ကိုဗစ္ ေရာဂါ ေပ်ာက္ကင္း လို႔ ဒီကေန႔ အိမ္ျပန္ခြင့္ ရၿပီ ျဖစ္ တဲ့ ဦးေက်ာ္သူ နဲ႔  ထြန္းကိုကို

Posted on

Fighting အ သင့္ ! အသင့္  ! Fighting.အားလုံး မဂၤလာပါ ခင္ဗ်ာ။ ေက်ာ္နဲ႔ထြန္း အိမ္ျပန္ခြင့္ ရပါၿပီခင္ဗ်ား။ ကိုဗစ္ ကူးဆက္မႈေၾကာင့္ ရက္ေပါင္း (၁၈)ရက္တိတိ ေဝဘာဂီ ေဆး႐ုံမွာ ကုသမႈခံ ခဲ့ရပါသည္။ ကုသေပးခဲ့ၾကေသာ ဆရာဝန္၊ဆရာဝန္မမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ ေဝဘာဂီေဆး႐ုံအုပ္ႀကီးႏွင့္တကြ ျပင္ပမွကၽြန္ေတာ္တို႔ အတြက္ အဟာရဒါနျပဳၾကေသာ အလႉရွင္ အေပါင္း တို႔ႏွင့္ အားေပးႏွစ္သိမ့္ ေမတၱာပို႔ၾကေသာ ညီ/ညီမငယ္ အႏုပညာရွင္ မ်ား၊ ပရဟိတသမားမ်ား ၊မိတ္ေဆြသဂၤဟ မ်ား၊ျပည္သူလူထု အေပါင္းအျပင္

ေန႔စဥ္ ယ ေန႔တိုင္ ေဆး႐ုံတက္သည္မွ အစျပဳ၍ ေမတၱာဓါတ္ ပို႔လႊတ္ေပးေနၾကေသာ ေက်းဇူးရွင္ ဆရာေတာ္ဘုရားအေပါင္း တို႔အား ရင္ထဲ ႏွလုံးသား ထဲ မွ လွိုက္လွိုက္ လွဲလွဲ အထူးေက်းဇူးတင္ ရွိကာ သာဓု သာဓု သာဓုဟုေခၚဆိုလိုက္ပါသည္။ အထူးအားျဖင့္ ကၽြန္ေတာ့္အား ေသြးရည္ၾကည္လႉဒါန္းလိုက္ေသာ မျမင္ လိုက္ ရ သည့္ အသက္သခင္ ေက်းဇူးရွင္ပ႗ာန္းဆက္ (ႏွစ္ဦး) အားလည္း အထူး သာဓု သာဓု သာဓုဟု ေခၚဆိုလိုက္ပါသည္။

ကၽြန္ေတာ့္ ေမြးေန႔ အတြက္ ေဆး႐ုံသို႔ ပို႔ေပးၾကေသာအမွတ္တရ ေမြးေန႔ကိတ္ မ်ား၊ ပန္းစည္းမ်ား၊ ေမြးေန႔ ေမတၱာ စကားမ်ား၊Fighting Group မ်ားအားလုံးကို ကၽြန္ေတာ္တို႔ ေနအိမ္အသီးသီးတြင္တစ္ပါတ္နား၍ေဆး႐ုံ၌ ျပန္လည္ေဆးစစ္ခ်က္ယူၿပီးခ်ိန္ တစ္လခန႔္အၾကာတြင္ ပရဟိတ စိတ္ဓါတ္သစ္၊ အားမာန္သစ္ တို႔ျဖင့္ ကၽြန္ေတာ္ တို႔ ႏွစ္ေယာက္ (ေက်ာ္ + ထြန္း)တို႔သည္ ေလာကႀကီးအတြက္ အသင့္ “FIGHTING ” ပါဟု။ ယေန႔ စေနေန႔(၇-၁၁-၂၀၂၀)ရက္ေန႔ ၊ ေန႔လည္ပိုင္းတြင္ ေဝဘာဂီ ေဆး႐ုံမွ ေနအိမ္ သို႔ စတင္ေရြ႕ ပါေတာ့ မည္ ။

Swelsone News

unicode

Fighting အ သင့် ! အသင့်  ! Fighting.အားလုံး မင်္ဂလာပါ ခင်ဗျာ။ ကျော်နဲ့ထွန်း အိမ်ပြန်ခွင့် ရပါပြီခင်ဗျား။ ကိုဗစ် ကူးဆက်မှုကြောင့် ရက်ပေါင်း (၁၈)ရက်တိတိ ဝေဘာဂီ ဆေးရုံမှာ ကုသမှုခံ ခဲ့ရပါသည်။ ကုသပေးခဲ့ကြသော ဆရာဝန်၊ဆရာဝန်မများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဝေဘာဂီဆေးရုံအုပ်ကြီးနှင့်တကွ ပြင်ပမှကျွန်တော်တို့ အတွက် အဟာရဒါနပြုကြသော အလှူရှင် အပေါင်း တို့နှင့် အားပေးနှစ်သိမ့် မေတ္တာပို့ကြသော ညီ/ညီမငယ် အနုပညာရှင် များ၊ ပရဟိတသမားများ ၊မိတ်ဆွေသင်္ဂဟ များ၊ပြည်သူလူထု အပေါင်းအပြင်

နေ့စဉ် ယ နေ့တိုင် ဆေးရုံတက်သည်မှ အစပြု၍ မေတ္တာဓါတ် ပို့လွှတ်ပေးနေကြသော ကျေးဇူးရှင် ဆရာတော်ဘုရားအပေါင်း တို့အား ရင်ထဲ နှလုံးသား ထဲ မှ လှိုက်လှိုက် လှဲလှဲ အထူးကျေးဇူးတင် ရှိကာ သာဓု သာဓု သာဓုဟုခေါ်ဆိုလိုက်ပါသည်။ အထူးအားဖြင့် ကျွန်တော့်အား သွေးရည်ကြည်လှူဒါန်းလိုက်သော မမြင် လိုက် ရ သည့် အသက်သခင် ကျေးဇူးရှင်ပဋ္ဋာန်းဆက် (နှစ်ဦး) အားလည်း အထူး သာဓု သာဓု သာဓုဟု ခေါ်ဆိုလိုက်ပါသည်။

ကျွန်တော့် မွေးနေ့ အတွက် ဆေးရုံသို့ ပို့ပေးကြသောအမှတ်တရ မွေးနေ့ကိတ် များ၊ ပန်းစည်းများ၊ မွေးနေ့ မေတ္တာ စကားများ၊Fighting Group များအားလုံးကို ကျွန်တော်တို့ နေအိမ်အသီးသီးတွင်တစ်ပါတ်နား၍ဆေးရုံ၌ ပြန်လည်ဆေးစစ်ချက်ယူပြီးချိန် တစ်လခန့်အကြာတွင် ပရဟိတ စိတ်ဓါတ်သစ်၊ အားမာန်သစ် တို့ဖြင့် ကျွန်တော် တို့ နှစ်ယောက် (ကျော် + ထွန်း)တို့သည် လောကကြီးအတွက် အသင့် “FIGHTING ” ပါဟု။ ယနေ့ စနေနေ့(၇-၁၁-၂၀၂၀)ရက်နေ့ ၊ နေ့လည်ပိုင်းတွင် ဝေဘာဂီ ဆေးရုံမှ နေအိမ် သို့ စတင်ရွေ့ ပါတော့ မည် ။

Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *