ပါတီနှင့် ပတ်သက်ပြီး အရမ်း ကာရော သူခိုးစွဲလျှင် လက်မခံ ဒဲ့ရှင်းသွားမည်ဟု USDPပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ပြော (ရုပ်သံ)

Posted on







crd:city news

unicode

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီနှင့်ပတ် သတ်ပြီး “ ရောပြီး သူခိုးစွဲ တာမျိုး လက် မခံ “ဟု ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြော သည် ။( အောက်တိုဘာ ၁၃ ) နံနက် ပိုင်း က ဇေယျာ သီရိမြို့ နယ် ရှိ ကျေးရွာ အချို့ တွင် မဲဆွယ် စည်းရုံး မှု ပြုလုပ် ရာ၌ ထို သို့ ထည့် သွင်း ပြောဆို ခဲ့ခြင်းဖြစ် သည် ။

ဦးသန်းဌေးက”ဒီနေ့ ပြည်ခိုင်ဖြိုးနဲ့ ပတ်သတ်လို့ အရမ်းကာရော ရောပြီးတော့ သူခိုးစွဲတာမျိုး လက်မခံဘူး။ ဒါဆိုရင်တော့ ဒဲ့ရှင်းမယ်“ဟု ပြောသည်။

“ ဒီနေ့ ဒီကို လာတာ ကို က ကျနော် လုပ် မယ့် အလုပ်တွေ ပေါ် မှာ ကျနော် ကလာပြီး တော့ စာမေး ပွဲ အစစ်ခံ တာ “ ဟု ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ ဦးသန်းဌေး က ရွှေကျကျေး ရွာ တွင် ပြော သည် ။

ဇေယျာသီရိ မြို့နယ် ၊ ပြည်သူ ့လွှတ်တော် မဲဆန္ဒနယ် သည် ကြံ့ခိုင်ရေး ပါတီ က အမြဲ  အနိုင်ရ ရှိခဲ့ သည့် နေရာ တစ်ခု ဖြစ် ပြီး ၂၀၁၀ ရွေးကောက် ပွဲ တွင် ဗိုလ်ချုပ် ကြီးဟောင်း သူရ ဦးရွှေမန်း၊ ၂၀၁၅ ရွေးကောက်ပွဲ တွင် ဗိုလ်ချုပ် ကြီးဟောင်း ဦး လှ ဌေးဝင်း တို့ အနိုင်ရ ခဲ့သည် ။

ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းဌေး သည် လာမည့် ၂၀၂၀ အထွေ ထွေ ရွေးကောက် ပွဲ တွင် ဇေယျာသီရိ မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ် ပြိုင် သွား မည်ဖြစ် သည် ။

ဓာတ်ပုံ – သီဟလွင်/ဧရာဝတီ

crd:city news

Leave a Reply

Your email address will not be published. Required fields are marked *