ဝမ်းသာ စရာသတင်းပါ !!! ရာနှုန်းပြည့် နီးပါး စိတ်ချ ရတဲ့ ကမ္ဘာ့ အသိ အမှတ်ပြု ကိုဗစ် ကာကွယ် ဆေး ‌ပေါ်လာ ပါပြီ





unicode

ဖိုက်ဇာ နှင့် ဘိုင်အိုအင်န်တက်ခ်  (Pfizer နဲ့ BioNTech)  တို့ က ယင်း တို့ ၏ ကိုဗစ် ကာကွယ်ဆေး သည် ၉၀ ရာခိုင်နှုန်း ကျော်ထိ ရောက် မှု ရှိတယ်လို့ ထုတ်ဖော်ပြော ကြား ပြီး သိပ္ပံ ပညာနှင့် လူသားတို့ အတွက် အထင် ကရ နေ့တစ်နေ့ဖြစ် တယ် လို့ ဂုဏ်ယူ ပြောဆို လိုက်ကြ ပါ တယ် ။ ဖိုက်ဇာ ရဲ့ ဥက္ကဋ္ဌ နှင့် အမှုဆောင် အရာရှိ ချုပ်ဖြစ်တဲ့ ဒေါက်တာ အဲလ်ဘတ်ဘော်လာ က စမ်းသပ် တွေ့ရှိ မှုရ လာဒ်တွေ ဟာ သိပ္ပံပညာ နှင့်လူသား မျိုးနွယ်တွေ အတွက် အထင် ကရနေ့ဖြစ်တယ် လို့ပြောလိုက် တာ ဖြစ် ပါ တယ် ။

ကာကွယ်ဆေး ထိုးပေးထားသူ တွေနဲ့ အာနိသင်မဲ့ ဆေးထိုးပေးသူတွေ အကြားနှိုင်းယှဉ် ကြည့်တဲ့ အခါ ဒုတိယ မြောက်ဆေးထိုး အပြီး (၇) ရက် အကြာ မှာ ကာကွယ်ဆေး က အကျိုး အာနိသင် သက်ရောက်မှု ၉၀ ရာခိုင်နှုန်း ကျော် ထိရောက်မှု ရှိတာတွေ့ရတယ် လို့ ဖိုက်ဇာ နှင့် ဘိုင်အိုအင်န်တက်ခ် တို့ က ပြော ပါ တယ် ။ ဆိုလို တာ က တော့ ပထမဆုံး ကာကွယ်ဆေးထိုး အပြီး ၂၈ ရက်အကြာ မှာ ကိုဗစ် ကာကွယ်နိုင် စွမ်း တွေ့ရတဲ့ သဘောဖြစ် ပါ တယ် ။ ဆေး က နှစ်လုံး ( နှစ်ကြိမ် )  ထိုးရမှာ ဖြစ် ပါ တယ် ။ “ မျှော်လင့်ချက် ရောင်ခြည်ကိုမြင်နေ ရပါပြီ ” လို့ ဒေါက်တာ အဲလ်ဘတ်က ပြောပါတယ် ။ ” ဒီကာကွယ်ဆေး ရဲ့ ပြည်သူ့ ကျန်းမာရေး နှင့် ကမ္ဘာ့ စီးပွားရေး အ ပေါ်အကျိုးသက် ရောက်မှုကို ထည့်သွင်းတွက်ချက်လိုက်ရင် ဒါဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း သိသာထင်ရှားမှုအရှိဆုံး ဆေးပညာတိုးတက်မှုတစ်ရပ်ပဲ ” လို့ သူ ကပြော ပါ တယ် ။

သိပ္ပံ ပညာရှင်တွေ က ၇၅ ရာခိုင်နှုန်းလောက် အကျိုးသက်ရောက် မှု ရှိမယ့် ကိုဗစ် ကာကွယ်ဆေး တွေကိုပဲမျှော်လင့်ထားတာပါ။ အိမ်ဖြူတော် က ကိုဗစ် အကြံပေးဒေါက်တာအန်ထော်နီဖော်ချီ က ကာကွယ်ဆေးဟာ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက်ရှိရင်ပဲ လက်ခံလို့ရ တယ် လို့ပြောထား တာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ အမေရိကန်အစားအသောက်နှင့်ဆေးဝါးဌာနကို အရေးပေါ်အသုံးပြုခွင့်ပြုတဲ့ ကာ ကွယ် ဆေးအဖြစ်ခွင့်ပြုဖို့ နိုဝင်ဘာလ တတိယ ပတ်လောက် မှာ လျှောက်ထားဖို့ ရှိတယ်လို့ သိ ရ ပါ တယ် ။

ကိုကို : စက်မှု တက္ကသိုလ်

Add a Comment

Your email address will not be published. Required fields are marked *