပြီး ၂ ခုတွင် ပြည်ပပြန်အမျိုးသားများထားရှိကြောင်း၊ ကျန် ၁ ခုတွင် ြ ပည်ပပြန်အမျိုးသမီးနှင့် ကေ လးများထားရှိကြောင်း၊ ယခင်က ရန်ကုန်ြ ပန်များကို စာသင်ကျေ ာင်းမျ ားတွင်ထားရှိသော်လည်း လက်ရှိတွင်  ရွေးကောက်ပွဲအ တွက် စာသင်ကျောင်းများ ကို မဲရုံအဖြစ် အသုံးပြုနေ သောကြောင့် ရန်ကုန်ပြန် များကို ထားစ ရာနေရာမရှိ ရာ သက်ဆိုင် ရာ အုပ်ချုပ်ရေးမှူးများ ၏ အစီအမံဖြင့် အဆင်ပြေသင့်လျော် မည့်နေရာတွင် Q ထား ရှိနေ ကြောင်း ၊ ဘုန်းကြီးကျောင်းမျာ းတွင်ထားရန် လည်း အဆင်မပြေသ လို ရပ်ကွက် များအတွင်း ထားရှိရန်မှ ာလည်း ရပ်ကွက်က လက်မခံ သည့် အနေအထား များရှိကြောင်း ကိုကျော်ရဲလွင် ပြောပြချက် အ ရ သိ ရ သည် ။

crd

Leave a Reply

Your email address will not be published. Required fields are marked *