ဒေါ်နယ် ထရမ့် ပုံကို ရုပ်ထု ထုပြီး ကိုးကွယ်သူ အိန္ဒိယ နိုင်ငံ သား  ရုတ်တရက် ကွယ်လွန် ရတဲ့အကြောင်း

Posted on

အိန္ဒိယ က အမေရိကန် သမ္မတ ထရမ့် ကို ရုပ် ထု ထုလုပ် ကာ ကိုးကွယ် ထား သူ အသက် (၃၂)နှစ် အ ရွယ် Bussa Krishna Raju ဟာ တနင်္ဂနွေ နေ့ က ကွယ်လွန် သွားရှာပါပြီ။

ရာဂျူး ဟာ ထရမ့် ကို အသည်းစွဲ ကြည် ညို ပြီး လူေ တွဘာပြေြာေ ပာဂရုမ စိုက် ပဲ ထရမ့်နတ် ဘုရား အဖြစ် အိမ်မှာကိုးကွယ် ထားခဲ့တာ ပါ။ ရာဂျူး က အိန္ဒိယ တောင်ပိုင်း Telangana ရှိ Konney ရွာမှာေ နပါ တယ် ။

လွန် ခဲ့ တဲ့ (၄) နှစ်က တစ်ညမှာ ထရမ့် က သူ့ အိမ်မက်ထဲ ကိုကြွလာ ပါသတဲ့။ အဲ့ဒီက စပြီး သူလ ည်း နမိတ်ကောင်းပဲ ဆိုပြီး ထရမ့်  ကို ဆုတောင်းပါ သတဲ့။ ထရမ့်  က Property အိုးအိမ် လုပ်ငန်း သူဌေးဆိုတော့ သူရဲ့ property agent အိမ်ပွဲ စားအလုပ်ေ တွအ ဆင်ပြေပါစေ ပေါ့။

တိုက်တိုက် ဆိုင်ဆိုင် သူ့ရဲ့ အိမ်ပွဲစား အလုပ်တွေေ ကာင်းလာပြီး သူလည်းေ ထာလာတဲ့အ တွက် သူ့အိမ် ကို ထရမ့် နတ်ကွန်းလုပ်ပြီး.. သက် ရှိ ထရမ့် အရွယ် ရုပ်တု လုပ် ကာ ပူဇော်ထားပါသတဲ့။ သူ့အမျိုးတွေက တော့ မကြည်ဘူးပေါ့။  ဒီကောင် ကြောင့် အမျိုးတွေ အရှက်ကွဲ တယ်ပေါ့။ သူ ကတော့ “ ဘာဆိုင် လို့လဲ၊ သူ တို့ Shiva ကို ကိုးကွယ် သလို ငါလည်း Trump  ကို ကိုးကွယ် တာ ပဲ ” တဲ့ ။

လွန်ခဲ့ တဲ့တစ်ပတ်ကျော်က ထရမ့် မှာ ကိုဗစ် ကူးစက်ပြီး ကိုဗစ်ဖြစ်တယ်လည်းကြားရော ရာဂျူးတစ်ယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ စိုးရိမ်ပူပန်နေပါတော့တယ်။ ရာဂျူးဟာ ထမင်းမစားဟ င်းမစားဖြစ်ကာ ထရမ့်အတွက် တချိန်လုံးဆုတောင်းဝတ်ပြုနေပါတော့တယ်။ ညဘက်လည်း မအိပ်ပဲ ထရမ့်ကျန်းမာပါစေကြောင်း ဆုတောင် ဝတ်ပြုပါတယ်။ အဲ့ဒီတုန်းက သူငိုနေတဲ့ ဗီဒီယိုကိုကြည့်ခဲ့ရပါသေးတယ်။

တကယ်တော့အိမ်မှာ ရုပ်ထု ထုကာမကိုးကွယ်ခင် လွ န်ခဲ့တဲ့လေးနှစ်ကတည်းက သူကဘုရားစင်လေးနဲ့ ထရမ့်ဓာတ်ပုံထည့်ပြီးကိုးကွယ်ခဲ့တာပါ။ သူ့အတွက် ကတော့ ထရမ့်က ၃၈ မင်းပေါ့။ ထရမ့်ရဲ့ရုပ်တုက ၆ ပေအမြင့်ရှိ ပြီး သူ့အိမ်ကိုလည်း ထရမ့်ဘုရားကျောင်း Trump Temple  အဖြစ်နာမည်ပေးထားပါတယ်။

အဲ့လိုစကိုးကွ ယ်ခဲ့တာကလည်း ထရ မ့်ကသူ့ကိုအိမ်မက်ပေးလို့ပါတဲ့။ အိမ်မက်ထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန်ခရစ်ကတ်ပွဲမှာ အိန္ဒိယနိုင်လိမ့်မယ်လို့ ထရမ့် ကကြိုပြောခဲ့ပြီး တကယ်လည်းအပြင်မှာ နိုင်ခဲ့ပါတယ်။

ရာဂျူး ခမျာ ထရမ့် အ တွက် မအိပ်နိုင်မစားနိုင် ဆုတောင်းဝတ်ပြုရင်း တနင်္ဂနွေနေ့က နေ့လည်က သူ့အမျိုးတစ်ယောက်အိမ်မှာ လက်ဖက်ရည်သောက်ေ နရင်း နှလုံးခုန်ရပ်ပြီးေ သဆုံးသွားရှာပါတယ် ။

ရာဂျူးတစ်ေ ယာက် ထရမ့်မိသားစုထဲမှာများလူဖြစ်လေမလား၊ ကောင်းကင်ဘုံကပဲစောင့်နေမလား မသိပါ။

source : Richard Myo Thant

crd:zet star

Leave a Reply

Your email address will not be published. Required fields are marked *