ထိုင်းဘတ် သန်းပေါင်း ၁၀၀ ( မြန်မာငွေ ကျပ် သိန်းပေါင်း လေးသောင်းကျော် ) ကုန်ကျတဲ့ ထိုင်းနိုင်ငံ က ရဟန်းခံပွဲကြီး …

Posted on





Si Thu Maung
ref : zet star

unicode

ထိုင်း နိုင်ငံ တောင် ပိုင်း ယလား ခရိုင် ဘန်းနားစတား မြို့နယ် က ”  စီဝိလိုင်း ရွှေဆိုင်   “  ပိုင်ရှင်ရဲ့ သားဖြစ်သူ နိုင်ထီးလချိုင်း ခုန်ထောင်း ( သို့ ) ကျိကျိပီ ပိုး ဆိုသူ ရဲ့ ဒုလ္လဘ ရဟန်းခံပွဲ ကို ကြီးကျယ် ခမ်းနားတဲ့ အဆင်တန် ဆာတွေ ဆင်မြန်းပြီး ရှေး ယခင် မဟာ ချက် ကရီမင်းဆက်  –  ၅ ဆက်ခေတ် ကလို ဝတ်စား ဆင်ယင်၍ ဝင်းခင်း ကာ ၃ ရက် တိုင်တိုင် နာမည်ကြီး တေးသံရှင် တွေကို ငှါးကာ ကျင်းပခဲ့တာကြောင့် ထိုင်း လူမှုကွန်ယက် မှာ အကောင်းမြင်သူ တွေနဲ့ ထိုးနှက် ချက် တွေ ခံခဲ့ ရပါ တယ် ။

သူ ဟာ ရုပ်ရှင် ဇာတ်ကား တစ်ခု လို သရုပ်ဆောင် ချက်တွေနဲ့ အတူ ရဟန်းခံ တာနဲ့ မတူ ဘဲ ထင်ပေါ် ကျော်ကြားမှု ကို လို ချင် လို့  ဤသို့ပြုမူ သည် ဟု ဆို ကြ ပါ သည် ။

ယခင်က သူ၏ ရွှေဆိုင် မှ လက်ဝတ် ရတနာများ ကို လူမှု ကွန်ယက်က နေ Live လွှင့်ပြီးရောင်း ချစဉ် ရောင်းတုန်း က တစ်မျိုး ဝယ်ယူအားပေးတဲ့ အခါမှာ ၉၆.၅၀ ရာခိုင်နှုန်း သာရှိ သဖြင့် Customer ၅၀၀၀ ခန့် က ဝိုင်းဝန်း တိုင်ကြားမှု ကြောင့် အရေးယူ ခံခဲ့ရဖူး တယ်လို့ ဆိုကြ ပါ တယ် ။

လူ အများ အမြင် မှာတော့ သူ ဟာ ဘာသာရေး ကို အကြောင်းပြ ပြီး ရှေးထုံး တမ်းအစဉ် အလာထက် ကျော်လွန် ပြီး Performance မျိုးစုံ ၊ ပကာ သန မျိုးစုံ နဲ့ သာသနာပြု တာဖြစ် တယ် လို့ ပြစ်တင် ဝေဖန်ခြင်း ကို ခံခဲ့ ရ ပါ တယ် ။

Si Thu Maung
ref : zet star

Leave a Reply

Your email address will not be published. Required fields are marked *