အခြေခံ လူတန်း စားပြည်သူတွေ ကို စတုတ္ထ အကြိမ်မြောက် ထောက်ပံ့ပေး အုံး မည် လို့ ဒေါ် အောင်ဆန်းစုကြည် ပြော
Posted on
”ဒီအပတ် က နေစပြီး အခြေခံပြည်သူတွေ အတွက် စတုတ္ထ အကြိမ်မြောက် ပံ့ပိုးပေးမယ့် အစီအစဉ် တွေ ကို စလုပ် ပါမယ် ” ” COVID-19 ရောဂါကို အောင်နိုင်ရေး အတွက် နောက်လာမယ့်အပတ်တွေမှာ အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” COVID-19 ရောဂါဖြစ် ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဥ◌်းပြီး ပြည်သူများသို့ အစီရင်ခံတင်ပြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစြု ကည် ရဲ့ မိန့်ခွန်း ကောက်နုတ်ချက်တွေကို ရိုးရာလေးပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။
crd
unicode
”ဒီအပတ် က နေစပြီး အခြေခံပြည်သူတွေ အတွက် စတုတ္ထ အကြိမ်မြောက် ပံ့ပိုးပေးမယ့် အစီအစဉ် တွေ ကို စလုပ် ပါမယ် ” ” COVID-19 ရောဂါကို အောင်နိုင်ရေး အတွက် နောက်လာမယ့်အပတ်တွေမှာ အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” COVID-19 ရောဂါဖြစ် ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဥ◌်းပြီး ပြည်သူများသို့ အစီရင်ခံတင်ပြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုြ ကည် ရဲ့ မိန့်ခွန်း ကောက်နုတ်ချက်တွေကို ရိုးရာလေးပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။
အ ခု ဆို ရင် စိန်ခေါ်မှုကြီးနှစ်ခုအနက် တစ်ခုကို ကျော်လွှားခဲ့ပြီ။ နောက်တစ်ခုကိုလည်း အောင်မြင်စွာကျော်လွှားနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြ ရ မှာဖြစ် ပါ တယ် ။  COVID-19 ပြန့်ပွားမှုက တစ်ပတ်နှစ်ပတ်အတွင်းမှာ တန့်နေတဲ့သဘောရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ ကျ အောင် လုပ်ဖို့ကလည်း အများကြီးလိုပါသေးတယ်။ COVID-19 ကြောင့် ရွေးကောက်ပွဲကာလမှာ ကန့်သတ်ချက်တွေ ထားရပါတယ် ။ အဲဒ ါ ကိုလ ည်း တချို့ပြည်သူတွေက မဝံ့မရဲဖြစ်ခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်။
လူစု လူဝေးဖြစ်ခဲ့တာလေးတွေရှိခဲ့ပါတယ်။ ဒါကတော့ မလွှဲမရှောင်သာဘူးလို့ပဲ ကြည့်ရမှာပါ။ ရွေးကောက်ပွဲကာလ မှာ ဒီလောက်ဖြစ်တယ်ဆို တာက သိပ်ပြီးအံ့ဩသင့်စရာအကြောင်း မရှိပါဘူး။ COVID-19 ရောဂါကို ကျော်လွှားနိုင်ရေးနဲ့ အောင်နိုင်ရေးအတွက် နောက်လာမယ့် အပတ်တွေမှာ အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတစ်ခုပေါ်ဖို့ သိပ်မကြာတော့ဘူးလို့ မှန်းဆပါတယ်။ ဒါပေ မဲ့ ဒီကြားထဲမှာ သတိထားဖို့လိုပါတယ်။ သတိထားမှပဲ ကျော်လွှားနိုင်မှာပါ။ ဒီအပတ်ကနေစပြီး အခြေခံပြည်သူတွေအတွက် စတုတ္ထ အကြိမ်မြောက် ပံ့ပိုးပေးမယ့်အစီအစဥ◌်တွေကို စလုပ်ပါမယ်။ အရင်အပတ်တုန်းကလုပ်ဖို့ အဆင်သင့်ရှိနေပေမယ့် ရွေးကောက်ပွဲကိစ္စ တွေရှိနေသေးလို့ မလုပ်ဖြစ်တာဖြစ်ပါတယ်။
ကိုဗစ် နောက်ပိုင်းကာလမှာ စီးပွားရေးပြန်တက်လာအောင် လုပ်ရမယ့်အစီအစဥ◌်တွေကိုလည်း ပြည်သူတွေကို မျှဝေပြီး ပြည်သူတွေရဲ့ ပါဝင် ပူးပေါင်းနဲ့ အောင်မြင်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ COVID-19 ရောဂါရရှိတဲ့ ပြည်သူတွေထဲက ဆုံးပါးမှုနှုန်းကလည်း တန့် နေ ပါ တယ် ။ မတက်သွားပါဘူး။ နည်းနည်း ကျသွားတယ်လို့တောင် ခန့်မှန်းရပါတယ်။ နိုင်ငံတော်တော်များများမှာ ဘယ်နံပါတ်လှိုင်းမှန်းတောင် မသိအောင် တစ်ကြော့ပြီး တစ်ကြော့ ဖြစ်ပွားနေတဲ့ နိုင်ငံတွေလည်း ရှိနေပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဒီလောက်အထိထိန်းထားနိုင်တာ လည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေမပါဝင်ရင် အောင်မြင်နိုင်မှာမဟုတ်ပါဘူး။
crd
Leave a Reply
Your email address will not be published. Required fields are marked *